Publicidade

2 Crônicas 1

ဉာဏ်​ပ​ညာ​ကို​ရှော​လ​မုန်​တောင်း​ခံ​ခြင်း

1 ဒါ​ဝိဒ်၏​သား​တော်​ရှော​လ​မုန်​သည်၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မ​စ​တော်​မူ​ခြင်း၊ အ​လွန်​ချီး​မြှောက်​တော်​မူ​ခြင်း ကျေး​ဇူး​ကြောင့်၊ မိ​မိ​အာ​ဏာ​တော်​တည်​ကြည်​မြဲ​မြံ​သော​အ​ခါ၊ 2 လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ တ​ရား​သူ​ကြီး၊ ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​နှင့် အ​ဆွေ​အ​မျိုး​သူ​ကြီး အ​စ​ရှိ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊ 3 တော၌ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​လုပ်​ခဲ့​သော ဘု​ရား​သ​ခင်၏ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သည် ဂိ​ဗောင်​မြို့​တွင် မြင့်​သော​အ​ရပ်၌ ရှိ​သည်​ဖြစ်၍ ထို​အ​ရပ်​သို့ ပ​ရိ​သတ်​အ​ပေါင်း​တို့​နှင့်​အ​တူ သွား​တော်​မူ၏။ 4 ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ကား ဒါ​ဝိဒ်​ပြင်​ဆင်​သော​အ​ရပ်၊ ယေ​ရု​ရှ​လင်​မြို့၌ ဆောက်​နှင့်​သော​တဲ​သို့ ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​မှ ဆောင်​ခဲ့​သော်​လည်း၊5 ဟု​ရ​သား​ဖြစ်​သော ဥ​ရိ၏​သား ဗေ​ဇ​လေ​လ လုပ်​ခဲ့​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​ကို ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ရှေ့​မှာ​ထား​သော​ကြောင့်၊ ရှော​လ​မုန်​နှင့် ပ​ရိ​သတ်​တို့​သည် ထို​ယဇ်​ပ​လ္လင်​သို့ သွား​ကြ၏။6 ထို​သို့ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့၊ ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သို့ ရှော​လ​မုန်​ရောက်၍ ထို​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​တစ်​ထောင်​ကို ပူ​ဇော်​လေ၏။

7 ထို​ည​တွင် ဘု​ရား​သ​ခင်​သည် ရှော​လ​မုန်​အား ထင်​ရှား​လျက်၊ ငါ​ပေး​ရ​မည့်​ဆု​ကို တောင်း​လော့​ဟု မိန့်​တော်​မူ၏။ 8 ရှော​လ​မုန်​က​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​ဘ​ဒါ​ဝိဒ်၌ များ​စွာ​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​ပြီ။ အ​ဘ​အ​ရာ၌​လည်း အ​ကျွန်ုပ်​ကို နန်း​ထိုင်​စေ​တော်​မူ​ပြီ။ 9 ယ​ခု​မှာ အို​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ မြေ​မှုန့်​များ​သ​ကဲ့​သို့ အ​ရေ​အ​တွက်​အား​ဖြင့် များ​ပြား​သော​လူ​တို့၏ ရှင်​ဘု​ရင်​အ​ရာ၌ အ​ကျွန်ုပ်​ကို ချီး​မြှောက်​တော်​မူ​သော​ကြောင့် အ​ဘ​ဒါ​ဝိဒ်၌​ထား​သော က​တိ​တော်​ကို တည်​စေ​တော်​မူ​ပါ။10 အ​ကျွန်ုပ်​သည် ဤ​လူ​တို့​ရှေ့​မှာ ထွက်​ဝင်​နိုင်​မည်​အ​ကြောင်း ဉာဏ်​ပ​ညာ​ကို ပေး​သ​နား​တော်​မူ​ပါ။ ဤ​မျှ​လောက်​များ​စွာ​သော ကိုယ်​တော်၏​လူ​တို့​ကို အ​ဘယ်​သူ​သည် ကိုယ်​အ​လို​အ​လျောက် တ​ရား​စီ​ရင်​နိုင်​ပါ​မည်​နည်း​ဟု တောင်း​လျှောက်၏။ 11 ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ထို​သို့​အောက်​မေ့၍ စည်း​စိမ်​ဥ​စ္စာ ဂုဏ်​အ​သ​ရေ​ကို​မ​တောင်း၊ ရန်​သူ​တို့၏ အ​သက်​ကို​လည်း မ​တောင်း၊ တာ​ရှည်​သော​အ​သက်​ကို​လည်း မ​တောင်း၊ ငါ​ခန့်​ထား၍ သင်​အ​စိုး​ရ​သော ငါ၏​လူ​မျိုး​ကို တ​ရား​စီ​ရင်​ခြင်း​ငှာ တတ်​နိုင်​သော ဉာဏ်​ပ​ညာ​ကို​သာ ကိုယ်​အ​ဖို့​တောင်း​သော​ကြောင့်၊ 12 ဉာဏ်​ပ​ညာ​ကို ငါ​ပေး၏။ ထို​မှ​တစ်​ပါး သင့်​ရှေ့​မှာ​ဖြစ်​ဖူး​သော ရှင်​ဘု​ရင်​နှင့် သင့်​နောက်၌ ဖြစ်​လ​တ္တံ့​သော ရှင်​ဘု​ရင်​တစ်​ယောက်​မျှ မ​မီ​နိုင်​မည်​အ​ကြောင်း၊ စည်း​စိမ်​ဥ​စ္စာ၊ ဂုဏ်​အ​သ​ရေ​ကို​လည်း ငါ​ပေး​မည်​ဟု မိန့်​တော်​မူ၏။

ရှော​လ​မုန်​၏​တန်​ခိုး​နှင့်​စည်း​စိမ်

13 ထို​အ​ခါ ရှော​လ​မုန်​သည် ဂိ​ဗောင်​မြို့​တွင် မြင့်​သော​အ​ရပ်၌​ရှိ​သော ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​မှ​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား၍၊ ဣ​သ​ရေ​လ​ပြည်​ကို အုပ်​စိုး​လျက်​နေ​တော်​မူ၏။

14 ထို​နောက် ရှော​လ​မုန်​သည် ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို ဆည်း​ပူး၍၊ ရ​ထား တစ်​ထောင်​နှင့်​လေး​ရာ၊ မြင်း​စီး​သူ​ရဲ တစ်​သောင်း​နှစ်​ထောင်​ရှိ၏။ ရ​ထား​ထိန်း​မြို့​တို့၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ အ​ထံ​တော်၌​လည်း​ကောင်း ထား၏။15 ရှင်​ဘု​ရင်​သည် ယေ​ရု​ရှ​လင်​မြို့၌ ရွှေ​ငွေ​ကို ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ အာ​ရဇ်​ပင်​တို့​ကို လွင်​ပြင်၌​ပေါက်​သော သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း များ​ပြား​စေ၏။ 16 ရှော​လ​မုန်​ထံ​သို့ မြင်း​များ​ကို အဲ​ဂု​တ္တု​ပြည်၊ ကော​မြို့​မှ ဆောင်​ခဲ့​ရ၏။ ရှင်​ဘု​ရင်​ကုန်​သည်​တို့​သည် အ​ဖိုး​ပေး​လျက်၊ ကော​မြို့၌ ခံ​ယူ​ရ​ကြ၏။17 အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​တစ်​ခု​ကို ငွေ​ခြောက်​ပိဿာ​နှင့်​လည်း​ကောင်း၊ မြင်း​တစ်​စီး​ကို တစ်​ပိဿာ​ငါး​ဆယ်​နှင့်​လည်း​ကောင်း ရောင်း​မြဲ​ရှိ၏။ ထို​သို့ ဟိ​တ္တိ​မင်း​ကြီး​နှင့်၊ ရှု​ရိ​မင်း​ကြီး​အ​ပေါင်း​တို့​သည် အဲ​ဂု​တ္တု​ရ​ထား​နှင့် မြင်း​တို့​ကို​ရ​တတ်​ကြ၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-15_21-32-39-