Pular para o conteúdo
Publicidade

ကမ္ဘာဦး 26

ဂေ​ရာ​မြို့​၌​ဣ​ဇာက်​နေ​ထိုင်​ခြင်း

1 အာ​ဗြ​ဟံ​လက်​ထက် ထို​ပြည်၌​ဖြစ်​ဖူး​သော အ​စာ​ခေါင်း​ပါး​ခြင်း​မှ​တစ်​ပါး၊ နောက်​တစ်​ဖန် အ​စာ​ခေါင်း​ပါး​ခြင်း​ရှိ​ပြန်​သည်​ဖြစ်၍၊ ဣ​ဇာက်​သည် ဖိ​လိ​တ္တိ​မင်း​ကြီး အ​ဘိ​မ​လက်​နေ​ရာ​ဂေ​ရာ​မြို့​သို့ သွား​လေ၏။ 2 ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သူ့​အား​ထင်​ရှား၍၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​သို့​မ​သွား​နှင့်၊ ငါ​ပြော​လ​တ္တံ့​သော​ပြည်၌​နေ​လော့။ 3 ယ​ခု​ဤ​ပြည်၌ တည်း​ခို၍​နေ​လော့။ သင့်​ဘက်​မှာ​ငါ​နေ၍ ကောင်း​ချီး​ပေး​မည်။ အ​ကြောင်း​မူ​ကား၊ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​ဘ​အာ​ဗြ​ဟံ​အား ငါ​ကျိန်​ဆို​သော​စ​ကား​ရှိ​သည်​အ​တိုင်း​ငါ​ပြု​မည်။က၊ ၂၂:၁၆-၁၈။4 သင်၏​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့​များ​ပြား​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​လည်း၊ ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့်​လည်း၊ လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။ 5 အ​ကြောင်း​မူ​ကား၊ အာ​ဗြ​ဟံ​သည် ငါ့​စ​ကား​ကို​နား​ထောင်၍၊ ငါ​စီ​ရင်​မှာ​ထား​သော ပ​ညတ်​တ​ရား​အ​မျိုး​မျိုး​တို့​ကို စောင့်​ရှောက်​သ​တည်း​ဟု မိန့်​တော်​မူ၏။

6 ဣ​ဇာက်​သည် ဂေ​ရာ​မြို့၌​နေ​စဉ်​တွင်၊ မြို့​သား​တို့​သည် သူ၏​မ​ယား​အ​ကြောင်း​ကို​မေး​သော​အ​ခါ၊ ရေ​ဗ​က္က​သည် လှ​သော​အ​ဆင်း​အ​ရောင်​ရှိ​သော​ကြောင့်၊ 7 ဤ​ပြည်​သား​ယောက်ျား​တို့​သည် သူ့​အ​ကြောင်း​ကြောင့် ငါ့​ကို​သတ်​မည်​ဟု​စိုး​ရိမ်၍၊ သူ​သည်​ငါ့​မ​ယား​ဖြစ်​သည်​ဟု မ​ပြော​မ​ဆို​ဝံ့၊ ငါ့​နှ​မ​ဖြစ်​သည်​ဟု ပြော​ဆို၏။က၊ ၁၂:၁၃၊၂၀:၂။8 ထို​မြို့၌​ကာ​လ​အင်​တန်​ကြာ​နေ​ပြီး​မှ၊ တစ်​နေ့​သ၌၊ ဣ​ဇာက်​သည် မိ​မိ​မ​ယား​ရေ​ဗ​က္က​နှင့်​က​စား​သည်​ကို၊ ဖိ​လိ​တ္တိ​မင်း​ကြီး​အ​ဘိ​မ​လက်​သည် ပြတင်း​ပေါက်​ဝ​က ကြည့်​မြင်​လျှင်၊

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também