Pular para o conteúdo
Publicidade

ယောဘ 28

12 သို့​ရာ​တွင်၊ ပ​ညာ​ကို​အ​ဘယ်​မှာ တွေ့​ရ​လိမ့်​မည်​နည်း။ ဉာဏ်​သည်​လည်း အ​ဘယ်​အ​ရပ်၌ နေ​သ​နည်း။ 13 ဉာဏ်​ပ​ညာ​အ​ဖိုး​ကို လူ​မ​သိ​နိုင်။ အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ၌ ရှာ၍​မ​တွေ့​နိုင်။ 14 နက်​နဲ​သော​အ​ရပ်​က ငါ၌​မ​ရှိ။ ပင်​လယ်​က​လည်း၊ ငါ၌​မ​ရှိ​ဟု ဆို​တတ်၏။ 15 ရွှေ​စင်​ကို​ပေး၍ ပ​ညာ​ကို​မ​ရ။ ငွေ​ကို​ချိန်၍ ပ​ညာ​အ​ဖိုး​ကို မ​မီ​နိုင်။ 16 ဩ​ဖိ​ရ​ရွှေ၊ မြတ်​သော​ရှ​ဟံ​ကျောက်၊ နီ​လာ​ကျောက်​နှင့် ဝယ်​သော်​လည်း မ​ရ​နိုင်။ 17 ရွှေ​ဖြစ်​စေ၊ ကျောက်​သ​လင်း​ဖြစ်​စေ မ​မီ​နိုင်။ ရွှေ​စင်​တန်​ဆာ​များ​နှင့် ဖ​လှယ်၍​မ​ရ​နိုင်။ 18 သ​န္တာ​နှင့်​ပု​လဲ​ကို ပြော​စ​ရာ​မ​ရှိ။ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍ အ​ဖိုး​ကြီး၏။ 19 ကု​ရှ​ဥဿ​ဖ​ရား​သည် မ​မီ​နိုင်။ အ​မြတ်​ဆုံး​သော​ရွှေ​နှင့် ဝယ်၍ မ​ရ​နိုင်။

20 သို့​ဖြစ်၍၊ ပ​ညာ​သည် အ​ဘယ်​က​လာ​သ​နည်း။ ဉာဏ်​သည် အ​ဘယ်​ဆီ​မှာ နေ​ရာ​ကျ​သ​နည်း။ 21 အ​သက်​ရှင်​သော သ​တ္တ​ဝါ​တစ်​စုံ​တစ်​ယောက်​မျှ ကြည့်၍​မ​မြင်​နိုင်။ မိုး​ကောင်း​ကင်​ငှက်​တို့​သည် ရှာ၍​မ​တွေ့​နိုင်။ 22 အ​ဗ​ဒ္ဒုန်​မင်း​နှင့် သေ​မင်း​တို့​က၊ ပ​ညာ၏​သ​တင်း​ကို နား​နှင့်​ကြား​ရုံ​မျှ​သာ​ရှိ​သည်​ဟု ဆို​တတ်​ကြ၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também