3 ယောရှဖတ်သည် ကြောက်၍၊ ထာဝရဘုရားကို ရှာခြင်းငှာသဘောချလျက်၊ အစာရှောင်ရာအချိန်ကို၊ ယုဒပြည်တစ်လျှောက်လုံး၌ ကြော်ငြာစေတော်မူ၏။ 4 ယုဒလူတို့သည် ထာဝရဘုရားကို ဆုတောင်းမည်ဟုစုဝေး၍၊ ထာဝရဘုရားကိုရှာအံ့သောငှာ၊ ယုဒမြို့ရှိသမျှမှ ထွက်လာကြ၏။
15 ထိုသူက၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့၊ နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီးကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာ ဖြစ်၏။တရား၊ ၂၀:၁-၄။17 သို့ရာတွင်၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ သင်တို့သည် စစ်တိုက်စရာအကြောင်း မရှိသည်ဖြစ်၍၊ တည်ကြည်စွာ မတ်တတ်နေလျက်၊ ထာဝရဘုရား ကယ်တင်တော်မူခြင်းကျေးဇူးကို ကြည့်ရှုကြလော့။ မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ နက်ဖြန်နေ့ ချီသွားကြလော့။ ထာဝရဘုရားသည် သင်တို့နှင်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။ထွ၊ ၁၄:၁၃-၁၄။
22 ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှာ လာသော၊ စိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့ တစ်ဖက်၌ ထာဝရဘုရား ချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊