1 ကုန်းပေါ်သို့ ရောက်သောအခါ၊ ထိုကျွန်းကား မေလိတေကျွန်းဖြစ်သည်ကို သိကြ၏။- 2 မိုးရွာ၍ ချမ်းသောကြောင့် လူရိုင်းတို့သည် မီးမွှေးပြီးလျှင်၊ ငါတို့အပေါင်းကို လက်ခံ၍ အထူးသဖြင့် ကျေးဇူးပြုကြ၏။- 3 ပေါလုသည် ထင်းကိုစုသိမ်း၍ မီးပေါ်မှာ ထည့်စဉ်တွင်၊ မြွေဆိုးသည် မီးငွေ့ထဲကထွက်၍ ပေါလု၏လက်ကို တွယ်လျက်နေ၏။- 4 ထိုလူရိုင်းတို့သည် မြင်လျှင်၊ ဤလူကား၊ လူအသက်ကို သတ်သောသူ အမှန်ဖြစ်၏။ ပင်လယ်ဘေးမှ လွတ်သော်လည်း၊ အသက်ရှင်စေခြင်းငှာ တရားသည် အခွင့်မပေးဟု အချင်းချင်းဆိုကြ၏။- 5 ပေါလုသည်မြွေကို မီးထဲသို့ခါချ၍ အဘယ် ဘေးမျှမသင့်။- 6 သူသည် တစ်ကိုယ်လုံးရောင်မည်၊ တစ်ခဏချင်းတွင် လဲ၍သေမည်ဟု ထိုသူတို့သည်ကြာမြင့်စွာ ငံ့လင့်သော်လည်း၊ သူ၌မကောင်းသော အပြစ်တစ်စုံတစ်ခုကိုမျှ မမြင်လျှင် သဘောပြောင်းလဲ၍ ဤသူကား နတ်ဘုရားဖြစ်သည်ဟု ဆိုကြ၏။
7 ထိုအရပ်နှင့် မနီးမဝေး ပုဗလိအမည်ရှိသော ကျွန်းသူကြီး၏ နေရာရှိ၏။ ထိုသူကြီးသည် ငါတို့ကိုလက်ခံ၍၊ သုံးရက်ပတ်လုံး ကောင်းမွန်စွာ လုပ်ကျွေးပြုစုလေ၏။- 8 ပုဗလိမင်း၏အဘသည် ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်းပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကိုငြိမ်းစေ၏။- 9 ဤသို့ပြုသောကြောင့်၊ ထိုကျွန်း၌ အနာရောဂါစွဲသော အခြားသူရှိသမျှတို့သည် လာ၍ ချမ်းသာခြင်းကို ရကြ၏။- 10 ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး၍၊ ငါတို့သည် လွှင့်ပြန်သောအခါ၊ ရိက္ခာများကိုလည်း သင်္ဘောပေါ်သို့ တင်ကြ၏။
11 သုံးလလွန်လျှင်၊ နတ်သားအမြွှာတို့၏ ရုပ်တုပါသော ထိုကျွန်း၌ ဆောင်းကာလပတ်လုံးနေခဲ့ဖူးသော အာလေဇန္ဒြိသင်္ဘောကို ငါတို့သည် စီးပြန်၍၊- 12 သုရကုတ်မြို့သို့ဆိုက်လျှင် သုံးရက်နေကြ၏။- 13 ထိုမြို့မှလွှင့်ပြန်၍ ဝိုက်သွားသဖြင့်၊ ရေဂျုန်မြို့ သို့ရောက်၍ တစ်ရက်နေပြီးမှ တောင်လေလာသောကြောင့်၊ နှစ်ရက်တွင်ပေါတယောလိမြို့သို့ ရောက်ကြ၏။- 14 ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက်နေကြပါဟု သူတို့သည်တောင်းပန်သည်အတိုင်း နေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။- 15 ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှာ အချို့တို့သည် အပ္ပိဈေးတိုင်အောင်လည်းကောင်း၊ အချို့တို့သည် သုံးဇရပ်တိုင်အောင်လည်းကောင်း လာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။
16 ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည် မိမိကိုစောင့်သော စစ်သူရဲတစ်ယောက်နှင့်အတူ မိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။
17 သုံးရက်လွန်သောအခါ၊ ပေါလုသည် ယုဒလူ အကြီးအကဲတို့ကို ခေါ်၍စုဝေးစေပြီးလျှင်၊ ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယုဒလူမျိုးကို မပြစ်မှား၊ မိစဉ်ဘဆက် ကျင့်သောထုံးတမ်းကို မပယ်သောသူဖြစ်လျက်ပင်၊ ယေရုရှလင်မြို့သားတို့သည် အကျွန်ုပ်ကို အကျဉ်းထား၍ ရောမလူတို့လက်သို့ အပ်လိုက်ကြ၏။- 18 ရောမလူတို့သည် အကျွန်ုပ်ကိုစစ်ကြောပြီးမှ၊ သေထိုက်သော အပြစ်တစ်စုံတစ်ခုကိုမျှ မတွေ့သဖြင့် လွှတ်ခြင်းငှာ အလိုရှိကြ၏။- 19 ထိုအလိုကို ယုဒလူတို့သည် ဆီးတားသောအခါ၊ ကဲသာဘုရင်၏ အယူတော်ခံပါမည်ဟု အကျွန်ုပ်ဆိုရ၏။ ထိုသို့ဆိုသော် အမျိုးသားချင်းတို့ကို အပြစ်တင်စရာ တစ်စုံတစ်ခုရှိသောကြောင့် ဆိုသည်မဟုတ်။ ထိုကြောင့် သင်တို့ကိုမြင်၍ နှုတ်ဆက်ခြင်းငှာ အကျွန်ုပ်ခေါ်ပါပြီ။-တ၊ ၂၅:၁၁။20 ဣသရေလအမျိုး၏ မျှော်လင့်ရာအတွက်ကြောင့်၊ အကျွန်ုပ်သည် ဤသံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရပါ၏ဟု ပြောဆိုလျှင်၊- 21 ထိုသူတို့က၊ သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှ အကျွန်ုပ်တို့မရကြ။ ထိုပြည်မှလာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင်၌ အပြစ်ရှိကြောင်းကို မကြားမပြောပါ။- 22 သို့သော်လည်း ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကိုခံရသော ဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်ဖော်ပြသောစကားကို အကျွန်ုပ်တို့သည် နားထောင်သင့်သည်ထင်ပါ၏ဟု ဆိုကြလျှင်၊- 23 နေ့ရက်ကိုချိန်းချက်၍ လူများတို့သည် ပေါလုတည်းခိုရာအရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို သက်သေခံသဖြင့်လည်းကောင်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှာ၊ မောရှေ၏ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကို အမှီပြု၍ ဖြားယောင်းသွေးဆောင်သဖြင့်လည်းကောင်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင် ထုတ်ဖော် ဟောပြောလေ၏။
24 အချို့တို့သည် ပေါလု၏စကားကို ယုံကြ၏။ အချို့တို့သည် မယုံဘဲနေကြ၏။- 25 ထိုသို့ အချင်းချင်းသဘောကွဲပြား၍ သွားကြ၏။ သွားကြစဉ်တွင် ပေါလုသည် စကားတစ်ခွန်းကို ပြောလိုက်သည်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပရောဖက် ဟေရှာယအားဖြင့် မိန့်တော်မူချက်ဟူမူကား၊- 26 သင်တို့သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်ဟု ထိုလူမျိုးရှိရာသို့ သွား၍ပြောလော့။- 27 အကြောင်းမူကား၊ သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင် သူတို့၏ စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ဟု ငါတို့ဘိုးဘေးများအား လျောက်ပတ်စွာ မိန့်တော်မူ၏။-ဟေရှာ၊၆:၉-၁၀။28 ထိုကြောင့် ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ကျေးဇူးတော်ကို တစ်ပါးအမျိုးသားတို့အား ပေးလိုက်သည်ဖြစ်၍၊ သူတို့သည်နားထောင်မည်အရာကို သင်တို့ သိမှတ်ကြလော့ဟု၊- 29 ပေါလုပြောဆိုပြီးမှ၊ ယုဒလူတို့သည် သွား၍ အချင်းချင်းများစွာသော ဆွေးနွေးနှီးနှောခြင်း ရှိကြ၏။
30 ထိုနောက်မှ ပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှားသော အိမ်၌နေသဖြင့်၊ မိမိထံသို့လာသော သူအပေါင်းတို့ကို ဧည့်ခံ၍၊- 31 အဘယ်သူမျှမမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို အတည့်အလင်းဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။
ရှင်လုကာစီရင်ရေးထားသောတမန်တော်ဝတ္ထုပြီး၏။
1 Estando já salvos, cp.At 27.1; vd.16.10soubemos, cp.At 27.39então, que At 27.26a ilha se chamava Malta. 2 Rm 1.14;1Co 14.11;Cl 3.11;At 28.4Os indígenas trataram-nos com muita humanidade, porque, acendendo uma fogueira, cp.Rm 14.1acolheram-nos a todos por causa da chuva que caía e por causa do frio. 3 Tendo Paulo ajuntado e posto sobre a fogueira um feixe de gravetos, uma víbora, fugindo por causa do calor, mordeu-lhe a mão. 4 Quando os indígenas viram o réptil pendente da mão de Paulo, diziam uns para os outros: cp.Lc 13.2,4Certamente, este homem é homicida, pois, embora salvo do mar, a Justiça não o deixou viver. 5 Porém ele, Mc 16.18sacudindo o réptil no fogo, não sofreu mal algum; 6 mas eles esperavam que ele viesse a inchar ou a cair morto de repente. Porém, tendo esperado muito tempo e vendo que nada de anormal lhe sucedia, mudando de parecer, At 14.11diziam que era ele um deus.
7 Na vizinhança daquele lugar, havia algumas terras pertencentes ao homem principal da ilha, chamado Públio, o qual nos recebeu e hospedou com muita bondade, por três dias. 8 Estando doente de cama, com febre e disenteria, o pai de Públio, Paulo foi visitá-lo, e, cp.At 9.40;Tg 5.14s.tendo feito oração, Mc 5.23impôs-lhe as mãos, e o curou. 9 Feito isso, os outros doentes da ilha vinham também e eram curados, 10 e estes nos distinguiram com muitas honras e, ao partirmos, puseram a bordo o que nos era necessário.
11 No fim de três meses, fizemos ao mar em um At 27.6navio de Alexandria, que havia invernado na ilha, o qual tinha por insígnia Castor e Pólux. 12 Tocando em Siracusa, ficamos aí três dias, 13 donde, bordejando, chegamos a Régio. No dia seguinte, soprou o vento sul, e chegamos em dois dias a Putéoli, 14 onde, tendo achado alguns At 1.15irmãos, estes nos rogaram que ficássemos com eles sete dias; e assim fomos a Roma. 15 Tendo aí os irmãos sabido notícias nossas, vieram ao nosso encontro até a praça de Ápio e às Três Vendas, e Paulo, quando os viu, deu graças a Deus e cobrou ânimo.
16 Quando chegamos a RomaAlguns manuscritos inserem: O centurião entregou os presos ao general do exército, porém., cp.At 24.23permitiu-se a Paulo que ficasse em um aposento particular com o soldado que o guardava.
17 Decorridos três dias, convocou ele os cp.At 13.50;25.2judeus principais; e, havendo-se reunido eles, disse-lhes: Eu, At 22.5irmãos, At 25.8apesar de nada ter feito contra o nosso povo ou contra At 6.14o rito de nossos pais, desde Jerusalém fui entregue preso nas mãos dos romanos, 18 que, tendo-me interrogado, At 26.32queriam soltar-me, por não haver em mim At 23.29crime algum que merecesse morte; 19 mas, opondo-se a isso os judeus, fui obrigado At 25.11a apelar para César, não tendo, contudo, coisa alguma de que acusar a minha nação. 20 Por esse motivo, mandei chamar-vos, para vos ver e falar; pois At 26.6s.pela esperança de Israel estou preso com At 21.33esta corrente. 21 Porém eles lhe disseram: Não recebemos carta da Judeia a teu respeito, nem veio de lá At 22.5irmão algum que contasse ou dissesse mal de ti. 22 Mas desejaríamos ouvir de ti o que pensas; pois relativamente a esta At 24.14seita sabemos que, por toda parte, é ela cp.1Pe 2.12;3.16;4.14,16impugnada.
23 Tendo-lhe marcado um dia, foram em grande número ter com ele Fm 22à sua morada; aos quais desde a manhã até a noite, Lc 16.28; cp.At 1.3;23.11dando testemunho, expunha o reino de Deus, persuadindo-os acerca de Jesus pela At 8.35Lei de Moisés e pelos profetas. 24 At 14.4Uns se deixavam persuadir por suas palavras, e outros permaneciam incrédulos; 25 e, não estando entre si concordes, retiravam-se quando Paulo lhes disse estas palavras: Bem falou o Espírito Santo a vossos pais pelo profeta Isaías:
26 Is 6.9-10Vai a este povo e dize:
At 28.26-27;Mt 13.14s.Certamente, ouvireis e, de nenhum modo, entendereis;
certamente, vereis e, de nenhum modo, percebereis.
27 Pois o coração deste povo se fez pesado,
e os seus ouvidos se fizeram tardos,
e eles fecharam os olhos,
para não suceder que, vendo com os olhos
e ouvindo com os ouvidos,
entendam no coração e se convertam,
e eu os sare.
28 Ficai sabendo, portanto, que At 13.26;Sl 98.3;Lc 2.30essa salvação de Deus é enviada vd.At 13.46;9.15aos gentios; eles também a ouvirãoAlguns manuscritos inserem v. 29: E havendo ele dito isto, partiram os judeus, tendo entre si grande contenda.. 29 [E havendo ele dito isto, partiram os judeus, tendo entre si grande contenda.]
30 Durante dois anos inteiros, permaneceu no seu aposento alugado e recebia todos os que vinham ter com ele, 31 cp.Mt 4.23; cp.20.25;At 28.23pregando o reino de Deus e ensinando as coisas concernentes ao Senhor Jesus Cristo, 2Tm 2.9com toda a liberdade e sem impedimento.