1 ထိုအခါ အဂြိပ္ပမင်းက၊ သင်သည်ကိုယ်အဖို့အလိုငှာ ပြောရသောအခွင့်ရှိသည်ဟု ပေါလုအားဆိုလျှင်၊ ပေါလုသည် လက်ကိုဆန့်၍ အပြစ်ဖြေရာစကားကို ဤသို့ပြော၏။- 2 အဂြိပ္ပမင်းကြီး၊- 3 ယုဒလူတို့သည် အကျွန်ုပ်ကို အမှုလုပ်သမျှသောအရာမှာ၊ ရှေ့တော်၌ အပြစ်ဖြေစရာစကားကို ယနေ့ပြောရမည် အကြောင်းကိုလည်းကောင်း၊ ထိုမျှမက ကိုယ်တော်သည် ယုဒထုံးတမ်း၊ ပုစ္ဆာအမေးများကို လေ့ကျက်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်ထောက်၍ ကိုယ်၌မင်္ဂလာရှိသည်ဟု ကိုယ်ကိုထင်မှတ်ပါ၏။ ထိုကြောင့် သည်းခံသော စိတ်တော်နှင့် အကျွန်ုပ်စကားကို နားထောင်တော်မူမည်အကြောင်း အသနားတော်ခံပါ၏။
4 ယေရုရှလင်မြို့တွင် ကိုယ်အမျိုးသားချင်းတို့၏အထဲ၌ အကျွန်ုပ်နေသဖြင့်၊ ငယ်သောအသက်အရွယ်မှစ၍၊ အကျွန်ုပ်၏အနေ အထိုင်အပြုအမူများကို ယုဒလူအပေါင်းတို့သည် သိကြပါ၏။- 5 အကျွန်ုပ်သည် ယုဒဘာသာ၌ အလွန်ကျပ်တည်းစွာသော နည်းဥပဒေသကိုခံ၍၊ ဖာရိရှဲဖြစ်သည်ကို ထိုသူတို့သည် သက်သေခံခြင်းငှာ အလိုရှိလျှင် ရှေ့ဦးစွာကပင် သိကြပါ၏။-တ၊ ၂၃:၆။ ဖိ၊ ၃:၅။6 ဘုရားသခင်သည် ဘိုးဘေးများတို့အား ပေးတော်မူသော ကတိတော်ကိုထောက်၍ မျှော်လင့်ခြင်း တရားအကြောင်းကြောင့်၊ အကျွန်ုပ်သည် ယခုတွင် စစ်ကြောစီရင်ခြင်းကို ခံရပါ၏။- 7 ယုဒလူတစ်ဆယ်နှစ်မျိုးတို့သည် နေ့ညမပြတ် ကြိုးစား၍ ဘုရားဝတ်ကိုပြုသဖြင့်၊ ထိုကတိတော်အတိုင်း ခံရမည်ဟု မျှော်လင့်ခြင်းရှိကြ၏။ အိုအဂြိပ္ပမင်းကြီး၊ ထိုမျှော်လင့်ခြင်းတရားကို အကြောင်းပြု၍ ယုဒလူတို့သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ၏။- 8 သေလွန်သောသူတို့ကို ဘုရားသခင် ထမြောက်စေတော်မူမည်ဟူသော အယူကိုမယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း။
9 နာဇရက်မြို့သား ယေရှု၏ နာမတော်နှင့် ဆန့်ကျင်သော အမှုများကို ပြုကောင်း၏ဟု အကျွန်ုပ်သည် စိတ်ထင်လျက်၊-တ၊ ၈:၃၊၂၂:၄-၅။10 ယေရုရှလင်မြို့၌ ထိုအမှုကို ပြုမိပါ၏။ ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူအများတို့ကို ထောင်ထဲမှာ လှောင်ထားပါ၏။ သူတို့သည် အသေသတ်ခြင်းကို ခံရသောအခါ အကျွန်ုပ်သည် ဝန်ခံပါ၏။- 11 ထိုသူတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ပြစ်မှားစေခြင်းငှာ၊ အကျွန်ုပ်သည် အနိုင်အထက်ပြု၍၊ ခပ်သိမ်းသောတရားဇရပ်တို့၌ ကြိမ်ဖန်များစွာ ဒဏ်ပေးပါ၏။ ပြင်းစွာသော အမျက်ဒေါသနှင့် ယစ်မူးသဖြင့်၊ တစ်ကျွန်းတစ်နိုင်ငံတိုင်အောင် သူတို့ကို ညှဉ်းဆဲနှိပ်စက်ပါ၏။
12 ထိုသို့ပြု၍ ယဇ်ပုရောဟိတ်အကြီးတို့ပေးသော အခွင့်အရာနှင့် အကျွန်ုပ်သည် ဒမာသက်မြို့သို့ သွားစဉ်တွင်၊- 13 နေ၏အရောင်ထက်မကသော အလင်းသည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူ သွားသောသူများ ပတ်လည်၌ ကောင်းကင်ထဲက ထွန်းတောက်သည်ကို၊ မွန်းတည့်အချိန်တွင် လမ်းထဲမှာ အကျွန်ုပ်မြင်ရပါသည်။ အရှင်မင်းကြီး။- 14 အကျွန်ုပ်နှင့် ထိုသူအပေါင်းတို့သည် မြေပေါ်မှာ လဲ၍နေကြစဉ်၊ ရှောလု၊ ရှောလု၊ ငါ့ကိုအဘယ်ကြောင့် ညှဉ်းဆဲသနည်း။ တုတ်ချွန်ကို ခြေနှင့် ကျောက်လျှင် ခက်လှသည်ဟု ဟေဗြဲဘာသာအားဖြင့် ပြောသော စကားသံကို အကျွန်ုပ်ကြားလျှင်၊- 15 သခင်၊ ကိုယ်တော်သည် အဘယ်သူနည်းဟု အကျွန်ုပ်မေးလျှောက်သော်၊ ငါကား၊ သင်ညှဉ်းဆဲသော နာဇရက်မြို့သား ယေရှုဖြစ်သတည်း။- 16 သို့သော်လည်း၊ ထ၍မတ်တတ်နေလော့။- 17 ငါသည်ယုဒအမျိုးသား၊ တစ်ပါးအမျိုးသားတို့လက်မှ သင့်ကိုကယ်လွှတ်၍၊- 18 သင်သည် ယခုမြင်ရသောအကြောင်းအရာတို့နှင့်၊ နောက်မှ ငါသည်သင့်အား ထင်ရှားလတ္တံ့သော အကြောင်းအရာတို့မှာ၊ အမှုဆောင်ရွက်သောသူ၊ သက်သေခံသောသူအရာ၌ သင့်ကိုခန့်ထားစေခြင်းငှာ ငါသည်သင့်အား ထင်ရှား၏။ တစ်ပါးအမျိုးသားတို့သည် မှောင်မိုက်မှ အလင်းသို့ ကူးမြောက်၍၊ စာတန်၏အာဏာထဲမှ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည်အကြောင်းနှင့်၊ ငါ့ကိုယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သောသူတို့နှင့် ဆက်ဆံ၍ အမွေခံရမည်အကြောင်း၊ သူတို့၏မျက်စိကို ဖွင့်စေခြင်းငှာ သူတို့ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။
19 အို အဂြိပ္ပမင်းကြီး၊ ကောင်းကင်ကဖြစ်သော ထိုဗျာဒိတ်တော်ကို အကျွန်ုပ်သည် နားမထောင်ဘဲ မနေရပါ။- 20 လူတို့သည် နောင်တရရမည်။ နောင်တရခြင်းနှင့် ထိုက်တန်သော အကျင့်ကို ကျင့်ရမည်။ ဘုရားသခင် အထံတော်သို့ ပြောင်းလဲရမည်ဟူ၍ ဒမာသက်မြို့၌ ရှေ့ဦးစွာ ဟောပြောပြီးလျှင်၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်အရပ်ရပ်၌နေသော သူတို့အားလည်းကောင်း၊ တစ်ပါးအမျိုးသားတို့အားလည်းကောင်း၊ ဟောပြောပါ၏။-တ၊ ၉:၂၀။ ၂၈-၂၉။21 ထိုအကြောင်းများကြောင့်၊ ယုဒလူတို့သည် ဗိမာန်တော်၌ အကျွန်ုပ်ကိုဖမ်းဆီး၍ ကွပ်မျက်ခြင်းငှာ အားထုတ်ကြပါ၏။- 22 သို့ရာတွင် ဘုရားသခင် မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ၍၊- 23 ယခုတိုင်အောင် ရှိနေရပါ၏။ ခရစ်တော်သည် အသေသတ်ခြင်းကို ခံရမည်ဟူ၍လည်းကောင်း၊ သေခြင်းမှ အဦးဆုံးထမြောက်၍ ယုဒအမျိုးသား၊ တစ်ပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ၍လည်းကောင်း၊ မောရှေမှစသော ပရောဖက်များတို့ ဟောပြောသောစကားထက် အကျွန်ုပ်သည် မလွန်ဘဲ၊ လူအကြီးအငယ်တို့အား သက်သေခံ၍ နေပါသည်ဟု လျှောက်လေ၏။၁ကော၊ ၁၅:၂၀။ ဟေရှာ၊ ၄၂:၆-၄၉:၆။
24 ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ရောက်ခဲ့ပြီဟု ကြီးသော အသံနှင့်ဆို၏။- 25 ပေါလုကလည်း၊ မြတ်တော်မူသောဖေတ္တုမင်း၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ။ သမ္မာတရားနှင့်လည်းကောင်း၊ ကောင်းသောစိတ်နှင့်လည်းကောင်း၊ ယှဉ်သောစကားကို ပြောပါ၏။- 26 ဤအရာများကို အဂြိပ္ပမင်းကြီး သိတော်မူ၏။ ထိုမင်းရှေ့တော်၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ပါ၏။ ဤအမှုအရာ တစ်စုံတစ်ခုကိုမျှ မင်းကြီးမသိဘဲ နေတော်မမူဟု အကျွန်ုပ်ထင်ပါ၏။ အကြောင်းမူကား၊ ဤအမှုသည် ဆိတ်ကွယ်ရာအရပ်၌ ပြုသောအမှု မဟုတ်ပါ။- 27 အို အဂြိပ္ပမင်းကြီး၊ ကိုယ်တော်သည် အနာဂတ္တိကျမ်းစာကို ယုံတော်မူသလော။ ယုံတော်မူသည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက်၏။- 28 အဂြိပ္ပမင်းကလည်း၊ သင်သည် ဖြားယောင်းသွေးဆောင်သောအားဖြင့်၊ ငါသည်ခရစ်ယာန်ဖြစ်လုပြီဟု ပေါလုအား ပြောဆိုလျှင်၊- 29 ပေါလုက၊ ကိုယ်တော်မှစ၍ ယနေ့တွင် အကျွန်ုပ်၏စကားကို ကြားသောသူအပေါင်းတို့သည်၊ ဤသံကြိုးကိုထား၍ အကျွန်ုပ်ကဲ့သို့သောသူ ဖြစ်လုသည်သာမက လုံးလုံးဖြစ်စေခြင်းငှာ ဘုရားသခင်ကို အကျွန်ုပ် ဆုတောင်းပါသည်ဟု လျှောက်လေ၏။- 30 ထိုအခါ မင်းကြီးနှင့် ဗေရနိတ်သည် ထ၍ မြို့ဝန်မင်းမှစသော အပေါင်းအဖော်များတို့နှင့်တကွ၊- 31 အခြားသို့သွားပြီလျှင်၊ ဤသူသည် အသေသတ်ခြင်း၊ အကျဉ်းထားခြင်း ခံထိုက်သောအမှုကို မပြုဟု အချင်းချင်းပြောဆိုကြ၏။- 32 အဂြိပ္ပမင်းကလည်း၊ ဤသူသည် ကဲသာဘုရင်၏ အယူတော်ကို ခံပါမည်ဟုမဆိုမိလျှင် လွှတ်သင့်သည်ဟု ဖေတ္တုမင်းအားဆို၏။
1 cp.At 9.15;At 25.22Agripa disse a Paulo: A ti se te permite fazer a tua defesa. Então, Paulo, estendendo a mão, começou a defender-se: 2 Julgo-me feliz, ó rei Agripa, por ter de fazer hoje, perante ti, a minha defesa de tudo o que me acusam os judeus, 3 mormente porque és versado em todos os cp.At 6.14;25.19;At 26.7costumes e questões que há entre eles; pelo que te rogo que me ouças com paciência. 4 Gl 1.13s.;Fp 3.5Quanto à minha vida durante a mocidade, que passei desde o princípio entre o meu povo e em Jerusalém, sabem-na todos os judeus, 5 conhecendo-me desde o princípio (se quiserem dar disso testemunho), como vivi At 23.6fariseu At 22.3conforme a At 15.5seita mais severa da nossa religião. 6 Agora, estou aqui para ser julgado At 28.20; cp.24.15pela esperança da At 13.32promessa feita por Deus a nossos pais, 7 a qual as cp.Tg 1.1nossas doze tribos, servindo a Deus fervorosamente de noite e de dia, esperam alcançar; por causa dessa esperança, ó rei, sou At 26.2acusado pelos judeus. 8 Por que é que se julga entre vós coisa incrível cp.At 23.6ressuscitar Deus aos mortos? 9 Eu, 1Tm 1.13;Jo 16.2na verdade, entendia que devia fazer toda a oposição ao cp.Jo 15.21nome de Jesus, o Nazareno; 10 e assim o At 8.3;9.13fiz em Jerusalém. Tendo cp.At 9.1s.recebido autoridade dos principais sacerdotes, eu não somente encarcerei muitos santos, como também At 22.20dei o meu voto contra estes quando os matavam; 11 e, muitas vezes, At 22.19;Mt 10.17castigando-os por todas as sinagogas, obrigava-os a blasfemar At 9.1e, enfurecido cada vez mais contra eles, perseguia-os At 22.5até nas cidades estrangeiras. 12 Nesse intuito, At 26.12-18;At 9.3-8;22.6-11indo a Damasco com autoridade e comissão dos principais sarcedotes, 13 ao meio-dia, ó rei, vi no caminho uma luz do céu, mais brilhante que o sol, a qual resplandeceu em torno de mim e dos que iam comigo. 14 cp.At 9.7Caindo nós por terra, ouvi uma voz que me dizia em At 21.40língua hebraica: Saulo, Saulo, por que me persegues? Dura coisa te é recalcitrar contra os aguilhões. 15 Eu perguntei: Quem és, Senhor? Respondeu-me o Senhor: Eu sou Jesus, a quem tu persegues. 16 Mas levanta-te e Ez 2.1;Dn 10.11fica em pé; pois para isso te apareci a fim de At 22.14te constituir Lc 1.2ministro e At 22.15testemunha das coisas em que me viste e daquelas em que me hei de manifestar, 17 Jr 1.8,19livrando-te 1Cr 16.35; cp.At 9.15do povo e dos gentios, aos quais eu te envio, 18 para lhes Is 35.5;42.7,16;Ef 5.8;Cl 1.13;1Pe 2.9abrir os olhos, a fim de que se convertam das Jo 1.5;Ef 5.8;Cl 1.12s.;1Ts 5.5;1Pe 2.9trevas à luz e, do poder de Mt 4.10Satanás, a Deus, para que, At 20.21pela fé em mim, recebam Lc 24.47;At 2.38remissão de pecados e At 20.32herança entre os santificados. 19 Por isso, ó rei Agripa, não fui desobediente à visão celestial, 20 mas anunciei primeiramente não só At 9.19ss.aos de Damasco e em At 9.26-29;22.17-20Jerusalém e por toda a terra da Judeia, como também vd.At 13.46;9.15aos gentios, que At 3.19se arrependessem e se convertessem a Deus, praticando obras Mt 3.8;Lc 3.8dignas de seu arrependimento. 21 Por isso, alguns judeus At 21.27,30me prenderam no templo e procuravam At 21.31matar-me. 22 Tendo, pois, obtido socorro da parte de Deus, permaneço até hoje, Lc 16.28dando testemunho tanto a pequenos como a grandes, nada dizendo senão o que os At 10.43;24.14profetas e Moisés disseram haver de acontecer, 23 isto é, cp.Mt 26.24;At 3.18haver de sofrer o Cristo e que seria 1Co 15.20,23;Cl 1.18;Ap 1.5ele o primeiro que, pela ressurreição dos mortos, havia de anunciar Lc 2.32; cp.2Co 4.4a luz ao povo e aos gentios.
24 Aduzindo ele essas coisas em sua defesa, disse Festo em alta voz: Estás louco, Paulo! Jo 7.15; cp.2Tm 3.15As muitas letras tiram-te o juízo. 25 Porém Paulo disse: Não estou louco, At 23.26;24.3potentíssimo Festo, mas profiro palavras de verdade e de perfeito juízo. 26 Pois dessas coisas cp.At 26.3tem conhecimento o rei, a quem falo também com franqueza, como persuadido estou de que nada disso lhe é oculto; porque isso não foi feito a um canto. 27 Crês, ó rei Agripa, os profetas? Eu sei que crês. 28 Agripa disse a Paulo: Com pouco me persuades a fazer-me At 11.26cristão. 29 Paulo respondeu: Prouvera a Deus que com pouco ou com muito não somente tu, mas ainda todos os que hoje me ouvem se tornassem tais qual eu sou, menos estas At 21.33cadeias.
30 At 25.23O rei levantou-se, e também o governador, e Berenice, e os que estavam sentados com eles; 31 e, havendo-se retirado, falavam uns com os outros, dizendo: At 23.29Este homem nada tem feito que mereça morte ou prisão. 32 Agripa disse a Festo: Ele podia At 28.18ser solto, se não tivesse At 25.11apelado para César.