1 ရှောလမုန်သည် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်ကိုလည်းကောင်း၊ နန်းတော်ကိုလည်းကောင်း တည်ဆောက်ခြင်းငှာ အကြံရှိ၍၊ 2 ထမ်းရွက်သောသူ ခုနစ်သောင်း၊ တောင်ရိုးပေါ်မှာ သစ်ခုတ်သောသူ ရှစ်သောင်း၊ ကြည့်ရှုစီရင်ရသောသူ သုံးထောင်ခြောက်ရာတို့ကို ခွဲခန့်ပြီးမှ၊ 3 တုရုမင်းကြီးဟိရံထံသို့ စေလွှတ်၍၊ မင်းကြီးသည် ငါ့အဘဒါဝိဒ်၏ နန်းတော်ဆောက်စရာဖို့ အာရဇ်သစ်သားကို ပေးလိုက်သည်နည်းတူ ငါ၌တစ်ဖန် ကျေးဇူးပြုပါလော့။ 4 ဣသရေလအမျိုးသည် အစဉ်ကျင့်ရသော တရားအတိုင်း ဘုရားရှေ့မှာ နံ့သာပေါင်းကို မီးရှို့ခြင်းငှာလည်းကောင်း၊ ရှေ့တော်မုန့်ကို အစဉ်တင်ခြင်းငှာလည်းကောင်း၊ ညဉ့်ဦး၊ နံနက်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ဓမ္မပွဲနေ့တို့၌ မီးရှို့ရာယဇ်ကို ပူဇော်ခြင်းငှာလည်းကောင်း၊ ငါ၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်၍ ပူဇော်ရမည်။ 5 ငါတည်ဆောက်ရသော အိမ်တော်သည် ကြီးရမည်။ ငါတို့ဘုရားသခင်သည် ဘုရားတကာတို့ထက် ကြီးမြတ်တော်မူ၏။ 6 ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွတ်အမြင့်ဆုံးသော ကောင်းကင်သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍၊ ကျိန်းဝပ်တော်မူရာအိမ်ကို အဘယ်သူ တည်ဆောက်နိုင်မည်နည်း။ ရှေ့တော်၌ယဇ်ကို မီးရှို့ရာအိမ်မှတစ်ပါး အခြားသောအိမ်တော်ကို တည်ဆောက်ခြင်းငှာ ငါသည် အဘယ်သို့သောသူ ဖြစ်သနည်း။၃ရာ၊ ၈:၂၇။ ၆ရာ၊၆:၁၈။7 ယခုမှာ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ မောင်းသောအထည်၊ နီသောအထည်၊ ပြာသောအထည်ကို လုပ်တတ်သောအတတ်၊ ငါ့အဘဒါဝိဒ်ပြင်ဆင်၍ ယေရုရှလင်မြို့၊ ယုဒပြည်၌ ငါ့ထံမှာရှိသော ဆရာသမားတို့နှင့် ဝိုင်း၍ ထုလုပ်တတ်သော အတတ်နှင့်ပြည့်စုံသော သူတစ်ယောက်ကို ငါ့ထံသို့စေလွှတ်ပါ။ 8 အာရဇ်သစ်သား၊ ထင်းရှူးသစ်သား၊ အာလဂုံသစ်သားများကို လေဗနုန်တောင်မှာ ခုတ်၍ပေးလိုက်ပါ။ မင်းကြီး၏ ကျွန်တို့သည် လေဗနုန်တောင်ပေါ်မှာ သစ်ခုတ်တတ်သည်ကို ငါသိ၏။ 9 သစ်သားအများကို ပြင်ဆင်ခြင်းငှာ၊ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့် ဝိုင်း၍ လုပ်ကိုင်ကြလိမ့်မည်။ ငါတည်ဆောက်ရသော အိမ်တော်သည် အလွန်ကြီး၍ အံ့ဩဖွယ်သောအိမ်ဖြစ်ရမည်။ 10 သစ်ခုတ်သော မင်းကြီးကျွန်တို့အား ဂျုံဆန် ကောရနှစ်သောင်း၊ မုယောဆန် နှစ်သောင်း၊ စပျစ်ရည် ဗတ်နှစ်သောင်း၊ ဆီ နှစ်သောင်းကို ငါပေးမည်ဟု မှာလိုက်လေ၏။
11 တုရုမင်းကြီးဟိရံသည် စာရေး၍ ရှောလမုန်ထံသို့ ပြန်ပေးလိုက်သည်ကား၊ ထာဝရဘုရားသည် မိမိလူမျိုးကို ချစ်တော်မူသောကြောင့်၊ ကိုယ်တော်ကို သူတို့ရှင်ဘုရင်အရာ၌ ချီးမြှောက်တော်မူပြီ။ 12 ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် ဗိမာန်တော်ကိုလည်းကောင်း၊ နန်းတော်ကိုလည်းကောင်း၊ တည်ဆောက်ခြင်းငှာ တတ်စွမ်းနိုင်အောင် ဉာဏ်ကောင်း၍ ပညာသတိနှင့် ပြည့်စုံသောသားကို ဒါဝိဒ်မင်းကြီးအားပေးတော်မူသည်ဖြစ်၍၊ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ 13 ယခုမှာဉာဏ်ကောင်း၍ လိမ္မာသောသူ ဟိရံအဘိကို ငါစေလွှတ်ပါ၏။ 14 သူ့အမိကား ဒန်အမျိုးသမီး၊ အဘကား တုရုအမျိုးသား ဖြစ်၏။ သူသည် ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကျောက်၊ သစ်သား၊ မောင်းသောအထည်၊ ပြာသောအထည်၊ နီသောအထည်၊ ပိတ်ချောကို လုပ်တတ်သောအတတ်၊ အမျိုးမျိုးထုလုပ်တတ်သော အတတ်နှင့်ပြည့်စုံ၍၊ ကိုယ်တော်၏ဆရာသမား၊ ခမည်းတော်အရှင်ဒါဝိဒ်၏ ဆရာသမားတို့နှင့် ဝိုင်းလျက်၊ လိုသမျှကို ဉာဏ်ရှာ၍ လုပ်တတ်သောသူ ဖြစ်၏။ 15 သို့ဖြစ်၍ ကိုယ်တော်အမိန့်ရှိသည်အတိုင်း၊ ဂျုံဆန်၊ မုယောဆန်၊ စပျစ်ရည်၊ ဆီကို ကိုယ်တော်ကျွန်တို့အား ပေးပါတော့။ 16 ငါတို့သည် ကိုယ်တော်လိုချင်သမျှသော သစ်သားကို၊ လေဗနုန်တောင်ပေါ်မှာ ခုတ်ပြီးလျှင် ဖောင်လုပ်၍ ပင်လယ်လမ်းဖြင့်၊ ယုပ္ပေမြို့သို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သယ်ပို့ရမည်ဟု ပြန်ပြော၏။
17 ခမည်းတော်ဒါဝိဒ်သည် ဣသရေလနိုင်ငံ၌နေသော တစ်ပါးအမျိုးသား အပေါင်းတို့ကို စာရင်းယူပြီးသည်နောက်၊ တစ်ဖန် ရှောလမုန်သည် စာရင်းယူပြန်၍၊ တစ်သိန်းငါးသောင်း သုံးထောင်ခြောက်ရာတို့ကို တွေ့၏။ 18 ထမ်းသောသူ ခုနစ်သောင်း၊ တောင်ပေါ်မှာ သစ်ခုတ်သောသူ ရှစ်သောင်း၊ အမှုကိုကြည့်ရှုစီရင်သောသူ သုံးထောင်ခြောက်ရာတို့ကို ခွဲထားတော်မူ၏။
1 1Rs 5.5Resolveu Salomão edificar uma casa ao nome de Jeová e uma casa para o seu reino. 2 Contou 2Cr 2.18;1Rs 5.15-16Salomão setenta mil homens para servirem de carregadores, oitenta mil, para cortarem pedras nos montes e três mil e seiscentos, para serem inspetores sobre eles. 3 1Rs 5.2-11Salomão mandou dizer a Hirão, rei de Tiro: 1Cr 14.1Do mesmo modo que fizeste com Davi, meu pai, e lhe enviaste cedros para lhe edificar uma casa em que morasse, assim também faze comigo. 4 Eis que eu estou para edificar uma casa ao nome de Jeová, meu Deus, para lha dedicar, Êx 30.7para queimar diante dele incenso aromático, Êx 25.30para que não faltem os pães da proposição, e Êx 29.38-42para os holocaustos da manhã e da tarde, Nm 28.9-10nos sábados, nas luas novas e nas festas fixas de Jeová, nosso Deus. Para Israel é isso obrigação perpétua. 5 A casa que eu estou para edificar deve ser grande, porque Êx 15.11;1Cr 16.25o nosso Deus é grande sobre todos os deuses. 6 Mas 2Cr 6.18;1Rs 8.27quem é capaz de lhe edificar uma casa, visto que o céu e o céu dos céus o não podem conter? Quem sou eu para lhe edificar uma casa, a não ser para se queimar incenso perante ele? 7 Agora, 2Cr 2.13-14;Êx 31.3-5envia-me um homem que saiba trabalhar em ouro, em prata, em bronze, em ferro, em púrpura, em carmesim e em azul e que saiba fazer toda sorte de obra de entalhe, com os peritos que estão comigo na Judeia e em Jerusalém, os quais 1Cr 22.15Davi, meu pai, escolheu. 8 Manda-me também do Líbano madeiras de cedro, de cipreste e de ébano, porque sei que os teus servos são destros em cortar madeiras no Líbano. Eis que 2Cr 9.10-11os meus servos estarão com os teus, 9 para me prepararem madeiras em abundância, porque a casa que eu estou para edificar será grande e maravilhosa. 10 Darei aos teus servos que cortarem madeiras vinte mil coros de trigo batido, vinte mil coros de cevada, vinte mil batos de vinho e vinte mil batos de azeite.
11 Hirão, rei de Tiro, respondeu numa carta que enviou a Salomão: 2Cr 9.8;1Rs 10.9Porque Jeová ama ao seu povo, te constituiu rei sobre ele. 12 Disse mais Hirão: Bendito seja Sl 33.6;102.25Jeová, Deus de Israel, que fez o céu e a terra, que deu ao rei Davi um filho sábio, dotado de discrição e de entendimento, 2Cr 2.1o qual edificasse uma casa a Jeová e uma casa para o seu reino! 13 Eu te envio um homem perito, dotado de entendimento, Hirão-Abi, 14 1Rs 7.14filho de uma mulher das filhas de Dã, cujo pai era de Tiro, que sabe trabalhar em ouro, em prata, em bronze, em ferro, em pedra, em madeira, em púrpura, em azul, em linho fino e em carmesim; que sabe também fazer toda sorte de obra de entalhe e idear qualquer coisa necessária; para que lhe seja designado um lugar juntamente com os teus peritos e com os peritos de teu pai Davi, meu senhor. 15 Agora, mande meu senhor aos seus servos o trigo, a cevada, o azeite e o vinho 2Cr 2.10de que falou; 16 e 1Rs 5.8-9nós cortaremos tanta madeira do Líbano quanta houveres mister e a traremos, em jangadas, pelo mar até Jope; e tu mandarás transportá-la para Jerusalém.
17 Salomão mandou fazer uma resenha de todos os estrangeiros que havia na terra de Israel, 1Cr 22.2depois da resenha que tinha mandado fazer seu pai Davi; e acharam-se cento e cinquenta e três mil e seiscentos. 18 2Cr 2.2Destes escolheu setenta mil para servirem de carregadores, e oitenta mil, para cortarem pedras nos montes, e três mil e seiscentos, para fazerem trabalhar o povo.