1 ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ အောင်မြင်သဖြင့်၊ မေသေဂမ္မာမြို့ကို သိမ်းယူလေ၏။ 2 မောဘပြည်ကိုလည်းလုပ်ကြံ၍ ပြည်သားတို့ကို မြေပေါ်မှာ လှဲချသဖြင့်၊ ကြိုးနှင့်တိုင်းလျက် သုံးစုတွင် နှစ်စုကိုသတ်၏။ တစ်စုကိုချမ်းသာပေး၏။ ထိုသို့ မောဘအမျိုးသားတို့သည် ဒါဝိဒ်၌ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ 3 ဇောဘမင်းကြီး ရဟောဘ၏သား ဟာဒဒေဇာသည် ဥဖရတ်မြစ်နားမြေကို သိမ်းယူခြင်းငှာ သွားသောအခါ၊ ဒါဝိဒ်သည် တိုက်ဖျက်၍၊ 4 ရထားတစ်ထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲနှစ်သောင်းကို ဖမ်းဆီး၍ ရထားတစ်ရာကို သိမ်းထားပြီးမှ၊ အခြားသောမြင်းရထားရှိသမျှတို့ကို ဖျက်ဆီးလေ၏။ 5 ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကိုသတ်ပြီးမှ၊ 6 ရှုရိပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကိုထားသဖြင့်၊ ရှုရိလူတို့သည် ဒါဝိဒ်၌ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားစောင့်မတော်မူ၏။ 7 ဟာဒဒေဇာ၏ကျွန်တို့စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။ 8 ဟာဒဒေဇာအစိုးရသော ဘေတမြို့နှင့် ဗေရောသဲမြို့မှ ဒါဝိဒ်မင်းကြီးသည် များစွာသောကြေးဝါကို သိမ်းသွား၏။
9 ဟာဒဒေဇာ၏ တပ်အလုံးအရင်းကို ဒါဝိဒ်လုပ်ကြံကြောင်းကို၊ ဟာမတ်မင်းကြီးတောဣသည်ကြားလျှင်၊ 10 မိမိရန်သူ ဟာဒဒေဇာကို ဒါဝိဒ်သည်စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိတ်သဟာယဖွဲ့၍ ကောင်းချီးပေးစေခြင်းငှာ၊ မိမိသားယောရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ယောရံသည် ငွေဖလား၊ ရွှေဖလား၊ ကြေးဝါဖလားတို့ကို ဆောင်လျက်လာ၏။ 11 ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော်၏။ ထိုအတူ အောင်မြင်သောရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၌ သိမ်းယူသော ရွှေငွေကိုလည်းကောင်း၊ 12 ဇောဘမင်းကြီး ရဟောဘသား ဟာဒဒေဇာ၏ဘဏ္ဍာကိုလုယူ၍ ရသောရွှေငွေကိုလည်းကောင်း၊ ထာဝရဘုရားအား ပူဇော်၏။ 13 ဆားချိုင့်တွင် ဧဒုံလူ တစ်သောင်းရှစ်ထောင်တို့ကိုလုပ်ကြံရာမှ၊ ဒါဝိဒ်သည် ပြန်လာသောအခါ ဂုဏ်အသရေကြီး၏။ဆာ၊ ၆၀ ခေါင်းစဉ်။14 ဧဒုံပြည်အရပ်ရပ်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားစောင့်မတော်မူ၏။
15 ထိုသို့ ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကိုစိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ်တော်မူ၏။ 16 ဇေရုယာ၏သားယွာဘသည် ဗိုလ်ချုပ်မင်းဖြစ်၏။ အဟိလုပ်၏ သားယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။ 17 အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။ 18 ယောယဒ၏သားဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည်လည်း မင်းသားအရာနှင့် နေကြ၏။
1 1Cr 18Depois disso, Davi bateu os filisteus, e os subjugou, e tirou das suas mãos as rédeas da metrópole.
2 Nm 24.17Bateu também a 1Sm 22.3-4Moabe e mediu-os com cordel, fazendo-os deitar por terra; deles mediu dois cordéis para os matar e um cordel inteiro para os conservar em vida. 2Sm 8.6;1Rs 4.21;2Rs 3.4Os moabitas tornaram-se servos de Davi e 2Rs 17.3pagavam-lhe tributos.
3 Bateu também Davi 2Sm 10.16,19;1Sm 14.47a Hadadezer, filho de Reobe, rei de Zobá, 2Sm 10.15-19quando foi estabelecer o seu domínio sobre o rio. 4 Davi tomou-lhe mil e setecentos cavaleiros e vinte mil homens de pé; Js 11.6,9jarretou a todos os cavalos dos carros, mas deles reservou para cem carros. 5 Quando os 1Rs 11.23-25;15.18siros de Damasco vieram socorrer a Hadadezer, rei de Zobá, Davi matou dos siros vinte e dois mil homens. 6 Davi pôs guarnições em Síria de Damasco; 2Sm 8.2os siros tornaram-se servos de Davi e pagavam-lhe tributos. 2Sm 3.18Jeová guardava a Davi por onde quer que ele ia. 7 Tomou Davi os escudos de ouro, de que usavam os servos de Hadadezer, e levou-os para Jerusalém. 8 De Betá e de Ez 47.16Berotai, cidades de Hadadezer, tomou o rei Davi bronze em grande quantidade.
9 Quando Toí, rei de 1Rs 8.65;2Cr 8.4Hamate, ouviu que Davi ferira toda a hoste de Hadadezer, 10 enviou-lhe seu filho Jorão para o saudar e para o abençoar, porque tinha pelejado contra Hadadezer e porque o tinha batido. Pois Hadadezer, de contínuo, fazia guerra a Toí. Jorão trouxe na sua mão vasos de prata, vasos de ouro e vasos de bronze, 11 1Rs 7.51que o rei Davi consagrou a Jeová, juntamente com a prata e ouro que tinha consagrado de todas as nações que subjugara: 12 da Síria, 2Sm 8.2e de Moabe, 2Sm 10.14e dos filhos de Amom, 2Sm 5.17-25e dos filisteus, e 1Sm 27.8;30.17-20de Amaleque, e dos despojos de Hadadezer, filho de Reobe, rei de Zobá.
13 2Sm 7.9Davi adquiriu para si grande nome, quando voltou de ferir os siros, 2Rs 14.7no vale do Sal, uns dezoito mil homens. 14 Pôs guarnições em Edom; em todo o Edom pôs guarnições, Gn 27.37-40;Nm 24.17-18e todos os edomitas tornaram-se servos de Davi. 2Sm 8.6Jeová guardava a Davi por onde quer que ele ia.
15 Reinou Davi sobre todo o Israel e administrava o juízo e a justiça a todo o seu povo. 16 Joabe, filho de Zeruia, era sobre o exército; 1Rs 4.3Josafá, filho de Ailude, era 2Rs 18.18,37cronista; 17 1Cr 6.4-8Zadoque, filho de Aitube, e Aimeleque, filho de Abiatar, eram 1Cr 16.39-40sacerdotes; Seraías era 2Rs 18.18secretário; 18 1Rs 4.4Benaia, filho de Joiada, era sobre os 2Sm 15.18;20.7,23;1Sm 30.14;1Rs 1.38,44quereteus e peleteus; e os filhos de Davi eram 1Cr 18.17ministros de Estado.