1 ခုနစ်နှစ်မြောက်သောအခါ၊ ယောယဒသည် ကိုယ်ကိုခိုင်ခံ့စေ၍ တပ်မှူးများ၊ ယေရောဟံသား အာဇရိ၊ ယောဟနန်သား ဣရှမေလ၊ ဩဗက်သား အာဇရိ၊ အဒါယသား မာသေယ၊ ဇိခရိသား ဧလိရှဖတ်တို့နှင့် သင်းဖွဲ့လေ၏။ 2 ထိုသူတို့သည် ယုဒပြည်၌ လှည့်လည်သဖြင့်၊ ယုဒမြို့အရပ်ရပ်ထဲက လေဝိသားများနှင့် ဣသရေလအဆွေအမျိုး သူကြီးများကို စုဝေးစေ၍၊ ယေရုရှလင်မြို့သို့ ပြန်လာကြ၏။ 3 စည်းဝေးသောသူအပေါင်းတို့သည် ဗိမာန်တော်၌ ရှင်ဘုရင်နှင့် ပဋိညာဉ်ဖွဲ့ကြ၏။ ယောယဒကလည်း၊ ရှင်ဘုရင်သားတော်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် ဒါဝိဒ်အမျိုးကို မိန့်တော်မူသည်အတိုင်း၊ ရှင်ဘုရင်သားတော် စိုးစံရမည်။၂ရာ၊၇:၁၂။4 သင်တို့ပြုရသောအမှုဟူမူကား၊ ဥပုသ်နေ့၌ဝင်သော ယဇ်ပုရောဟိတ် လေဝိသားသုံးစုတစ်စုသည် တံခါးစောင့်လုပ်ရမည်။ 5 တစ်စုသည် နန်းတော်ကို စောင့်ရမည်။ တစ်စုသည် သုရတံခါးကို စောင့်ရမည်။ လူအပေါင်းတို့သည် ဗိမာန်တော်တံတိုင်းတို့အတွင်း၌ နေရကြမည်။ 6 ယဇ်ပုရောဟိတ်များနှင့် အမှုတော်စောင့် လေဝိသားများမှတစ်ပါး၊ အဘယ်သူမျှ ဗိမာန်တော်ထဲသို့မဝင်စေနှင့်။ သူတို့သည် သန့်ရှင်းသောကြောင့် ဝင်ရကြမည်။ အခြားသောသူအပေါင်းတို့သည် ထာဝရဘုရားဘက်၌ စောင့်နေရကြမည်။ 7 လေဝိသားတိုင်း မိမိလက်နက်ကိုကိုင်လျက်၊ ကိုယ်တော်မြတ်ကိုဝိုင်း၍ အိမ်တော်ထဲသို့ ဝင်သမျှသောသူတို့ကို သတ်ရမည်။ ရှင်ဘုရင်ထွက်ဝင်တော်မူသော အခါ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။ 8 ထိုသို့ ယဇ်ပုရောဟိတ်ယောယဒ မှာထားသမျှအတိုင်း၊ လေဝိသားများနှင့် ယုဒအမျိုးသား အပေါင်းတို့သည်ပြု၍၊ ယဇ်ပုရောဟိတ်ယောယဒသည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မဖျက်သောကြောင့်၊ ဥပုသ်နေ့၌ ထွက်ရသောသူနှင့် ဝင်ရသောသူ အသီးအသီးတို့ကို ခေါ်ထားကြ၏။ 9 ဗိမာန်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏ လှံများနှင့်ဒိုင်းလွှားများကို၊ ယဇ်ပုရောဟိတ်ယောယဒသည် ထုတ်၍၊ လူတစ်ရာအုပ်တို့အား အပ်လေ၏။ 10 အသီးအသီး လက်နက်ကိုင်သော သူအပေါင်းတို့ကို ရှင်ဘုရင်ပတ်လည်၊ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌၊ လက်ယာထောင့်မှစ၍ လက်ဝဲထောင့်တိုင်အောင် နေရာချထားလေ၏။ 11 ထိုအခါ ရှင်ဘုရင်သားတော်ကို ပြင်သို့ထုတ်၍၊ ရာဇသရဖူနှင့် ပညတ္တိကျမ်းကိုတင်လျက်၊ ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယောယဒနှင့် သူ၏သားတို့သည် ဘိသိက်ပေး၍၊ ရှင်ဘုရင်အသက်တော်ရှင်စေသတည်းဟု ကြွေးကြော်ကြ၏။
12 အာသလိသည် လူများပြေး၍၊ ရှင်ဘုရင်ထံ၌ ချီးမွမ်းသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန်တော်သို့သွား၍၊ 13 ရှင်ဘုရင်သည် ဗိမာန်တော်ဝင်ဝ၊ တိုင်နားမှာရပ်လျက်၊ မှူးတော်မတ်တော်များနှင့် တံပိုးမှုတ်သောသူများတို့သည် ရှင်ဘုရင်အနားတော်၌ ရပ်လျက်၊ ပြည်သူပြည်သားများတို့သည် ဝမ်းမြောက်၍၊ တံပိုးမှုတ်လျက် သီချင်းသည်တို့သည် တူရိယာအမျိုးမျိုးကို ကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကို မြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍ ပုန်ကုန်မှုပါတကား၊ ပုန်ကန်မှုပါတကားဟု အော်ဟစ်လေ၏။ 14 ယဇ်ပုရောဟိတ်ယောယဒကလည်း၊ ဗိမာန်တော်ထဲမှာ မသေစေနှင့်။ တပ်ပြင်သို့ထုတ်ကြ။ သူ့ဘက်မှာနေသောသူကို ဓားနှင့်သတ်ကြဟု လူတစ်ရာအုပ်တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊ 15 အာသလိကိုဖမ်းဆီးလျက်၊ နန်းတော်သို့သွားသော မြင်းလမ်းဝသို့ ရောက်သောအခါ သတ်ကြ၏။
16 ရှင်ဘုရင်နှင့် လူအပေါင်းတို့သည် ထာဝရဘုရား၏လူဖြစ်ရမည်အကြောင်း၊ ယောယဒသည် မိမိထံ၌ ပဋိညာဉ်ဖွဲ့စေ၏။ 17 လူအပေါင်းတို့သည် ဗာလကျောင်းသို့သွား၍ ဖြိုဖျက်ကြ၏။ ယဇ်ပလ္လင်များနှင့် ရုပ်တုများကို ချိုးဖဲ့၍၊ ယဇ်ပလ္လင်တို့ရှေ့မှာ ဗာလယဇ်ပုရောဟိတ် မဿန်ကိုသတ်ကြ၏။ 18 မောရှေပညတ္တိကျမ်း၌ပါသည်အတိုင်း၊ ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ်စီရင်သည်အတိုင်း၊ ရွှင်လန်းစွာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှာ၊ ဗိမာန်တော်၌ ဒါဝိဒ်ခွဲထားသော ယဇ်ပုရောဟိတ်လေဝိသားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည်အကြောင်း၊ ယောယဒစီရင်လေ၏။ 19 မသန့်ရှင်းသောလက္ခဏာ တစ်စုံတစ်ခုရှိသောသူကို မဝင်စေခြင်းငှာ၊ ဗိမာန်တော် တံခါးစောင့်တို့ကိုလည်း ခန့်ထားလေ၏။ 20 လူတစ်ရာအုပ်၊ မှူးမတ်၊ အကြီးအကဲ၊ ပြည်သူပြည်သားအပေါင်းတို့ကို ခေါ်လျက်၊ မြင့်သောတံခါးလမ်းဖြင့်၊ ရှင်ဘုရင်ကို ဗိမာန်တော်မှ နန်းတော်သို့ပို့ဆောင်၍၊ ရာဇပလ္လင်တော်ပေါ်မှာ တင်ကြ၏။ 21 နန်းတော်နားမှာ အာသလိကို သတ်ပြီးမှ၊ ပြည်သူပြည်သားအပေါင်းတို့သည် ဝမ်းမြောက်၍၊ တစ်မြို့လုံး၌လည်း ငြိမ်ဝပ်ခြင်းရှိ၏။
1 2Rs 11.4-20No sétimo ano, animou-se Joiada e entrou em aliança com os centuriões Azarias, filho de Jeorão, Ismael, filho de Joanã, Azarias, filho de Obede, Maaseias, filho de Adaías, e Elisafate, filho de Sicri. 2 Estes percorreram a Judá, e congregaram os levitas de todas as cidades de Judá e os cabeças das famílias de 2Cr 21.2;11.13-17Israel, e vieram para Jerusalém. 3 Toda a congregação fez uma aliança com o rei na Casa de Deus. Joiada disse-lhes: Eis que o filho do rei reinará, 2Cr 21.7como falou Jeová a respeito dos filhos de Davi. 4 Isto é o que haveis de fazer: uma terça parte de vós 1Cr 9.25que entrardes no sábado, a saber, dos sacerdotes e dos levitas, servirá de guardas das portas; 5 outra terça parte estará junto à casa do rei; e a outra terça parte, à porta do Fundamento; e todo o povo estará nos átrios da Casa de Jeová. 6 Não entre, porém, nenhum outro na Casa de Jeová, senão os sacerdotes e 1Cr 23.28-32os levitas que estão de serviço; estes entrarão, porque são santos. Mas todo o povo formará a guarda de Jeová. 7 Os levitas cercarão o rei de todos os lados, tendo cada um na mão as suas armas; e todo o que entrar na casa seja morto; acompanhai o rei quando entrar e quando sair.
8 Fizeram os levitas e todo o Judá conforme tudo o que o sacerdote Joiada ordenou. Tomou cada um os seus homens, tanto os que haviam de entrar no sábado como os que haviam de sair no sábado; pois o sacerdote Joiada não despediu 1Cr 24.1as turmas. 9 Também o sacerdote Joiada entregou aos centuriões as lanças, os paveses e os escudos que tinham pertencido ao rei Davi, os quais estavam na Casa de Deus. 10 Dispôs todo o povo, cada um com as suas armas na mão, desde o lado direito da casa até o lado esquerdo da casa, perto do altar e da casa, ao redor do rei. 11 Então, tiraram para fora o filho do rei, puseram-lhe na cabeça a coroa, deram-lhe Êx 25.16o Testemunho e constituíram-no o rei. Joiada e seus filhos ungiram-no e disseram: 1Sm 10.24Viva o rei!
12 Ouvindo Atalia a voz do povo, da guarda e dos que louvavam o rei, veio ter com o povo na Casa de Deus. 13 Olhou, e eis que o rei estava junto à sua coluna, à entrada, e os capitães e as trombetas, perto do rei; todo o povo da terra se regozijava e tocava as trombetas. Também os cantores tocavam instrumentos de música e guiavam nos cânticos de louvor. Então, Atalia rasgou os seus vestidos e disse: Traição! Traição! 14 O sacerdote Joiada tirou para fora os centuriões que estavam sobre o exército e disse-lhes: Tirai-a para fora por entre as fileiras; quem a seguir seja morto à espada, pois disse o sacerdote: Não a mateis na Casa de Jeová. 15 Abriram-lhe passagem; e ela se foi à entrada da Ne 3.28;Jr 31.40Porta dos Cavalos, que dá para a casa do rei, 2Cr 22.10onde a mataram.
16 Joiada fez uma aliança entre si, e o povo todo, e o rei para serem o povo de Jeová. 17 Todo o povo foi à casa de Baal, derrubaram-na, despedaçaram os altares e as imagens e Dt 13.6-9;1Rs 18.40mataram a Matã, sacerdote de Baal, diante dos altares. 18 Joiada pôs os ofícios da Casa de Jeová sob a direção 2Cr 5.5dos levitas sacerdotes, 1Cr 23.6,25-31a quem Davi tinha distribuído na Casa de Jeová, para oferecerem 1Cr 25.1com regozijo e com cânticos os holocaustos de Jeová, como está escrito na lei de Moisés, segundo a ordem de Davi. 19 Colocou 1Cr 9.22porteiros às portas da Casa de Jeová, para que nela não entrasse ninguém que de qualquer forma fosse imundo. 20 Tomou os centuriões, os nobres, os governadores do povo e todo o povo da terra e conduziu ao rei da Casa de Jeová; passaram pela porta superior para a casa do rei e fizeram sentar o rei no trono do reino. 21 Assim, se regozijou todo o povo da terra, e estava em paz a cidade. Mataram a Atalia à espada.