1 ထိုအခါ ယေရုရှလင်မြို့၌ရှိသော အသင်းတော်သည် ပြင်းစွာသောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော်တို့မှတစ်ပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့အပြား ကွဲပြားကြ၏။- 2 တရားကိုရိုသေသောသူတို့သည် သတေဖန်ကို သင်္ဂြိုဟ်၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။- 3 ရှောလုသည် အသင်းတော်ကို ဖျက်ဆီးလေ၏။ အိမ်များသို့ ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကို ဆွဲငင်၍ ထောင်ထဲ၌ လှောင်ထားတတ်၏။တ၊ ၂၂:၄-၅၊၂၆:၉-၁၁။
4 ထိုကြောင့် အရပ်ရပ်သို့ကွဲပြားသော သူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော်တည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။
5 ဖိလိပ္ပုသည်လည်း၊ ရှမာရိမြို့သို့သွား၍ ခရစ်တော်၏ အကြောင်းကိုဟောလေ၏။- 6 လူအစုအဝေးတို့သည်ကြား၍ ဖိလိပ္ပုပြုသော နိမိတ်လက္ခဏာတို့ကို မြင်သောအခါ၊ သူ၏စကားကို တညီတညွတ်တည်း နားထောင်ကြ၏။- 7 အကြောင်းမူကား၊ နတ်ဆိုးစွဲသော သူများတို့၏အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာသောအသံနှင့် အော်ဟစ်လျက် ထွက်သွားကြ၏။ ကိုယ်မလှုပ်နိုင်သောသူ၊ ခြေမစွမ်းသောသူအများတို့သည်လည်း ပကတိအဖြစ်သို့ ရောက်ကြ၏။- 8 ထိုမြို့သူမြို့သားတို့သည် အလွန်ဝမ်းမြောက်ခြင်း ရှိကြ၏။
9 ရှိမုန်အမည်ရှိသော သူတစ်ယောက်သည်၊ ထိုမြို့၌ နတ်ဝိဇ္ဇာအတတ်နှင့်ပြုပြင်၍၊ ငါသည် ထူးဆန်းသောသူဖြစ်သည်ဟုဆိုလျက်၊ ရှမာရိအမျိုးသားတို့ကို မိန်းမောတွေဝေစေခြင်းငှာ ပြု၏။- 10 လူကြီးလူငယ် ရှိသမျှတို့ကလည်း၊ ဤသူသည် ဘုရားသခင်၏ မဟာတန်ခိုးတော်ဖြစ်သည်ဟု ဆိုလျက် ထိုသူ၌ ဆည်းကပ်ကြ၏။- 11 ဆည်းကပ်သည်အကြောင်းကား၊ သူတို့ကို မိန်းမောတွေဝေစေခြင်းငှာ ထိုသူသည် နတ်ဝိဇ္ဇာအတတ်အားဖြင့် ကြာမြင့်စွာပြုလျက်နေ၏။- 12 ဖိလိပ္ပုသည် ဘုရားသခင်၏ နိုင်ငံတော်နှင့်လည်းကောင်း၊ ယေရှုခရစ်၏ နာမတော်နှင့်လည်းကောင်း စပ်ဆိုင်သော ဧဝံဂေလိတရားကို ဟောပြော၍ ထိုသူတို့သည် ယုံကြည်သောအခါ၊ ယောက်ျားမိန်းမတို့သည် ဗတ္တိဇံကို ခံကြ၏။- 13 ရှိမုန်သည်လည်း ကိုယ်တိုင်ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံကိုခံပြီးမှ ဖိလိပ္ပုထံ၌မှီဝဲဆည်းကပ်သဖြင့်၊ ထူးဆန်းသော တန်ခိုးကြီးသော နိမိတ်လက္ခဏာများကို မြင်၍ မိန်းမောတွေဝေလျက် ရှိလေ၏။
14 ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့သည် သတင်းကြားလျှင်၊ ပေတရုနှင့် ယောဟန်တို့ကို စေလွှတ်ကြ၏။- 15 ထိုမြို့သူမြို့သားတို့သည် သခင်ယေရှု၏နာမ၌ ဗတ္တိဇံကို ခံရုံမျှသာရှိသဖြင့်၊- 16 တစ်စုံတစ်ယောက်သောသူအပေါ်၌ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မမူသေးသည်ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ်တော်ကိုခံရမည်အကြောင်း ထိုမြို့သူမြို့သားတို့အဖို့ ဆုတောင်း၍၊- 17 ထိုသူတို့အပေါ်၌ လက်ကိုတင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံရကြ၏။
18 တမန်တော်တို့ လက်ကိုတင်သောအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သည်ကို ရှိမုန်မြင်လျှင်၊ ငွေကိုယူဆောင်ခဲ့၍၊- 19 အကျွန်ုပ်၏ လက်တင်ခြင်းကိုခံရသောသူသည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံစေမည်အကြောင်း အကျွန်ုပ်အား အခွင့်ပေးပါဟု တောင်းသော်၊- 20 ပေတရုက၊ ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟု အကြံရှိသောကြောင့်၊ သင်နှင့်တကွ သင်၏ငွေသည် ပျက်စီးခြင်းသို့ ရောက်ပါစေ။- 21 သင်သည် ဤအမှုအရာနှင့် မဆက်ဆံသောသူဖြစ်၏။ အကြောင်းမူကား၊ သင်၏စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်းမရှိ။- 22 ထိုကြောင့် သင်၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏စိတ်နှလုံး၌ ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ်၍၊ ဘုရားသခင်ကို တောင်းပန်လော့။- 23 သင်သည် ခါးစွာသောသည်းခြေစွဲသည်ဖြစ်၍၊ ဒုစရိုက်အနှောင်အဖွဲ့နှင့် မလွတ်ကြောင်းကို ငါသိမြင်သည်ဟုဆို၏။- 24 ရှိမုန်ကလည်း၊ မိန့်တော်မူသောအရာ တစ်စုံတစ်ခုမျှ အကျွန်ုပ်အပေါ်သို့ မရောက်ပါမည်အကြောင်း၊ ထာဝရဘုရားကို အကျွန်ုပ်အဖို့ အလိုငှာ ဆုတောင်းတော်မူကြပါဟု ပြန်ပြော၏။- 25 တမန်တော်တို့သည် သက်သေခံ၍ သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်သွားရာ၊ ရှမာရိရွာများတို့၌လည်း ဧဝံဂေလိတရားကို ဟောပြောကြ၏။
26 တစ်ဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဖိလိပ္ပုအား၊ သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့ သွားလော့ဟု ဆိုသည်အတိုင်း၊ ဖိလိပ္ပုသည် ထ၍သွားလေ၏။- 27 ထိုအခါ အဲသယောပိပြည်ကိုအစိုးရသော မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိ ပြည်သားတစ်ယောက်သည် ကိုးကွယ်ခြင်းငှာ ယေရုရှလင်မြို့သို့သွား၍၊- 28 ပြန်စဉ်တွင် မိမိရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ဖတ်လေ၏။- 29 ဝိညာဉ်တော်ကလည်း၊ ထိုရထားသို့ ချဉ်းကပ်၍ မှီဝဲလော့ဟု ဖိလိပ္ပုအား ဗျာဒိတ်ပေးတော်မူသဖြင့်၊- 30 ဖိလိပ္ပုသည် ရထားသို့ပြေး၍ ပရောဖက်ဟေရှာယ၏ ကျမ်းစာ၌ ဖတ်သည်ကိုကြားလျှင်၊ ဖတ်သောအရာကို နားလည်ပါ၏လောဟု မေးမြန်း၏။- 31 ထိုအမတ်ကလည်း၊ သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်းဟုဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပုတက်၍ ထိုင်နေပါမည်အကြောင်း တောင်းပန်၏။
32 ကျမ်းစာ၌ ဖတ်သောအချက်ဟူမူကား၊ အသေသတ်ခြင်းငှာ ဆောင်သွားသောသိုးကဲ့သို့ သူ့ကိုဆောင်သွား၍၊ သိုးသငယ်သည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည်နှုတ်ကိုမဖွင့်ဘဲ နေ၏။- 33 နှိမ့်ချခြင်းကိုခံစဉ်တွင် သူတစ်ပါးတို့သည် ထိုသူကို မတရားသဖြင့် စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးက သိမ်းရုပ်သည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်းဟု ကျမ်းစာလာသတည်း။-ဟေရှာ၊ ၅၃:၇-၈။34 ထိုအမတ်ကလည်း၊ ပရောဖက်သည် အဘယ်သူကို ရည်မှတ်၍ ဤသို့ဆိုပါသနည်း။ ကိုယ်ကိုတည်း ဆိုလိုသလော။ သူတစ်ပါးကိုတည်း ဆိုလိုသလောဟု တောင်းပန်လျက်၊- 35 ဖိလိပ္ပုအား မေးမြန်းလျှင်၊ ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ ထိုကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု၏အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟောလေ၏။- 36 ထိုသို့လမ်း၌သွားကြစဉ် ရေရှိရာသို့ရောက်၍၊ အမတ်ကလည်း ဤအရပ်တွင်ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှာ မည်သည့်အကြောင်း ဆီးတားပါသနည်းဟု ပြောဆိုလျှင်၊- 37 ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လျှင် ခံရသည်ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊- 38 ရထားကိုရပ်စေခြင်းငှာ စီရင်ပြီးမှ၊ ဖိလိပ္ပုသည် ထိုအမတ်နှင့်တကွ ရေထဲသို့ဆင်း၍ ဗတ္တိဇံကိုပေး၏။- 39 ရေထဲကတက်ကြလျှင်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဖိလိပ္ပုကိုဆောင်ယူတော်မူ၍၊ အမတ်သည် ဖိလိပ္ပုကို နောက်တစ်ဖန် မတွေ့မမြင်ရ။ ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်းကို သွားလေ၏။- 40 ဖိလိပ္ပုသည်လည်း အာဇုတ်မြို့၌ ပေါ်လာ၍၊ ထိုမြို့မှ ကဲသရိမြို့တိုင်အောင် မြို့ရွာအစဉ်အတိုင်းလျှောက်သွား၍ ဧဝံဂေလိတရားကို ဟောလေ၏။
1 At 7.58;22.20; cp.26.10Saulo consentia na sua morte.
Naquele dia, levantou-se uma grande perseguição contra At 9.31a igreja em Jerusalém; e todos, exceto os apóstolos, foram At 8.4;At 11.19dispersos pelas regiões da Judeia e At 1.8;At 8.5,14; cp.9.31Samaria. 2 Homens piedosos sepultaram a Estêvão e fizeram grande pranto sobre ele. 3 Mas At 9.1,13,21;22.4,19;26.10s.;1Co 15.9;Gl 1.13;Fp 3.6;1Tm 1.13Saulo assolava a igreja, entrando pelas casas; e, cp.Tg 2.6arrastando homens e mulheres, os entregava à prisão.
4 Os que, porém, haviam sido At 8.1dispersos iam por toda parte At 8.12;At 15.35pregando a palavra. 5 At 6.5;At 8.26,30, etc.Filipe, descendo à cidade de Samaria, proclamava-lhes Cristo. 6 A multidão, unânime, estava atenta às coisas que Filipe lhe dizia, ouvindo-o e vendo os milagres que estava fazendo. 7 cp.Mc 16.17Pois os espíritos imundos de muitos possessos saíam, clamando em alta voz; e muitos Mt 4.24paralíticos e coxos foram curados. 8 E houve At 8.39; cp.Jo 4.40-42muito regozijo naquela cidade.
9 Havia ali, desde algum tempo, um homem chamado Simão, que praticara a At 8.11;At 13.6mágica e fizera pasmar o povo de Samaria, At 5.36dizendo ser ele um grande homem; 10 e a ele atendiam todos, desde os pequenos até os grandes, dizendo: cp.At 14.11;28.6Este homem é o poder de Deus, que se chama Grande. 11 Eles o atendiam, porque, com as At 8.9;At 13.6suas mágicas, por muito tempo, os tinha feito pasmar. 12 Mas, quando creram em Filipe, que lhes At 8.4; cp.At 1.3pregava acerca do reino de Deus e do nome de Jesus Cristo, At 2.38faziam-se batizar homens e mulheres. 13 O mesmo Simão também creu, e, depois de batizado, estava continuamente com Filipe, e admirava-se, vendo At 8.6os milagres e cp.At 19.11grandes prodígios que se faziam.
14 At 8.1Os apóstolos que se achavam em Jerusalém, tendo ouvido que a Samaria recebera a palavra de Deus, enviaram-lhe a Lc 22.8Pedro e a João; 15 os quais foram para lá e oraram por eles, At 2.38; cp.19.2para que recebessem o Espírito Santo; 16 porque sobre nenhum deles havia ainda ele descido, mas somente tinham sido Mt 28.19batizados em nome do Senhor Jesus. 17 Então, At 6.6;Mc 5.23sendo-lhes impostas as mãos de Pedro e João, cp.At 2.4recebiam o Espírito Santo. 18 Quando Simão viu que, pela imposição das mãos dos apóstolos, se dava o Espírito, ofereceu-lhes dinheiro, 19 dizendo: Dai-me também este poder, que aquele sobre quem eu impuser as mãos receba o Espírito Santo. 20 Mas Pedro disse-lhe: Pereça contigo o teu dinheiro, pois julgaste At 2.38; cp.Mt 10.8;Is 55.1;2Rs 5.16;Dn 5.17adquirir por meio dele o dom de Deus. 21 Tu não tens Dt 10.9;12.12, etc.; cp.Ef 5.5parte, nem sorte neste ministério; porque o teu coração não é Sl 78.37reto diante de Deus. 22 Arrepende-te, portanto, dessa tua maldade e roga ao Senhor que, se é possível, te seja perdoado esse pensamento do teu coração; 23 pois vejo que estás em um fel de amargura e nos Is 58.6laços de iniquidade. 24 Disse Simão: Rogai vós ao Senhor por mim, para que nada do que haveis dito venha sobre mim.
25 Eles, pois, havendo Lc 16.28testificado e falado At 13.12a palavra do Senhor, voltaram para Jerusalém At 8.40e evangelizavam muitas aldeias dos cp.Mt 10.5samaritanos.
26 Um At 5.19; cp.At 8.29anjo do Senhor falou At 8.5a Filipe, dizendo: Levanta-te e vai em direção do Sul, ao caminho que desce de Jerusalém a cp.Gn 10.19, etc.Gaza; este se acha deserto. Ele, levantando-se, partiu. 27 Eis que Sl 68.31;87.4;Is 56.3ss.um homem da Etiópia, eunuco, alto funcionário de Candace, rainha dos etíopes, o qual era superintendente de todos os seus tesouros, cp.1Rs 8.41s.;Jo 12.20viera a Jerusalém fazer a sua adoração; 28 regressava e, sentado no seu carro, lia o profeta Isaías. 29 Disse At 10.19;11.12;13.2;20.23;21.11; cp.16.6-7;28.25;Hb 3.7;At 8.39o Espírito a Filipe: Aproxima-te e ajunta-te a este carro. 30 Correndo Filipe, ouviu-o ler o profeta Isaías, e perguntou: Entendes, porventura, o que estás lendo? 31 Ele respondeu: Pois como poderei entender, se alguém não mo explicar? Pediu a Filipe que subisse e se assentasse com ele. 32 A passagem da Escritura que estava lendo era esta:
Is 53.7s.Como ovelha, foi levado ao matadouro;
e, como um cordeiro, está mudo diante do que o tosquia
Assim, ele não abre a sua boca.
33 Na sua humilhação, foi tirado o seu julgamento.
Quem contará a sua geração?
Porque a sua vida é tirada da terra.
34 Perguntou o eunuco a Filipe: Peço-te que me digas de quem falou isso o profeta? De si mesmo ou de algum outro? 35 Filipe Mt 5.2abriu a boca e, Lc 24.27; cp.At 17.2;18.28;28.23principiando por esta Escritura, At 5.42anunciou-lhe a Jesus. 36 Indo eles pelo caminho, chegaram a um lugar onde havia água, e disse o eunuco: Eis aqui água; At 10.47que impede que seja eu batizado?Alguns manuscritos inserem o v. 37: E disse Filipe: É lícito, se crês de todo o coração. E, respondendo ele, disse: Creio que Jesus é o Filho de Deus.37 [E disse Filipe: É lícito, se crês de todo o coração. E, respondendo ele, disse: Creio que Jesus é o Filho de Deus.] 38 Mandou parar o carro, e desceram ambos à água, Filipe e o eunuco, e Filipe batizou-o. 39 Quando subiram da água, 1Rs 18.12;2Rs 2.16;Ez 3.12,14;8.3;11.1-24;43.5; cp.2Co 12.2o Espírito do Senhor arrebatou a Filipe; o eunuco não o viu mais, pois seguia o seu caminho, regozijando-se. 40 Mas Filipe achou-se em cp.Js 11.22;1Sm 5.1, etc.Azoto e, passando além, At 8.25evangelizava todas as cidades, até que chegou a At 9.30;10.1-24;11.11;12.19;18.22;21.8,16;23.23,33;25.1,4,6,13Cesareia.