Pular para o conteúdo
Publicidade

ဗျာဒိတ် 7

လူ​တစ်​သိန်း​လေး​သောင်း​လေး​ထောင်

1 ထို​နောက်​မှ မြေ​ကြီး၊ ပင်​လယ်၊ သစ်​ပင်​များ​တို့၌ လေ​မ​လာ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် မြေ၏ လေး​မျက်​နှာ​လေ​တို့​ကို ကိုင်၍၊ မြေ​လေး​မျက်​နှာ၌ ရပ်​နေ​သည်​ကို ငါ​မြင်၏။-ယေ၊ ၄၉:၃၆။ ဒံ၊ ၇:၂။ ဇာ၊ ၆:၅။2 အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ တံ​ဆိပ်​ပါ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် အ​ရှေ့​မျက်​နှာ​က တက်​လာ​သည်​ကို ငါ​မြင်၏။ သူ​သည်​လည်း မြေ​နှင့်​ပင်​လယ်​ကို ညှဥ်း​ဆဲ​ရ​သော​အ​ခွင့်​ရှိ​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို အ​သံ​လွှင့်၍၊- 3 ငါ​တို့​ဘု​ရား​သ​ခင်၏ ကျွန်​တို့​ကို န​ဖူး၌ တံ​ဆိပ်​မ​ခတ်​မီ​တိုင်​အောင်၊ မြေ၊ ပင်​လယ်၊ သစ်​ပင်​တို့​ကို မ​ညှဥ်း​ဆဲ​ပါ​နှင့်​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​လေ၏။-ယေ​ဇ၊ ၉:၄၊၆။4 တံ​ဆိပ်​ခတ်​ခြင်း​ကို​ခံ​ရ​သော​သူ အ​ရေ​အ​တွက်​ကို ငါ​ကြား၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အ​သီး​အ​သီး​သော အ​မျိုး​အ​နွယ်​ထဲ​က လူ​တစ်​သိန်း​လေး​သောင်း​လေး​ထောင် တို့​သည် တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​ရ​ကြ၏။- 5 ယု​ဒ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ရု​ဗင်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ဂဒ်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်။- 6 အာ​ရှာ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ နဿ​လိ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ မ​နာ​ရှေ အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊- 7 ရှိ​မောင်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ လေ​ဝိ အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ဣ​သ​ခါ​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊- 8 ဇာ​ဗု​လုန်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ယော​သပ်​အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်၊ ဗင်္ယာ​မိန် အ​မျိုး​ထဲ​က တစ်​သောင်း​နှစ်​ထောင်​တို့​သည် တံ​ဆိပ်​ခတ် ခြင်း​ကို​ခံ​ရ​ကြ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também