1 အာသမင်း နန်းစံသုံးဆယ်ခြောက်နှစ်တွင်၊ ဣသရေလရှင်ဘုရင်ဗာရှာသည် ယုဒပြည်သို့စစ်ချီ၍၊ ယုဒရှင်ဘုရင် အာသထံသို့ အဘယ်သူမျှ မထွက်မဝင်စေခြင်းငှာ၊ ရာမမြို့ကိုတည်၏။၃ရာ၊ ၁၅း၁၇-၂၂။2 ထိုအခါ ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာတည်းဟူသော ရွှေငွေရှိသမျှကို၊ အာသသည်ထုတ်၍၊ ဒမာသက်မြို့၌နေသော ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်ထံသို့ ပေးလိုက်၍၊ 3 ငါသည်သင်နှင့်လည်းကောင်း၊ ငါ့ခမည်းတော်သည် သင့်ခမည်းတော်နှင့်လည်းကောင်း၊ မိတ်သဟာယဖွဲ့ခြင်းရှိသည်ဖြစ်၍၊ ရွှေငွေကို ငါပေးလိုက်၏။ ဣသရေလ ရှင်ဘုရင်ဗာရှာသည် ငါ့ထံမှထွက်သွားစေခြင်းငှာ၊ သူနှင့်ဖွဲ့သော မိတ်သဟာယကိုဖျက်၍ လာပါဟု မှာလိုက်လေ၏။ 4 အာသမင်းကြီး၏စကားကို ဗင်္ဟာဒဒ်သည် နားထောင်၍၊ ဣသရေလမြို့ရွာတို့ကို စစ်ချီစေခြင်းငှာ၊ မိမိဗိုလ်များကို စေလွှတ်သဖြင့်၊ သူတို့သည် ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလမိမ်မြို့မှစ၍၊ နဿလိပြည်၌ရှိသမျှသော ဘဏ္ဍာမြို့တို့ကို လုပ်ကြံကြ၏။
5 ထိုသတင်းကို ဗာရှာသည်ကြားသောအခါ၊ ရာမမြို့ကို လက်စမသတ်ဘဲ အလုပ်ကိုဖြတ်၍ နေ၏။ 6 ထိုအခါ အာသမင်းကြီးသည် ယုဒလူအပေါင်းကိုခေါ်သဖြင့်၊ ရာမမြို့၌ ဗာရှာမင်းသွင်းသောကျောက်နှင့် သစ်သားကိုယူသွား၍၊ ဂေဘမြို့နှင့် မိဇပါမြို့ကို တည်၏။
7 ထိုအခါ ပရောဖက်ဟာနန်သည် ယုဒရှင်ဘုရင် အာသထံသို့လာ၍၊ မင်းကြီးသည် မိမိဘုရားသခင် ထာဝရဘုရားကို မခိုလှုံ၊ ရှုရိရှင်ဘုရင်ကို ခိုလှုံသောကြောင့်၊ ရှုရိရှင်ဘုရင်၏ ဗိုလ်ခြေတို့သည် မင်းကြီးလက်မှ လွတ်သွားကြပြီ။ 8 ကုရှလူနှင့်လိဗုလူတို့သည် ရထားများ၊ မြင်းစီးသူရဲများနှင့်တကွ၊ အားကြီးသောအလုံးအရင်းဖြစ်သည် မဟုတ်လော။ သို့သော်လည်း မင်းကြီးသည် ထာဝရဘုရားကို ခိုလှုံသောကြောင့်၊ ထိုအလုံးအရင်းကို မင်းကြီးလက်သို့ အပ်နှံတော်မူပြီ။ 9 ထာဝရဘုရားသည် စုံလင်သော စေတနာစိတ်ရှိသောသူတို့ဘက်၌၊ ခိုင်ခံ့စွာနေခြင်းငှာ၊ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက် ရှိတော်မူ၏။ ဤအမှု၌ မင်းကြီးသည် မိုက်စွာပြုပြီ။ ယခုမှစ၍ စစ်မှုရှိလိမ့်မည်ဟု ဆို၏။ 10 ထိုသို့ဆိုသောကြောင့်၊ အာသသည် ပရောဖက်ကို အမျက်ထွက်၍ ထောင်ထဲမှာ လှောင်ထား၏။ ထိုကာလ၌ ပြည်သူပြည်သားအချို့တို့ကိုလည်း ညှဉ်းဆဲ၏။
11 အာသမင်းပြုမူသော အမှုအရာအစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ 12 နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ခြေတော်၌ အနာရောဂါစွဲ၍ ပြင်းစွာခံရသော်လည်း၊ ထာဝရဘုရားကို မဆည်းကပ်၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ၏။ 13 အာသသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ နန်းစံလေးဆယ်တစ်နှစ်တွင် အနိစ္စရောက်သဖြင့်၊ 14 ဒါဝိဒ်မြို့မှာ မိမိအဖို့ မိမိလုပ်နှင့်သော သင်္ချိုင်း၌၊ ပြည်သားတို့သည် သင်္ဂြိုဟ်သောအခါ၊ မွှေးကြိုင်သော နံ့သာမျိုးတို့ကို၊ ဆေးသမားအတတ်ဖြင့်ဖော်၍၊ တလား၌ အပြည့်ထည့်ပြီးလျှင်၊ အလောင်းတော်ကို တင်ထားကြ၏။ အလွန်ကြီးသော မီးရှို့ပွဲကိုလည်း ခံကြ၏။
1 1Rs 15.17-22No trigésimo sexto ano do reinado de Asa, subiu Baasa, rei de Israel, contra Judá e edificou a Ramá, para que não deixasse entrar alguém a Asa, rei de Judá, ou sair dele. 2 Então, Asa tirou prata e ouro dos tesouros da Casa de Jeová e da casa do rei e enviou mensageiros a Ben-Hadade, rei da Síria, que habitava em Damasco, os quais lhe disseram: 3 Há uma aliança entre mim e ti, como havia entre meu pai e teu pai. Eis que te envio prata e ouro; vai, rompe a tua aliança com Baasa, rei de Israel, para que se retire de mim. 4 Ben-Hadade deu ouvidos ao rei Asa e enviou os capitães dos seus exércitos contra as cidades de Israel; e feriram a Ijom, a Dã, a Abel Maim e a Êx 1.11todas as cidades-armazéns de Naftali. 5 O que tendo ouvido Baasa, cessou de edificar a Ramá e não prosseguiu na sua obra. 6 Então, o rei Asa tomou todo o Judá; levaram as pedras e as madeiras com que Baasa tinha edificado a Ramá, e com elas edificou a Geba e a Mizpa.
7 Naquele tempo, veio ter o profeta 2Cr 19.2;1Rs 16.1Hanani com Asa, rei de Judá, e lhe disse: 2Cr 14.11;32.7-8Porque confiaste no rei da Síria e não confiaste em Jeová, teu Deus, por isso o exército do rei da Síria escapou da tua mão. 8 Acaso, não eram os 2Cr 14.9etíopes e os líbios 2Cr 12.3um exército imenso, com muitíssimos carros e cavalos? Contudo, porque 2Cr 13.16,18confiaste em Jeová, ele os entregou nas tuas mãos. 9 Porque Pv 15.3;Zc 4.10Jeová lança olhares sobre a terra toda, para se mostrar forte a favor daqueles 2Cr 15.17cujo coração é perfeito para com ele. Nisso procedeste loucamente, pois, desde agora, se levantarão guerras contra ti. 10 Então, Asa, irado contra o vidente, o meteu no cárcere, porque estava enfurecido contra ele por causa disso. Na mesma ocasião, oprimiu Asa alguns do povo.
11 1Rs 15.23-24Eis que os atos de Asa, tanto os primeiros como os últimos, estão escritos no Livro dos Reis de Judá e de Israel. 12 No trigésimo nono ano do seu reinado, caiu Asa doente dos pés; a sua doença era no extremo grave. Contudo na sua doença não recorreu a Jeová, mas aos médicos. 13 Adormeceu Asa com seus pais e morreu no ano quarenta e um do seu reinado. 14 Sepultaram-no no seu sepulcro, que mandara cavar para si na Cidade de Davi, e puseram-no sobre o leito que se enchera de Gn 50.2;Jo 12.7;19.39-40perfumes e de diversas especiarias, preparados segundo a arte dos perfumistas. 2Cr 21.19Foi mui grande a queima que por ele fizeram dessas coisas.