1 ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်ခြောက်နှစ် စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ၏။ 2 ထိုမင်းသည် ခမည်းတော်ဩဇိကျင့်သမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။ သို့ရာတွင် ထာဝရဘုရား၏ ဗိမာန်တော်ထဲသို့ မဝင်။ ပြည်သူပြည်သားတို့သည် မတရားသဖြင့် ပြုကြသေး၏။ 3 ထိုမင်းသည် ဗိမာန်တော်အထက်တံခါးကို လုပ်၍၊ ဩဖေလမြို့ရိုးကို အလွန်ခိုင်ခံ့စေ၏။ 4 ယုဒတောင်ရိုးပေါ်မှာ မြို့များကိုလည်းကောင်း၊ တော၌ ရဲတိုက်များနှင့် ပြအိုးများကိုလည်းကောင်း တည်ထောင်လေ၏။ 5 အမ္မုန်ရှင်ဘုရင်ကိုလည်း စစ်တိုက်၍နိုင်သဖြင့်၊ နိုင်သောနှစ်တွင် အမ္မုန်သားတို့သည် ငွေအခွက်တစ်ထောင်၊ ဂျုံကောရတစ်သောင်း၊ မုယောတစ်သောင်းကိုပေးရကြ၏။ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ထိုအတူ ပေးရကြ၏။ 6 ထိုသို့ ယောသံသည် မိမိဘုရားသခင် ထာဝရဘုရားရှေ့တော်၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးတိုးပွားသတည်း။ 7 ယောသံပြုမူသောအမှုအရာ ကြွင်းလေသမျှ၊ စစ်တိုက်ခြင်း၊ အကျင့်ကျင့်ခြင်းအမှုအရာ အလုံးစုံတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 8 ယောသံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာခတ်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
1 2Rs 15.33-35Tinha Jotão vinte e cinco anos quando começou a reinar e reinou dezesseis anos em Jerusalém. Sua mãe chamava-se Jerusa, filha de Zadoque. 2 Ele fez o que era reto aos olhos de Jeová, conforme tudo o que tinha feito seu pai Uzias; todavia, 2Cr 26.16não entrou no templo de Jeová. O povo ainda se corrompia. 3 Ele edificou a Porta Superior da Casa de Jeová e mandou fazer muitas obras sobre o muro de 2Cr 33.14;Ne 3.26Ofel. 4 Também edificou 2Cr 11.5cidades na região montanhosa de Judá e, nos bosques, edificou castelos e torres. 5 Ele também fez guerra contra o rei dos filhos de Amom e os venceu. No mesmo ano, os filhos de Amom deram-lhe cem talentos de prata, dez mil coros de trigo e dez mil de cevada. Isso lhe trouxeram os filhos de Amom também no segundo ano e no terceiro. 6 2Cr 26.5Tornou-se Jotão poderoso, porque ordenou os seus caminhos perante Jeová, seu Deus. 7 2Rs 15.36Ora, o resto dos atos de Jotão, e todas as suas guerras, e os seus caminhos, eis que estão escritos no Livro dos Reis de Israel e de Judá. 8 Tinha 2Cr 27.1vinte e cinco anos quando começou a reinar e reinou dezesseis anos em Jerusalém. 9 Adormeceu Jotão com seus pais, e sepultaram-no na Cidade de Davi. Em lugar dele, reinou seu filho Acaz.