1 အာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။ 2 ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြုသော်လည်း၊ စိတ်နှလုံးမစုံလင်။ 3 အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ၏။ 4 သားအတွက်အဘသည် အသေမခံရ။ အဘအတွက် သားသည်အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေးထားလျက်ရှိသော ထာဝရဘုရား၏ပညတ်တော်ကို စောင့်ရှောက်၍၊ ထိုကျွန်တို့၏သားများကို မသတ်ဘဲနေ၏။တရား၊၂၄:၁၆။
5 အာမဇိမင်းသည် ယုဒလူတို့ကိုစုဝေးစေ၍ ယုဒလူနှင့် ဗင်္ယာမိန်လူတို့တွင်၊ အဆွေအမျိုးအလိုက် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်တို့ကို ခန့်ထား၏။ အသက်နှစ်ဆယ်လွန်၍၊ လှံနှင့်ဒိုင်းကို ကိုင်တတ်သော စစ်သူရဲကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံးသိန်းရှိကြ၏။ 6 ခွန်အားကြီးသော ဣသရေလသူရဲတစ်သိန်းကိုလည်း ငွေအခွက်တစ်ထောင်နှင့် ငှား၏။ 7 သို့ရာတွင် ဘုရားသခင်၏လူတစ်ယောက်သည်လာ၍ အိုမင်းကြီး၊ ဣသရေလတပ်ကို မလိုက်စေနှင့်။ ထာဝရဘုရားသည် ဣသရေလလူတည်းဟူသော ဧဖရိမ်အမျိုးသားအပေါင်းတို့နှင့်အတူ ရှိတော်မမူ။ 8 မင်းကြီးသွားလိုလျှင်သွား၍ စစ်တိုက်ခြင်းငှာ ခိုင်ခံ့သော်လည်း၊ ရန်သူရှေ့မှာ ဘုရားသခင်ရှုံးစေတော်မူမည်။ ဘုရားသခင်သည် မစခြင်းငှာလည်းကောင်း၊ နှိမ့်ချခြင်းငှာလည်းကောင်း တတ်နိုင်တော်မူ၏ဟုပြောဆိုလျှင်၊ 9 အာမဇိက၊ ဣသရေလတပ်ကို ငှား၍ ငွေအခွက်တစ်ထောင်ကို ပေးမိသောကြောင့်၊ အဘယ်သို့ပြုရမည်နည်းဟု ဘုရားသခင်၏လူကို မေးမြန်းသော်၊ ဘုရားသခင်၏လူက၊ ထိုမျှမက ထာဝရဘုရားသည် သာ၍ ပေးနိုင်တော်မူသည်ဟု ပြန်ပြော၏။ 10 ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှရောက်လာသော စစ်သူရဲတို့ကို ခွဲထား၍၊ မိမိတို့နေရာသို့ ပြန်သွားစေခြင်းငှာ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန်အမျက်ထွက်၍ ယုဒပြည်သားတို့၌ အငြိုးထားလျက်၊ မိမိတို့ နေရာသို့ ပြန်သွားကြ၏။ 11 အာမဇိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ၍ ဆားချိုင့်သို့ တပ်ချီသဖြင့်၊ စိရတောင်သားတစ်သောင်းကို လုပ်ကြံလေ၏။ 12 ယုဒအမျိုးသားတို့သည် လူတစ်သောင်းကို အရှင်ဖမ်းပြီးလျှင်၊ ကျောက်တောင်ထိပ်သို့ ဆောင်သွား၍၊ ကျိုးပဲ့စေခြင်းငှာ အောက်သို့ တွန်းချကြ၏။ 13 ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိမပေး၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား၊ ရှမာရိမြို့မှစ၍ ဗေသောရုန်မြို့တိုင်အောင်၊ ယုဒမြို့တို့ကို တိုက်သဖြင့်၊ လူသုံးထောင်ကိုသတ်၍၊ လက်ရဥစ္စာအများကို သိမ်းသွားကြ၏။
14 အာမဇိသည် ဧဒုံအမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ၊ စိရတောင်သားကိုးကွယ်သော ဘုရားတို့ကိုဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေခြင်းငှာ၊ တည်ထောင်လျက် သူတို့ရှေ့မှာ ဦးညွှတ်ချ၍ နံ့သာပေါင်းကို မီးရှို့လေ၏။ 15 ထာဝရဘုရားသည် အာမဇိကိုအမျက်ထွက်၍၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တစ်ပါးအမျိုးသားဘုရားတို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟု ပြောဆိုလျှင်၊ 16 ရှင်ဘုရင်က၊ သင်သည် တိုင်ပင်မှူးမတ် ဖြစ်သလော။ တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟု ဆိုသော်၊ ပရောဖက်က၊ မင်းကြီးသည် ငါပေးသောသတိစကားကို နားမထောင်၊ ဤအမှုကို ပြုမိသောကြောင့်၊ ဘုရားသခင်သည် မင်းကြီးကိုဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင် တိတ်ဆိတ်စွာနေလေ၏။
17 ထိုနောက်၊ အာမဇိသည်တိုင်ပင်ပြီးမှ၊ ဣသရေလရှင်ဘုရင် ယေဟုသားဖြစ်သော ယောခတ်၏သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊ 18 ဣသရေလရှင်ဘုရင် ယဟောရှက၊ လေဗနုန်ဆူးပင်သည် လေဗနုန်အာရဇ်ပင်ထံသို့ စေလွှတ်၍၊ သင့်သမီးကို ငါ့သားနှင့်ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗနုန်သားရဲတစ်ကောင်သည် လျှောက်သွား၍ ဆူးပင်ကိုနင်းမိ၏။ 19 သင်က ငါသည် ဧဒုံလူတို့ကို လုပ်ကြံပြီဟုဆိုလျက်၊ ဝါကြွားချင်သောစိတ် မြင့်လှ၏။ သို့ရာတွင် ကိုယ်နေရာ၌နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှာ၊ အဘယ်ကြောင့် အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက်လေ၏။ 20 ထိုစကားကို အာမဇိသည် နားမထောင်။ အကြောင်းမူကား၊ ဧဒုံပြည်ဘုရားတို့ကို ဆည်းကပ်သောကြောင့်၊ ရန်သူလက်သို့ အပ်ခြင်းငှာ၊ ဘုရားသခင် စီရင်တော်မူ၏။ 21 ဣသရေလရှင်ဘုရင်သည် စစ်ချီ၍၊ ရှင်ဘုရင်နှစ်ပါးတို့သည် ယုဒပြည်ဗက်ရှေမက်မြို့၌ မျက်နှာချင်းဆိုင်မိကြသဖြင့်၊ 22 ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသားရှုံး၍၊ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။ 23 ဣသရေလရှင်ဘုရင် ယဟောရှသည် ယုဒရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ၏သားအာမဇိကို ဗက်ရှေမက်မြို့မှာ ဖမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင်၊ ယေရုရှလင်မြို့ရိုး အတောင်လေးရာကို၊ ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။ 24 ဩဗဒေဒုံလက်တွင်၊ ဗိမာန်တော်၌ ရှိသမျှသော ရွှေငွေမှစ၍၊ တန်ဆာအလုံးစုံနှင့် နန်းတော်ဘဏ္ဍာ အလုံးစုံကိုလည်းကောင်း၊ အာမခံသောသူ အချို့တို့ကိုလည်းကောင်း ယူ၍ ရှမာရိမြို့သို့ပြန်သွား၏။
25 ဣသရေလရှင်ဘုရင် ယောခတ်သား ယဟောရှသေသောနောက်၊ ယုဒရှင်ဘုရင်ယောရှသား အာမဇိသည် တစ်ဆယ်ငါးနှစ် အသက်ရှင်သေး၏။ 26 အာမဇိပြုမူသော အမှုအရာကြွင်းသမျှ အစအဆုံးတို့သည်၊ ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ 27 အာမဇိသည် ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှ လွှဲသွားသောနောက်၊ သူ၏တစ်ဖက်၊ ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့စေလွှတ်၍ သတ်စေပြီးမှ၊ 28 မြင်းပေါ်၌တင်လျက်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။
1 2Rs 14.1-6Tinha Amazias vinte e cinco anos quando começou a reinar e reinou vinte e nove anos em Jerusalém. Sua mãe chamava-se Joadã, de Jerusalém. 2 Ele fez o que era reto aos olhos de Jeová, 2Cr 25.14porém não com um coração perfeito. 3 Tendo sido o reino confirmado, matou os seus servos que tinham assassinado o rei, seu pai. 4 Porém não matou os filhos deles, mas fez segundo está escrito na lei do livro de Moisés, como Jeová ordenou, dizendo: Dt 24.16Não morrerão os pais pelos filhos, nem morrerão os filhos pelos pais; mas cada um morrerá pelo seu pecado.
5 Também Amazias congregou a Judá e pô-lo segundo as suas famílias sob tribunos e sob centuriões, todo o Judá e Benjamim. Fez uma resenha deles Nm 1.3desde vinte anos e daí para cima e achou que eram 2Cr 26.13trezentos mil homens escolhidos que podiam ir à guerra e sabiam manejar lança e escudo. 6 Também de Israel tomou a soldo cem mil homens ilustres em valor, por cem talentos de prata. 7 Mas veio ter com ele 2Rs 4.9um homem de Deus, dizendo: Ó rei, não deixes ir contigo o exército de Israel, porque Jeová não é com Israel, com todos os filhos de Efraim. 8 Mas vai, há-te com valor, sê forte para a peleja. Deus, porém, te fará cair diante do inimigo, 2Cr 14.11;20.6pois Deus tem poder para ajudar e para fazer cair. 9 Perguntou Amazias ao homem de Deus: Mas que será feito dos cem talentos que dei aos filhos de Israel? Respondeu o homem de Deus: Jeová te pode dar muito mais do que isso. 10 Então, Amazias separou as tropas que lhe tinham vindo de Efraim, para que voltassem para sua terra; pelo que muito se acendeu a sua ira contra Judá, e voltaram ardendo de ira, para a sua terra. 11 Amazias cobrou ânimo, e conduziu o seu povo, e foi ao 2Rs 14.7vale do Sal, e feriu dos filhos de Seir dez mil. 12 Os filhos de Judá levaram vivos outros dez mil, que trouxeram ao cume dum penhasco, donde os precipitaram, de modo que foram esmigalhados. 13 Porém os homens do exército que Amazias havia recambiado, para que não fossem com ele à guerra, caíram sobre as cidades de Judá, 2Cr 19.4desde Samaria até Bete-Horom, feriram dos seus habitantes a uns três mil e tomaram muitos despojos.
14 Depois que Amazias tinha vindo da matança dos edomitas, 2Cr 28.23trouxe os deuses dos filhos de Seir, e fez deles os seus deuses, e prostrava-se diante deles, e queimava-lhes incenso. 15 Pelo que se acendeu a ira de Jeová contra Amazias, e enviou-lhe um profeta, que lhe disse: Por que buscaste os deuses do povo, 2Cr 25.11-12que por eles não se livrou das tuas mãos? 16 Enquanto falava com ele o profeta, disse-lhe o rei: Fizemos-te conselheiro do rei? Cala-te; se não, serás ferido. Então, parou o profeta e disse: Sei que Deus resolveu destruir-te, porque fizeste isso e não deste ouvidos ao meu conselho.
17 Tendo 2Rs 14.8-14Amazias, rei de Judá, tomado conselho, mandou dizer a Jeoás, filho de Jeoacaz, filho de Jeú, rei de Israel: Vem, vejamo-nos cara a cara. 18 Jeoás, rei de Israel, mandou responder a Amazias, rei de Judá: Jz 9.8-15O cardo que estava no Líbano mandou dizer ao cedro que estava no Líbano: Dá a tua filha por mulher ao meu filho. Uma fera que estava no Líbano passou e pisou o cardo. 19 Tu dizes: Eis que feri a Edom; e 2Cr 26.16;32.25o teu coração te leva a te gloriares. Deixa-te estar agora em casa; por que provocarias a calamidade, para caíres tu e Judá contigo?
20 Amazias, porém, não quis ouvir; pois era da vontade de Deus entregá-los nas mãos dos seus inimigos, porque tinham buscado os deuses de Edom. 21 Subiu Jeoás, rei de Israel; e ele e Amazias, rei de Judá, se viram cara a cara em Bete-Semes, que pertence a Judá. 22 Judá foi desbaratado diante de Israel, e fugiu cada um para a sua tenda. 23 Jeoás, rei de Israel, tomou a Amazias, rei de Judá, filho de Joás, filho de 2Cr 21.17;22.1Jeoacaz, em Bete-Semes, e o levou a Jerusalém, e derribou o muro de Jerusalém desde a Porta de Efraim até a Porta do ângulo, quatrocentos cúbitos. 24 Tomou todo o ouro e prata, e todos os vasos que se acharam na Casa de Deus em poder de 1Cr 26.15Obede-Edom, e os tesouros da casa do rei, e os reféns e voltou para Samaria.
25 Amazias, filho de Joás, rei de Judá, viveu quinze anos depois da morte de Jeoás, filho de Jeoacaz, rei de Israel2Rs 14.17-22. 26 Ora, o resto dos atos de Amazias, tanto os primeiros como os últimos, não estão escritos no Livro dos Reis de Judá e de Israel? 27 Depois que Amazias deixou de seguir a Jeová, fizeram uma conspiração contra ele em Jerusalém. Ele fugiu para Laquis, mas perseguiram-no até Laquis, onde o mataram. 28 Trouxeram-no sobre cavalos e sepultaram-no com seus pais na cidade de Judá.