Pular para o conteúdo
Publicidade

၂ ရာဇဝင်ချုပ် 9:1-8

ရှေ​ဘ​မိဖုရားအ​လည်​လာ​ခြင်း

1 ရှေ​ဘ​ပြည်​ကို​အ​စိုး​ရ​သော မိ​ဖု​ရား​သည် ရှော​လ​မုန်၏​သ​တင်း​ကို​ကြား​လျှင်၊ နက်​နဲ​ခက်​ခဲ​သော ပြဿ​နာ​အား​ဖြင့် သူ့​ကို​စုံ​စမ်း​ခြင်း​ငှာ၊ နံ့​သာ​မျိုး​နှင့် များ​စွာ​သော​ရွှေ၊ အ​ဖိုး​ထိုက်​သော ကျောက်​တို့​ကို​ဆောင်​သော ကု​လား​အုတ်​များ၊ လိုက်​သော​သူ​များ​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့ လာ၏။ 2 ရှော​လ​မုန်​မင်း​ကြီး​ထံ​တော်​သို့ ရောက်​သော​အ​ခါ၊ မိ​မိ​အ​လို​ဆ​န္ဒ​ရှိ​သ​မျှ​ကို ဆွေး​နွေး​မေး​မြန်း​လေ၏။ သူ​မေး​မြန်း​သော ပြဿ​နာ​ရှိ​သ​မျှ​တို့​ကို ရှော​လ​မုန်​သည် ဖြေ​လေ၏။ နား​မ​လည်၍ မ​ဖြေ​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ 3 ရှေ​ဘ​မိ​ဖု​ရား​သည် ရှော​လ​မုန်၏​ပ​ညာ​ကို​လည်း​ကောင်း၊ တည်​ဆောက်​သော အိမ်​တော်​ကို​လည်း​ကောင်း၊ 4 စား​ပွဲ​တော် တန်​ဆာ​ကို​လည်း​ကောင်း၊ အ​မှု​တော်​စောင့်​တို့ နေ​ရာ​ထိုင်​ရာ​ကို​လည်း​ကောင်း၊ လု​လင်​တို့​ခ​စား​သည် အ​ခြင်း​အ​ရာ​ကို​လည်း​ကောင်း၊ သူ​တို့​ဝတ်​သော အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ဝန်​စာ​ရေး​များ​နှင့် သူ​တို့​ဝတ်​သော အ​ဝတ်​တန်​ဆာ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ခြင်း​ကို​လည်း​ကောင်း မြင်​သော​အ​ခါ မိန်း​မော​တွေ​ဝေ​လျက်​ရှိ၍၊ 5 ကိုယ်​တော်၏ အ​ခြင်း​အ​ရာ​နှင့် ကိုယ်​တော်၏​ပ​ညာ​ကို အ​ကျွန်ုပ်​သည် ကိုယ်​ပြည်၌​ကြား​ရ​သော သ​တင်း​စ​ကား မှန်​ပါ၏။ 6 သို့​သော်​လည်း ကိုယ်​တိုင်​ရောက်၍ မ​မြင်​မီ ထို​စ​ကား​ကို​မ​ယုံ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​ပ​ညာ​ကျယ်​ခြင်း​အ​ရာ​မှာ၊ အ​ရင်​ကြား​ရ​သော စ​ကား​သည် တစ်​ဝက်​ကို​မျှ မ​မီ။ အ​ကျွန်ုပ် ကြား​ရ​သော သ​တင်း​ကို ကိုယ်​တော်​လွန်​ကဲ​ပါ၏။ 7 ရှေ့​တော်၌​အ​စဉ်​နေ၍ ပ​ညာ​တော်​ကို​ကြား​ရ​သော ကိုယ်​တော်၏​လူ​နှင့် ကိုယ်​တော်၏​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​ပါ၏။ 8 ကိုယ်​တော်​ကို​နှစ်​သက်၍ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကိုယ်​စား​တော် ရှင်​ဘု​ရင်​အ​ရာ​နှင့် ရာ​ဇ​ပ​လ္လင်​တော်​ပေါ်​မှာ တင်​တော်​မူ​သော ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ချစ်၍ အ​စဉ်​အ​မြဲ တည်​စေ​ချင်​သော​ကြောင့်၊ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ​ဟု ရှင်​ဘု​ရင်​အား ပြော​ဆို၍၊

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.