1 ရှောလမုန်ကလည်း၊ ထာဝရဘုရားသည်၊ ထူထပ်သော မှောင်မိုက်ထဲမှာ နေတော်မူသည်ဟု စကားတော်ရှိ၏။ 2 သို့ရာတွင် ကိုယ်တော်ကျိန်းဝပ်တော်မူရာအိမ်၊ အစဉ်အမြဲနေတော်မူရာဌာနတော်ကို အကျွန်ုပ်တည်ဆောက်ပါပြီဟု မြွက်ဆို၏။ 3 တစ်ဖန် ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလအမျိုး ပရိသတ်အပေါင်းကို ကောင်းချီးပေးတော်မူ၏။ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့သည် မတ်တတ်နေကြ၏။ 4-6 ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ်တော်စကားဟူမူကား၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သောနေ့ကစ၍ ငါ့နာမတည်ရာအိမ်ကို ဆောက်စေခြင်းငှာ၊ ဣသရေလခရိုင်များတို့တွင် မြို့တစ်စုံတစ်မြို့ကို ငါမရွေး။ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးရသောသူကိုလည်း ငါမရွေးသေး။ ယခုမူကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကိုလည်းကောင်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှာ ဒါဝိဒ်ကိုလည်းကောင်း၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ်တော်ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ 7 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ခြင်းငှာ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ၊ 8 ထာဝရဘုရားက၊ သင်သည် ငါ့နာမအဖို့ အိမ်ကိုတည်ဆောက်ခြင်းငှာ အကြံရှိသောကြောင့်၊ ကောင်းသောအမှုကို ပြုပြီ။ 9 သို့သော်လည်း သင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဖို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော်ဒါဝိဒ်အား မိန့်တော်မူ၏။၂ရာ၊ ၇:၁-၁၃။ ၅ရာ၊၁၇:၁-၁၂။10 ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏ အရိုပ်အရာကို ခံရ၍၊ ထာဝရဘုရားကတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်လေပြီ။ 11 ဣသရေလအမျိုးသားတို့နှင့် ထာဝရဘုရားဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာတော်ကို ထိုအိမ်တော်၌ တင်ထားလေပြီဟု မြွက်ဆို၏။
12 ထိုအခါ ရှောလမုန်သည် အလျားငါးတောင်၊ အနံငါးတောင်၊ 13 အမြင့်သုံးတောင်ရှိသော ပလ္လင်ကိုလုပ်၍၊ တံတိုင်းအလယ်၌ထားနှင့်သော ထိုပလ္လင်ပေါ်သို့တက်ပြီးလျှင်၊ ထာဝရဘုရား၏ ယဇ်ပလ္လင်ရှေ့၊ ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အလယ်မှာ ဒူးထောက်၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်၊ 14 အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကောင်းကင်ပေါ်မြေကြီးပေါ်မှာ ကိုယ်တော်နှင့်တူသောဘုရား တစ်ဆူမျှမရှိပါ။ ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ကျင့်သော ကိုယ်တော်၏ကျွန်တို့အဖို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက်တော်မူပြီ။ 15 အကျွန်ုပ်အဘဒါဝိဒ်၌ထားတော်မူသော ကတိတော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော်မူပြီ။ 16 အိုဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်က၊ သင်သည်ငါ့ရှေ့မှာ ကျင့်သကဲ့သို့ သင်၏သားမြေးတို့သည် ငါ့တရားကို ကျင့်လိုသောငှာ၊ မိမိတို့သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာထိုင်ရသော သင်၏အမျိုး မင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်၌ထားတော်မူသော ကတိတော်ကို ယခု စောင့်တော်မူပါ။၃ရာ၊၂:၄။17 အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန် အကျွန်ုပ်အဘဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော်မူပါ။ 18 သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန်အမှန် ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွတ်၊ အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဖွယ်ရာ ရှိပါသနည်း။၆ရာ၊၂:၆။19 သို့သော်လည်း အိုအကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ကြွေးကြော်လျက် ပတ္ထနာပြု၍ တောင်းလျှောက်သောစကားကို နားခံနာယူတော်မူပါ။ 20 ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညမပြတ်ကြည့်ရှု၍ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။တရား၊၁၂:၁၁။21 ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်းပတ္ထနာ ပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
22 လူသည် မိမိအိမ်နီးချင်းကို ပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊ 23 ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသောသူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းနှင့်အလျောက် အကျိုးကိုခံရ၍ အပြစ်မှလွတ်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။
24 ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့်၊ ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ ပြန်လာ၍ နာမတော်ကိုဝန်ခံလျက်၊ ဤအိမ်တော်ကိုမှီခိုလျက်၊ ဆုတောင်းပတ္ထနာပြုလျှင်၊ 25 ကောင်းကင်ဘုံ၌ နားထောင်၍၊ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်သို့ တစ်ဖန် ပို့ဆောင်တော်မူပါ။
26 ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် မိုးမရွာ၊ မိုးခေါင်သဖြင့်၊ ကိုယ်တော်သည် ဆုံးမတော်မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကိုဝန်ခံလျက် မိမိဒုစရိုက်ကို စွန့်ပယ်လျှင်၊ 27 ကောင်းကင်ဘုံ၌နားထောင်၍ ကိုယ်တော်၏ကျွန်၊ ကိုယ်တော်၏လူ ဣသရေလအမျိုးတို့ကို အပြစ်မှလွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏ လူတို့အားအမွေပေးသော မြေပေါ်မှာ မိုးရွာစေတော်မူပါ။
28 ပြည်တော်၌ အစာအာဟာရ ခေါင်းပါးသော်လည်းကောင်း၊ လေထိ၍ အပင်သေသော်လည်းကောင်း၊ အရည်ယို၍ သေသော်လည်းကောင်း၊ အရာဘကျိုင်း၊ ခါသိလကျိုင်း ကိုက်စားသော်လည်းကောင်း၊ ရန်သူတိုက်လာ၍ မြို့ကိုဝိုင်းထားသော်လည်းကောင်း၊ ဘေးဥပဒ် အနာရောဂါတစ်စုံတစ်ခုရောက်သောခါ၊ 29 ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့သည် အသီးအသီးခံရသော ဘေးဒဏ်ကိုသိလျက်၊ ဤအိမ်တော်သို့ မိမိတို့လက်ဝါးကိုဖြန့်၍ တစ်စုံတစ်ခုသော ပတ္ထနာစကားအားဖြင့် ဆုတောင်းလျှင်၊ 30 ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌၊ နားထောင်တော်မူပါ။ 31 ဘိုးဘေးတို့အား ပေးသနားတော်မူသောပြည်၌ သူတို့သည် အသက်ရှင်သောကာလပတ်လုံး ကိုယ်တော်ကိုကြောက်ရွံ့၍၊ တရားတော်လမ်းသို့ လိုက်ပါမည်အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော်မူသည်ဖြစ်၍၊ ဆုတောင်းသောသူတို့၏စိတ်နှလုံးသဘောကိုသိလျက် သူတို့အပြစ်ကို လွှတ်တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင်တော်မူပါ။
32 ကိုယ်တော်၏လူ ဣသရေလအမျိုးမဟုတ်၊ တစ်ပါးအမျိုးသားတို့သည် ကြီးမြတ်သောနာမတော်နှင့် တန်ခိုးကြီး၍ ဆန့်တော်မူသော လက်ရုံးတော်ကို ထောက်သဖြင့်၊ ဝေးသောပြည်မှရောက်လာ၍ ဤအိမ်တော်ကိုမှီခိုလျက် ဆုတောင်းလျှင်၊ 33 ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့၊ မြေကြီးသားအပေါင်းတို့သည်ကြောက်ရွံ့လျက် နာမတော်ကို သိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့်သမုတ်ကြောင်းကို သိစေခြင်းငှာလည်းကောင်း၊ ထိုတစ်ပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။
34 ကိုယ်တော်စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ်တော်၏လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ ရွေးတော်မူသောမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ကိုယ်တော်အား ဆုတောင်းကြလျှင်၊ 35 သူတို့ ဆုတောင်းပတ္ထနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ။ 36 မပြစ်မှားတတ်သောသူ တစ်ယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီးသောပြည်၊ အခြားတစ်ပါးသော ပြည်သို့ သိမ်းသွားလျှင်လည်းကောင်း၊ 37 ထိုပြည်၌ အချုပ်ခံစဉ်၊ သူတို့သည်သတိရ၍ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊ 38 သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့ အထံတော်သို့ပြန်လာ၍၊ ဘိုးဘေးတို့အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်လည်းကောင်း၊ 39 သူတို့ ဆုတောင်းပတ္ထနာပြုသောစကားကို ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့်တော်မူပါ။ ကိုယ်တော်ကို ပြစ်မှားသော ကိုယ်တော်လူတို့၏အပြစ်ကို ဖြေရှင်းတော်မူပါ။ 40 အိုအကျွန်ုပ်ဘုရားသခင် ကြည့်ရှုတော်မူပါ။ ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ 41 အိုထာဝရအရှင် ဘုရားသခင်၊ ကျိန်းဝပ်တော်မူရာသို့ တန်ခိုးတော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တက်တော်မူပါ။ အိုထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကို ဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကျေးဇူးတော်၌ ဝမ်းမြောက်ကြပါစေသော၊ဆာ၊ ၁၃၂:၈-၁၀။42 အိုထာဝရအရှင် ဘုရားသခင်၊ ဘိသိက်ပေးတော်မူသော သူ၏မျက်နှာကို လွှဲစေတော်မမူပါနှင့်။ ကိုယ်တော်ကျွန်ဒါဝိဒ် ခံရသောကျေးဇူးတော်ကို အောက်မေ့တော်မူပါဟု ပတ္ထနာပြုလေ၏။
1 1Rs 8.12-50Então, falou Salomão: Jeová disse que habitaria em escuridão. 2 Eu, porém, te edifiquei uma casa para morada e um lugar em que habites para sempre. 3 O rei virou o rosto e abençoou toda a congregação de Israel, que estava em pé.
4 Ele disse: Bendito seja Jeová, Deus de Israel, que falou pela sua boca a meu pai Davi e executou com as suas mãos o que disse: 5 Desde o dia em que tirei da terra do Egito o meu povo, não escolhi de todas as tribos de Israel nenhuma cidade para nela edificar uma casa em que estivesse o meu nome, nem escolhi homem algum para ser príncipe sobre o meu povo de Israel; 6 mas 2Cr 12.13escolhi a Jerusalém, para que ali estivesse o meu nome e 1Cr 28.4escolhi a Davi para ser ele sobre o meu povo de Israel. 7 1Rs 5.3Ora, era a intenção de meu pai Davi edificar uma casa ao nome de Jeová, Deus de Israel. 8 Porém Jeová disse a Davi, meu pai: Já que tiveste a intenção de edificar uma casa ao meu nome, fizeste bem em teres esta intenção; 9 todavia tu, não edificarás a casa, porém teu filho, que sairá dos teus lombos, edificará a casa ao meu nome. 10 Assim, cumpriu Jeová a palavra que falou, porque fui suscitado em lugar de meu pai Davi, assento-me sobre o trono de Israel, como prometeu Jeová, e edifiquei a casa ao nome de Jeová, Deus de Israel. 11 Nela pus a arca 2Cr 5.7,10em que se acha a aliança que Jeová fez com os filhos de Israel.
12 Conservou-se Salomão em pé perante o altar de Jeová, na presença de toda a congregação de Israel, e estendeu as mãos 13 (Ne 8.4Salomão tinha feito uma plataforma de bronze de cinco cúbitos de comprido, cinco de largo e três de alto, que tinha colocado no meio do átrio; pôs-se em pé sobre ele e, 1Rs 8.54posto de joelhos perante toda a congregação de Israel, estendeu as mãos para o céu.), 14 e disse: Jeová, Deus de Israel, Êx 15.11;Dt 3.24não há Deus semelhante a ti nem no céu nem na terra, a ti Dt 7.9que observas a aliança e a misericórdia para com os teus servos que andam diante de ti de todo o seu coração; 15 1Cr 22.9-10que cumpriste ao teu servo Davi, meu pai, o que lhe prometeste; sim, falaste pela tua boca e o executaste com as tuas mãos, como se vê neste dia. 16 Agora, cumpre ao teu servo Davi, meu pai, o que lhe prometeste, dizendo: 2Cr 7.18;1Rs 2.4Não te faltará varão diante de mim, que se assente no trono de Israel, desde que teus filhos guardem os seus caminhos e andem na minha lei, como tu andaste diante de mim. 17 Agora, Jeová, Deus de Israel, verifique-se a tua palavra que falaste ao teu servo Davi.
18 Mas, na verdade, habitará Deus com os homens na terra? Eis 2Cr 2.6que o céu e o céu dos céus te não podem conter, quanto menos esta casa que edifiquei? 19 Contudo, atende, Jeová, meu Deus, à oração do teu servo e à sua súplica, para ouvires o clamor e a oração que o teu servo faz diante de ti; 20 a fim de que de dia e de noite estejam os teus olhos abertos para esta casa, para o lugar de que disseste que ali porias o teu nome; para ouvires a oração que o teu servo fizer neste lugar. 21 Ouve as súplicas que o teu servo e o teu povo de Israel fizerem neste lugar; ouve da tua morada, do céu; e, Mq 7.18quando ouvires, perdoa.
22 Se alguém pecar contra o seu próximo, e lhe for imposto um juramento para o fazer jurar, e ele vier e jurar diante do teu altar neste lugar, 23 ouve do céu, move-te e julga os teus servos, pagando ao ímpio, para lhe fazeres recair sobre a cabeça o seu proceder, e justificando ao reto, para lhe dares segundo a sua retidão.
24 Se o teu povo de Israel for derrotado pelo inimigo, por terem pecado contra ti, e se converterem, e confessarem o teu nome, e orarem, e fizerem súplicas diante de ti nesta casa, 25 ouve do céu, perdoa o pecado do teu povo de Israel e torna a levá-los para a terra que lhes deste a eles e a seus pais.
26 Quando for fechado o céu, e não houver chuva, por terem pecado contra ti, se orarem neste lugar, e confessarem o teu nome, e se converterem do seu pecado, quando os afligires, 27 ouve do céu e perdoa o pecado dos teus servos e do teu povo de Israel, ensinando-lhes o bom caminho em que andem; e envia chuva sobre a terra que deste ao teu povo em herança.
28 Se houver na terra fome ou peste, se houver crestamento ou mangra, gafanhoto ou lagarta, se os seus inimigos os sitiarem na terra das suas cidades, seja qual for a praga ou seja qual for a enfermidade, 29 toda oração e toda súplica que alguém fizer ou fizer todo o teu povo, conhecendo cada um a sua praga e a sua dor e estendendo as suas mãos para esta casa, 30 ouve do céu, da tua morada, perdoa e dá a cada um conforme todos os seus caminhos, de quem conheces o coração (1Sm 16.7;1Cr 28.9pois tu, só tu conheces os corações dos filhos dos homens), 31 para que temam, andando nos teus caminhos, todos os dias que viverem na terra que deste a nossos pais.
32 Também, quanto ao estrangeiro, que não é do teu povo de Israel, quando vier de um país remoto por amor do teu grande nome, e da tua mão poderosa, e do teu braço estendido (vindo eles e orando nesta casa), 33 ouve do céu, da tua morada, e faze tudo conforme o que o estrangeiro te suplicar, para que todos os povos da terra conheçam o teu nome e te temam, como faz o teu povo de Israel, e para que saibam que o 2Cr 7.14teu nome foi invocado sobre esta casa que edifiquei.
34 Se o teu povo sair à guerra contra os seus inimigos, seja qual for o caminho por que os enviares, e orarem a ti voltados para esta cidade que escolheste e para a casa que edifiquei ao teu nome, 35 ouve do céu a sua oração e a sua súplica e defende a sua causa.
36 Se pecarem contra ti (Jó 15.14-16;Tg 3.2;1Jo 1.8-10pois não há homem que não peque), e te irares contra eles e os entregares ao inimigo, de modo que os levem cativos para uma terra remota ou vizinha; 37 todavia, se caírem em si na terra para onde forem levados cativos, e se converterem, e fizerem súplicas a ti na terra do seu cativeiro, dizendo: Pecamos, procedemos perversamente, praticamos a iniquidade; 38 se voltarem para ti de todo o seu coração e de toda a sua alma na terra do seu cativeiro, para a qual tenham sido levados cativos, e orarem voltados para a sua terra que deste a seus pais, e para a cidade que escolheste, e para a casa que edifiquei ao teu nome, 39 ouve do céu, da tua morada, a sua oração e as suas súplicas, defende a sua causa e perdoa ao teu povo que pecou contra ti.
40 Agora, Deus meu, 2Cr 7.15;Ne 1.6,11abram-se os teus olhos, e Sl 17.1sejam atentos os teus ouvidos à oração que se fizer neste lugar. 41 Sl 132.8-9Agora, levanta-te, Deus Jeová, e entra no lugar do teu descanso, tu e a arca da tua fortaleza; sejam os teus sacerdotes, Deus Jeová, vestidos da salvação, e alegrem-se os teus santos na bondade. 42 Não vires, Deus Jeová, o rosto do teu ungido; lembra-te das misericórdias que usaste para com o teu servo Davi.