1 တစ်ဖန် ယောရှိမင်းသည် ယေရုရှလင်မြို့၌ ထာဝရဘုရားအဖို့ ပသခါပွဲကိုခံတော်မူ၍ ပထမလ တစ်ဆယ်လေးရက်နေ့တွင်၊ ပသခါသိုးသငယ်ကို သတ်ကြ၏။ 2 ယဇ်ပုရောဟိတ်တို့ကို မိမိတို့အရာ၌ခန့်ထား၍၊ ဗိမာန်တော်အမှုကို စောင့်စေခြင်းငှာ နှိုးဆော်တော်မူ၏။ 3 ဣသရေလအမျိုး ရှိသမျှကိုသွန်သင်၍၊ ထာဝရဘုရားအဖို့ သန့်ရှင်းသော လေဝိသားတို့ကိုခေါ်၍၊ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန်တည်ဆောက်သောအိမ်၌ သန့်ရှင်းသောသေတ္တာတော်ကို သွင်းထားကြလော့။ နောက်တစ်ဖန် သေတ္တာတော်ကိုမထမ်းဘဲ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏အမှု၊ ဘုရားသခင်၏လူ ဣသရေလအမျိုး၏အမှုကို ထမ်းကြလော့။ 4 ဣသရေလ ရှင်ဘုရင်ဒါဝိဒ်မှတ်စာ၊ သားတော်ရှောလမုန်မှတ်စာနှင့်အညီ သင်းဖွဲ့သည်အတိုင်း၊ အဆွေအမျိုးအလိုက် ကိုယ်ကိုပြင်ဆင်၍၊၆ရာ၊၈:၁၄။5 ပြည်သူပြည်သားဖြစ်သော သင်တို့ညီအစ်ကို အဘတို့အဆွေအမျိုးနှင့် လေဝိသားအဆွေအမျိုးအသီးအသီး နေရာရှိသည်အတိုင်း၊ သန့်ရှင်းရာဌာနတော်၌ ရပ်နေကြလော့။ 6 ထိုသို့ ပသခါသိုးသငယ်ကို သတ်၍ ကိုယ်ကို သန့်ရှင်းစေကြလော့။ သင်တို့ညီအစ်ကိုတို့သည် မောရှေအားဖြင့် ထာဝရဘုရားမှာထားတော်မူသည် အတိုင်းပြုစေခြင်းငှာ၊ သူတို့ကိုလည်း ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။ 7 စည်းဝေးသောသူအပေါင်းတို့သည် ပသခါပွဲခံစရာဖို့၊ ယောရှိမင်းသည် မိမိဥစ္စာ၊ သိုးသငယ်၊ ဆိတ်သငယ်သုံးသောင်းနှင့် နွားသုံးထောင်ကို ပေးတော်မူ၏။ 8 မှူးမတ်တို့သည်လည်း၊ စေတနာစိတ်ရှိ၍ လူများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့အားပေးကြ၏။ ဗိမာန်တော်မှူးဟိလခိ၊ ဇာခရိ၊ ယေဟေလသည်လည်း၊ ပသခါပွဲ ခံစရာဖို့ သိုးဆိတ် နှစ်ထောင်ခြောက်ရာနှင့် နွားသုံးရာကို ယဇ်ပုရောဟိတ်တို့အား ပေးကြ၏။ 9 လေဝိသားအကြီးအကဲ၊ ကောနနိ၊ ရှေမာယ၊ ဟာရှဘိ၊ ယေယေလ၊ ယောဇဗဒ်၊ နာသနေလနှင့် သူ၏ညီများတို့သည်လည်း၊ ပသခါပွဲခံစရာဖို့ သိုးဆိတ်ငါးထောင်နှင့် နွားငါးရာကို လေဝိသားတို့အား ပေးကြ၏။ 10 ထိုသို့ ရှင်ဘုရင်အမိန့်တော်အတိုင်း၊ ဝတ်ပြုစရာပြင်ဆင်၍ ယဇ်ပုရောဟိတ်တို့သည် မိမိတို့နေရာ၌ရပ်၍၊ လေဝိသားတို့သည် မိမိတို့အမှုကို ဆောင်ရွက်ကြ၏။ 11 ပသခါသိုးသငယ်ကိုသတ်၍၊ ယဇ်ပုရောဟိတ်တို့သည် အသွေးကို လက်နှင့်ဖျန်းလျက်၊ လေဝိသားတို့သည် အရေကိုခွာလျက် ပြုကြ၏။ 12 မောရှေကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ထာဝရဘုရားအားပူဇော်စရာဖို့ လူများအဆွေအမျိုးအလိုက် အသီးအသီးတို့အား ပေးဝေခြင်းငှာ၊ မီးရှို့ရာယဇ်များနှင့် နွားများကို ခွဲထားကြ၏။ 13 ထုံးဖွဲ့တော်မူသည်အတိုင်း၊ ပသခါသိုးသငယ်ကို မီးနှင့်ကင်ကြ၏။ သန့်ရှင်းသောပူဇော်သကာ အခြားတို့ကို မြေအိုး၊ သံအိုး၊ သံကရား၌ပြုတ်၍ လူအပေါင်းတို့အား အလျင်အမြန် ဝေဖန်ကြ၏။ထွ၊ ၁၂:၈-၉။14 ထိုနောက်မှ ကိုယ်အဖို့နှင့် ယဇ်ပုရောဟိတ်အဖို့ကို ပြင်ဆင်ကြ၏။ အာရုန်သားယဇ်ပုရောဟိတ်တို့သည် ညဉ့်ဦးတိုင်အောင် မီးရှို့ရာယဇ်နှင့် ဆီဥကို ပူဇော်လျက်နေရသောကြောင့်၊ လေဝိသားတို့သည် ကိုယ်အဖို့ကိုလည်းကောင်း၊ အာရုန်သား ယဇ်ပုရောဟိတ် အဖို့ကိုလည်းကောင်း ပြင်ဆင်ကြ၏။ 15 ဒါဝိဒ်နှင့် ရှင်ဘုရင်၏ပရောဖက် အာသပ်၊ ဟေမန်၊ ယေဒုသုန်တို့ စီရင်သည်အတိုင်း၊ အာသပ်အမျိုးသား သီချင်းသည်တို့သည် မိမိတို့နေရာ၌ ရှိကြ၏။ တံခါးစောင့်တို့သည် မိမိတို့အမှုကိုမရှောင်၊ တံခါးရှိသမျှတို့ကို စောင့်ကြ၏။ သူတို့ညီအစ်ကို လေဝိသားတို့သည် သူတို့အဖို့ ပြင်ဆင်ကြ၏။၅ရာ၊၂၅:၁။16 ထိုသို့ ယောရှိမင်းကြီး မိန့်တော်မူသည်အတိုင်း ပသခါပွဲကိုခံ၍ ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်းငှာ၊ ထာဝရဘုရားအား ပြုရသောဝတ်အလုံးစုံကို၊ ထိုနေ့ချင်းတွင် ပြင်ဆင်ကြ၏။ 17 စည်းဝေးသော ဣသရေလအမျိုးသားတို့သည်၊ ထိုအခါ ပသခါပွဲကိုလည်းကောင်း၊ အဇုမပွဲကိုလည်းကောင်း၊ ခုနစ်ရက်ပတ်လုံး ခံကြ၏။ထွ၊ ၁၂:၁-၂၀။18 ယောရှိမင်းနှင့် ယဇ်ပုရောဟိတ်၊ လေဝိသား၊ စည်းဝေးသော ယုဒပြည်၊ ဣသရေလပြည်သား၊ ယေရုရှလင်မြို့သား အပေါင်းတို့ခံသော ထိုပသခါပွဲကဲ့သို့သောပွဲကို ပရောဖက်ရှမွေလလက်ထက်မှစ၍ ဣသရေလနိုင်ငံ၌မခံ။ ထိုသို့သောပသခါပွဲကို ဣသရေလရှင်ဘုရင် တစ်ယောက်မျှမခံ။ 19 ယောရှိမင်းနန်းစံ ဆယ်ရှစ်နှစ်တွင်၊ ထိုပသခါပွဲကို ခံကြ၏။
20 ထိုနောက်မှ၊ ယောရှိသည် ဗိမာန်တော်ကို ပြင်ဆင်ပြီးမှ၊ အဲဂုတ္တုရှင်ဘုရင်နေခေါသည် ဥဖရတ်မြစ်နား၊ ခါခေမိတ်မြို့သို့ စစ်ချီသည်တွင်၊ ယောရှိမင်းသည် ဆီးတားခြင်းငှာ ထွက်လေ၏။ 21 အဲဂုတ္တုရှင်ဘုရင်က၊ အိုယုဒရှင်ဘုရင်၊ သင်သည် ငါနှင့်အဘယ်သို့ ဆိုင်သနည်း။ သင့်ကို ယနေ့ ငါစစ်ချီသည်မဟုတ်။ ငါနှင့် စစ်တိုက်ဖက် ဖြစ်သောအမျိုးကို စစ်ချီ၏။ ငါအလျင်အမြန် ပြုမည်အကြောင်း ဘုရားသခင် မှာထားတော်မူပြီ။ ငါ့ဘက်၌ရှိသော ဘုရားသခင်ကို ဆန့်ကျင်ဘက်မပြုဘဲ နေလော့။ သို့မဟုတ် သင့်ကို ဖျက်ဆီးတော်မူမည်ဟု သံတမန်ကိုစေလွှတ်၍ မှာလိုက်လေ၏။ 22 သို့ရာတွင် ယောရှိသည် မလွှဲမရှောင်၊ နေခေါဆင့်ဆိုသော ဘုရားသခင်၏အမိန့်တော်ကို နားမထောင်၊ စစ်တိုက်ခြင်းငှာ ခြားနားသောအယောင်ကို ဆောင်လျက်၊ မေဂိဒ္ဒေါချိုင့်၌ စစ်ပွဲထဲသို့ ဝင်လေ၏။ 23 လေးသူရဲတို့သည် ယောရှိမင်းကြီးကိုပစ်၍ မှန်သဖြင့်၊ မင်းကြီးက ငါ့ကိုဆောင်သွားလော့။ ပြင်းစွာ အထိအခိုက်ခံရသည်ဟု ကျွန်တို့အားဆိုလျှင်၊ 24 ကျွန်တို့သည် ရထားတော်ပေါ်ကချ၍၊ ဒုတိယရထားတော်ပေါ်၌ တင်ပြီးလျှင်၊ ယေရုရှလင်မြို့သို့ ဆောင်သွားသောအခါ၊ အနိစ္စရောက်၍ ဘိုးဘေးတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အပေါင်းတို့သည်၊ ယောရှိမင်း အနိစ္စရောက်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။ 25 ယေရမိသည်လည်း မြည်တမ်းသောစကားကို စီရင်၍ သီချင်းသည် ယောက်ျားမိန်းမရှိသမျှတို့သည်၊ ယနေ့တိုင်အောင် ယောရှိမင်းကို အောက်မေ့လျက်၊ ထိုမြည်တမ်းသောစကားကို သုံးဆောင်သဖြင့်၊ ဣသရေလထုံးစံ ဖြစ်လေ၏။ ထိုစကားသည် မြည်တမ်းစာ၌ ရေးထားလျက်ရှိသတည်း။
26 ယောရှိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့နှင့် ထာဝရဘုရား၏ပညတ္တိကျမ်း၌ ရေးထားသည်အတိုင်း ကျေးဇူးပြုခြင်း၊ 27 အကျင့်ကျင့်ခြင်းအရာ အစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
1 2Rs 23.21Josias celebrou a Páscoa a Jeová, em Jerusalém; Êx 12.6;Nm 9.3e mataram o cordeiro da Páscoa no décimo quarto dia do primeiro mês. 2 Estabeleceu os sacerdotes nos seus cargos e 2Cr 29.11animou-os a servirem na Casa de Jeová. 3 Disse aos 2Cr 17.8-9;Ne 8.7levitas que ensinavam a todo o Israel e que estavam consagrados a Jeová: Ponde a arca sagrada na casa que Salomão, filho de Davi, rei de Israel, edificou; 1Cr 23.26não será mais uma carga sobre os vossos ombros. Agora, servi a Jeová, vosso Deus, e ao seu povo de Israel. 4 1Cr 9.10-13Preparai-vos pelas vossas famílias, pelas vossas turmas, 2Cr 8.14conforme o que escreveram Davi, rei de Israel, e seu filho Salomão. 5 Ed 6.18Ministrai no santo lugar segundo as divisões das famílias de vossos irmãos, filhos do povo, e haja para cada divisão uma parte de uma família de levitas. 6 2Cr 35.1Matai o cordeiro pascoal, 2Cr 29.5santificai-vos e preparai a Páscoa para vossos irmãos, fazendo conforme a palavra de Jeová, dada por meio de Moisés.
7 Josias deu aos filhos do povo, a todos os que se achavam presentes, cordeiros e cabritos do rebanho, em número de trinta mil, todos para as ofertas pascoais, e três mil novilhos: tudo da fazenda do rei. 8 Os seus príncipes fizeram dádivas ao povo, aos sacerdotes e aos levitas, para as ofertas voluntárias. Hilquias, Zacarias e Jeiel, 2Cr 31.13chefes da Casa de Deus, deram aos sacerdotes para as ofertas pascoais duas mil e seiscentas reses de gado miúdo e trezentos bois. 9 Também 2Cr 31.12Conanias, Semaías e Natanael, seus irmãos, e Hasabias, Jeiel e Jozabade, chefes dos levitas, deram aos levitas para as ofertas pascoais cinco mil reses de gado miúdo e quinhentos bois.
10 Assim, se preparou o serviço, e 2Cr 35.5os sacerdotes se puseram em seu lugar, como também os levitas pelas suas turmas, segundo o mandado do rei. 11 2Cr 35.1,6Imolou-se a Páscoa; 2Cr 29.22os sacerdotes aspergiam o sangue que lhes era entregue, e 2Cr 29.34os levitas esfolavam as reses. 12 Removeram os holocaustos, para os distribuírem segundo as divisões dos filhos do povo, a fim de fazerem ofertas a Jeová, como está escrito no livro de Moisés. Assim fizeram com os bois. 13 Êx 12.8-9Assaram a Páscoa no fogo, segundo a ordenança; Lv 6.25as ofertas sagradas, cozeram-nas em panelas, em caldeirões e em tachos e distribuíram-nas prontamente a todo o povo. 14 Depois, as prepararam para si e para os sacerdotes; porque os sacerdotes, filhos de Arão, estavam ocupados até a noite em oferecerem os holocaustos e a gordura. Por isso, os levitas prepararam para si e para os sacerdotes, filhos de Arão. 15 Os cantores, filhos de Asafe, estavam no seu lugar, 1Cr 25.1segundo o mandado de Davi, de Asafe, de Hemã e de Jedutum, vidente do rei; e 1Cr 26.12-19os porteiros estavam a cada porta; não tinham necessidade de abandonarem o seu serviço, porque os levitas, seus irmãos, prepararam para eles.
16 Estabeleceu-se, naquele dia, todo o serviço de Jeová, para celebrar a Páscoa e para oferecer os holocaustos sobre o altar de Jeová, segundo o mandado do rei Josias. 17 Os filhos de Israel que se achavam presentes celebraram a Páscoa naquele tempo e 2Cr 30.21a Festa dos Pães Asmos, por sete dias. 18 2Cr 30.5;2Rs 23.21Não se celebrou em Israel uma festa semelhante a essa desde os dias do profeta Samuel; e nenhum dos reis de Israel celebrou tal Páscoa qual celebrou Josias, com os sacerdotes, e os levitas, e todo o Judá e Israel que se achavam presentes, os habitantes de Jerusalém. 19 Foi celebrada essa Páscoa no décimo oitavo ano do reinado de Josias.
20 2Rs 23.29-30Depois de tudo isso, havendo Josias já preparado o templo, subiu Neco, rei do Egito, para pelejar contra Is 10.9;Jr 46.2Carquemis junto ao Eufrates. Josias saiu-lhe ao encontro. 21 Mas Neco mandou-lhe mensageiros, que lhe dissessem: 2Cr 25.19Que tenho eu contigo, rei de Judá? Não venho contra ti hoje, mas contra a casa à qual faço guerra; Deus me mandou que me apressasse. Deixa de te opores a Deus, que está comigo; não suceda que ele te mate. 22 Todavia, não quis virar dele o seu rosto, mas 2Cr 18.29disfarçou-se, para pelejar contra ele e, não dando ouvidos às palavras que Neco 2Cr 35.21lhe falou da parte de Deus, veio pelejar no vale de Jz 5.19Megido. 23 Os flecheiros atiraram contra o rei Josias. Disse o rei ao seus servos: Tirai-me daqui, pois estou gravemente ferido. 24 Os seus servos o removeram do carro, o puseram no segundo carro que lhe pertencia e o levaram para Jerusalém. Ele morreu, e sepultaram-no nos sepulcros de seus pais. Zc 12.11Todo o Judá e Jerusalém prantearam a Josias. 25 Jr 22.10;Lm 4.20Jeremias fez uma lamentação sobre Josias. Todos os cantores e cantoras, nas suas lamentações, têm falado de Josias até o dia de hoje; estabeleceram-nas como costume em Israel, e estão escritas nas lamentações. 26 Ora, o resto dos atos de Josias, e as suas boas obras, segundo o que está escrito na lei de Jeová, 27 e os seus atos, tanto os primeiros como os últimos, estão escritos no Livro dos Reis de Israel e de Judá.