1 ထိုအမှု လက်စသတ်သောအခါ၊ စည်းဝေးသော ဣသရေလလူအပေါင်းတို့သည်၊ ယုဒမြို့များသို့ ထွက်သွား၍ ယုဒပြည်၊ ဗင်္ယာမိန်ပြည်၊ ဧဖရိမ်ပြည်၊ မနာရှေပြည် အရပ်ရပ်၌ရှိသော ရုပ်တုဆင်းတု၊ အာရှရပင်၊ မြင့်သောအရပ်၊ ယဇ်ပလ္လင်ရှိသမျှတို့ကို ရှင်းရှင်းမဖျက်ဆီးမီတိုင်အောင် ချိုးဖဲ့၊ ခုတ်လှဲဖြိုချကြ၏။ ထိုနောက်မှ၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးအသီး ပိုင်ထိုက်သောနေရာ မြို့ရွာတို့သို့ ပြန်သွားကြ၏။
2 ယဇ်ပုရောဟိတ် လေဝိသားတို့သည်၊ အသီးအသီးစောင့်ရသောအမှုကို အလှည့်သင့်သည်အတိုင်း စောင့်လျက်၊ ထာဝရဘုရား ကျိန်းဝပ်တော်မူသော ဌာနတော်တံခါးအတွင်း၌၊ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ကိုပူဇော်ခြင်း၊ အမှုတော်မျိုးကို စောင့်ခြင်း၊ ကျေးဇူးတော်ကို ဝန်ခံခြင်း၊ ထောမနာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှာ၊ ဟေဇကိခန့်ထားတော်မူ၏။ 3 ထာဝရဘုရား၏ ပညတ္တိကျမ်း၌ ရေးထားသည်အတိုင်း၊ နေ့ရက်အစဉ် နံနက်အချိန်၊ ညဉ့်ဦးချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ဓမ္မပွဲနေ့တွင် မီးရှို့ရာယဇ်ပူဇော်စရာဖို့၊ ဘဏ္ဍာတော်ထဲက ဥစ္စာတစ်ဖို့ကို ထုတ်၍လှူတော်မူ၏။တော၊ ၂၈:၁-၂၉:၃၉။4 ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် ထာဝရဘုရား၏တရားကို ကြိုးစား၍ သွန်သင်စေခြင်းငှာ၊ ယေရုရှလင်မြို့၌နေသော သူတို့သည် ဥစ္စာတစ်ဖို့ကို လှူရမည်အကြောင်း မိန့်တော်မူ၏။တော၊ ၁၈:၁၂-၁၃၊၂၁။5 ထိုအမိန့်တော်ကို ဣသရေလအမျိုးသားတို့သည် အနှံ့အပြား ကြားသိကြသောအခါ၊ အဦးသီးသော စပါး၊ စပျစ်ရည်၊ ဆီ၊ ပျားရည်အစရှိသော မြေအသီးအနှံကိုလည်းကောင်း၊ အခြားသောဥစ္စာရှိသမျှ ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း များစွာဆောင်ခဲ့ကြ၏။ 6 ယုဒမြို့တို့၌နေသော ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည်လည်း၊ သိုးနွား ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ သူတို့၏ ဘုရားသခင်ထာဝရဘုရားအားပူဇော်၍ သန့်ရှင်းသောဥစ္စာ ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း ဆောင်ခဲ့၍ အသီးအသီး ပုံထားကြ၏။ 7 တတိယလတွင် ပုံထားစပြု၍၊ သတ္တမလတွင် လက်စသတ်ကြ၏။ 8 ပုံထားသောဥစ္စာကို၊ ဟေဇကိနှင့် မှူးမတ်တို့သည် လာ၍မြင်သောအခါ၊ ထာဝရဘုရားနှင့် ဘုရားသခင်၏လူ ဣသရေလအမျိုးကို ကောင်းချီးပေးကြ၏။ 9 ထိုပုံထားသော ဥစ္စာအကြောင်းကို ဟေဇကိသည် ယဇ်ပုရောဟိတ်၊ လေဝိသားတို့၌မေးမြန်းလျှင်၊ 10 ဇာဒုတ်အမျိုး၊ ယဇ်ပုရောဟိတ်အကြီး အာဇရိက၊ ပူဇော်သကာတို့ကို၊ ဗိမာန်တော်သို့ ဆောင်ခဲ့စပြုသောနောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာကျန်ကြွင်းတတ်ပါ၏။ ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းချီးပေးတော်မူသောကြောင့်၊ ပုံထားသော ဤဥစ္စာများသည် ကျန်ကြွင်းလျက်ရှိပါသည်ဟု လျှောက်ကြ၏။ 11 ထိုအခါ ဗိမာန်တော်၌ ဘဏ္ဍာတိုက်တို့ကို ပြင်ဆင်စေမည်အကြောင်း၊ ဟေဇကိမိန့်တော်မူသည်အတိုင်း ပြင်ဆင်၍၊ 12 လှူသောဥစ္စာ၊ ဆယ်ဖို့တစ်ဖို့ဥစ္စာ၊ ပူဇော်သောဥစ္စာများကို တရားနှင့်အညီ သွင်းထားကြ၏။ လေဝိသား ကောနနိသည် တိုက်အုပ်၊ သူ၏ညီရှိမိသည် တိုက်စာရေးဖြစ်၏။ 13 ယေဟေလ၊ အာဇဇိ၊ နာဟတ်၊ အာသဟေလ၊ ယေရိမုတ်၊ ယောဇဗတ်၊ ဧလျေလ၊ ဣသမခိ၊ မာဟတ်၊ ဗေနာယတို့သည်လည်း ဟေဇကိမင်းကြီးနှင့် ဗိမာန်တော်အုပ်အာဇရိ စီရင်သည်အတိုင်း၊ ကောနနိနှင့် သူ၏ညီရှိမိတို့သည် အစေခံ၍ ကြည့်ရှုပြုစုရကြ၏။ 14 အရှေ့တံခါးမှူး၊ လေဝိသား ဣမနသားကောရသည်၊ ထာဝရအရှင်ဘုရားသခင်အား လှူဒါန်းပူဇော်သောဥစ္စာ၊ အလွန်သန့်ရှင်းသော ဥစ္စာများကို ဝေဖန်ရသောအမှုအုပ် ဖြစ်၏။ 15 ကောရလက်ထောက်၊ ဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိ၊ ရှေကနိတို့သည်လည်း ယဇ်ပုရောဟိတ်နေရာ မြို့တို့၌ အရာခံသည်အတိုင်း၊ သင်းဖွဲ့သောညီအစ်ကို အကြီးအငယ်တို့အား ပေးဝေရကြ၏။ 16 သင်းဖွဲ့သည်အတိုင်း၊ ဗိမာန်တော်သို့ဝင်၍ အမှုတော်ကိုစောင့်သောသူ၊ စာရင်းဝင်သည်အတိုင်း၊ အသက်သုံးနှစ်လွန်သော ယောက်ျားအပေါင်းတို့အားလည်းကောင်း၊ 17 အဆွေအမျိုးအလိုက်စာရင်းဝင်၍၊ အသက်နှစ်ဆယ်လွန်သဖြင့်၊ သင်းဖွဲ့သည်အတိုင်း၊ အမှုတော်စောင့်သော ယဇ်ပုရောဟိတ် လေဝိသားတို့အားလည်းကောင်း၊ 18 သစ္စာစောင့်၍ ကိုယ်ကိုသန့်ရှင်းစေသော ထိုသူတို့၏ သားမယားသူငယ်မှစ၍၊ ပရိသတ်အနှံ့အပြား စာရင်းဝင်သမျှသော သူတို့အားလည်းကောင်း၊ နေ့ရက်အစဉ်အတိုင်း ပေးဝေရကြ၏။ 19 ထိုအတူ၊ အထက်ဆိုခဲ့ပြီးသောသူတို့သည် ယဇ်ပုရောဟိတ်၊ လေဝိသားနေစရာဖို့ ခွဲထားသောမြို့နယ်တို့၌ နေသော အာရုန်သား ယဇ်ပုရောဟိတ်ယောက်ျား၊ စာရင်းဝင်သော လေဝိသားအပေါင်းတို့အားလည်း ပေးဝေရကြ၏။ 20 ထိုသို့ ဟေဇကိသည် ယုဒပြည်တစ်လျှောက်လုံးတွင် စီရင်၍၊ မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မတ်သောအမှု၊ သမ္မာတရားအမှုတို့ကို ပြုတော်မူ၏။ 21 မိမိဘုရားသခင်ကို ဆည်းကပ်လျက်၊ ဗိမာန်တော်၊ တရားတော်၊ ပညတ်တော်တို့အဖို့ အမှုစောင့်စပြုလေရာရာ၌ စိတ်နှလုံးအကြွင်းမဲ့ပြု၍ အကြံထမြောက်တတ်၏။
1 Acabado tudo isso, todos os de Israel que se acharam presentes saíram pelas cidades de Judá, 2Rs 18.4despedaçaram as colunas, cortaram os Aserins e demoliram os altos e altares em toda a Judá e Benjamim, como também em Efraim e Manassés, até que destruíram tudo. Depois, voltaram todos os filhos de Israel, cada um para a sua possessão, e entraram nas suas cidades.
2 Ezequias organizou as 1Cr 24.1turmas dos sacerdotes e dos levitas, segundo as suas turmas, cada um segundo o seu serviço, sacerdotes e levitas, para 1Cr 23.28-31os holocaustos e ofertas pacíficas e para ministrarem, renderem ação de graças e cantarem louvores nas portas do arraial de Jeová. 3 Também determinou 2Cr 35.7a parte que tocava ao rei, dar da sua fazenda para os holocaustos, para os holocaustos da manhã e da tarde, e os holocaustos dos sábados, das luas novas e das festas fixas, Nm 28.1—29.40como está escrito na lei de Jeová. 4 Ordenou, além disso, ao povo que morava em Jerusalém que desse Nm 18.8a porção pertencente aos sacerdotes e aos levitas, para que se pudessem entregar à lei de Jeová. 5 Logo que essa ordem se divulgou, os filhos de Israel deram em abundância as primícias de trigo, mosto, azeite, mel e de toda a novidade do campo; e trouxeram em abundância o Ne 13.12dízimo de tudo. 6 Os filhos de Israel e de Judá que moravam nas cidades de Judá trouxeram também o dízimo de bois e de ovelhas e o Lv 27.30;Dt 14.28dízimo de coisas dedicadas que foram consagradas a Jeová, seu Deus, e depositaram-nas em montões. 7 No terceiro mês, começaram a formar os montões e, no sétimo mês, acabaram. 8 Vindo Ezequias e os príncipes a ver os montões, bendisseram a Jeová e ao seu povo de Israel. 9 Então, perguntou Ezequias aos sacerdotes e aos levitas acerca dos montões. 10 Respondeu-lhe o sumo sacerdote Azarias, 1Cr 6.8-9da casa de Zadoque: Ml 3.10Desde que o povo começou a trazer as oblações para a Casa de Jeová, temos comido e nos temos fartado delas, e nos tem sobejado bastante, porque Jeová abençoou ao seu povo, e os sobejos constituem essa abastança.
11 Ezequias ordenou que se aprontassem 1Rs 6.5,8celeiros na Casa de Jeová; e os aprontaram. 12 Ali, recolheram fielmente as oblações, e os dízimos, e as coisas dedicadas; e delas 2Cr 35.9tinha cargo o levita Conanias, e, depois dele, Simei, seu irmão. 13 Jeiel, Azarias, Naate, Asael, Jerimote, Jozabade, Eliel, Ismaquias, Maate e Benaia eram superintendentes sob a direção de Conanias e de seu irmão Simei, por mandado do rei Ezequias e de 2Cr 31.10Azarias, chefe da Casa de Deus. 14 O levita Coré, filho de Imná e guarda da Porta Oriental, estava encarregado das ofertas voluntárias que se faziam a Deus, para distribuir as oblações de Jeová e as coisas santíssimas. 15 Debaixo das suas ordens, tinham 2Cr 29.12Éden, Miniamim, Jesua, Semaías, Amarias, e Secanias, Js 21.9-19nas cidades dos sacerdotes, o 1Cr 9.22ofício de fazer a distribuição por turmas a seus irmãos, pequenos e grandes, 16 excluídos os que foram registrados nas genealogias dos homens, desde a idade de três anos e daí para cima, a saber, todos os que entravam na Casa de Jeová, Ed 3.4como exigia o dever de cada dia, pelo seu serviço nos seus cargos segundo as suas turmas. 17 Quanto ao registro dos sacerdotes, foi ele feito segundo as suas famílias, e o dos levitas 1Cr 23.24de vinte anos e daí para cima foi feito segundo os seus cargos nas suas turmas, 18 e o de todos os seus pequeninos, mulheres, filhos e filhas foi feito por toda a corporação, porque no seu ofício se houveram com fidelidade. 19 Além disso, os sacerdotes, filhos de Arão, que moravam nos Lv 25.34;Nm 35.2-5arrabaldes das suas cidades, em cada cidade, 2Cr 31.12-15tinham homens, designados por nome, para fazer a distribuição a todos os homens dos sacerdotes e a todos os levitas que foram registrados.
20 Assim fez Ezequias em todo o Judá. 2Rs 20.3;22.2Fez o que era bom, reto e fiel perante Jeová, seu Deus. 21 Em toda a sua obra que começou no serviço da Casa de Deus, e na lei, e nos mandamentos, para buscar ao seu Deus, ele o fez de todo o seu coração e foi bem sucedido.