Publicidade

Jó 30

1 ယ​ခု​မူ​ကား၊ ငါ့​ထက်​အ​သက်​ငယ်​သော​သူ​တို့​သည် ငါ့​ကို ကဲ့​ရဲ့​တတ်​ကြ၏။ သူ​တို့​အ​ဘ​များ​ကို ငါ​သည်​ရွံ့​ရှာ၍၊ ငါ့​သိုး​စု​ကို​စောင့်​သော ခွေး​တို့​တွင်​မျှ နေ​ရာ​မ​ပေး။ 2 သူ​တို့​သည် အ​စွမ်း​သ​တ္တိ​ကုန်​ပြီး​မှ၊ ငါ့​အ​မှု​ကို အ​ဘယ်​သို့ ဆောင်​ရွက်​နိုင်​သ​နည်း။ 3 ဆင်း​ရဲ​ငတ်​မွတ်​သော​ကြောင့်၊ သူ​တစ်​ပါး​များ​နှင့် မ​ပေါင်း​ဖော်။ နက်​နဲ​သော​တော​အ​ရပ်​နှင့် လူ​ဆိတ်​ညံ​ရာ​အ​ရပ်​သို့ ပြေး​ကြ၏။ 4 စား​စ​ရာ​ဖို့ ချုံ​ပုတ်​နား​မှာ မ​လွှ​မြက်​ကို​ရိတ်၍၊ ရ​သမ်​မြစ်​ကို​လည်း တူး​ကြ၏။ 5 လူ​နေ​ရာ​မှ နှင်​ထုတ်​ခြင်း​ကို​ခံ​ရ၍၊ သူ​ခိုး​ကို​လိုက်​သ​ကဲ့​သို့ သူ​တစ်​ပါး​တို့​သည်​လိုက်၍ အော်​ဟစ်​ကြ၏။ 6 ကြောက်​မက်​ဖွယ်​သော တောင်​ကြား၊ မြေ​တွင်း၊ ကျောက်​ခေါင်း၌ နေ​ကြ၏။ 7 ချုံ​ပုတ်​အောက်​မှာ မြည်​တမ်း​လျက်၊ ဆူး​ပင်​အောက်​မှာ စု​ဝေး​လျက်​နေ​ကြ၏။ 8 လူ​မိုက်​သား၊ လူ​ယုတ်​သား​ဖြစ်၍၊ အ​ရပ်​ရပ် နှင်​ထုတ်​ခြင်း​ကို ခံ​ရ​ကြ၏။

9 ယ​ခု​မူ​ကား၊ ငါ​သည်​သူ​တို့​သီ​ချင်း​ဆို​ရာ၊ ကဲ့​ရဲ့​ပုံ​ခိုင်း​ရာ ဖြစ်​ပါ​သည်​တ​ကား။ 10 ငါ့​ကို​ရွံ​ရှာ၍ ဝေး​စွာ​ရှောင်​တတ်​ကြ၏။ ငါ့​မျက်​နှာ​ကို တံ​တွေး​နှင့်​မ​ထွေး​ဘဲ မ​နေ​ကြ။ 11 ဘု​ရား​သ​ခင်​သည် ငါ့​ကို​လေး​နှင့်​ပစ်၍ ညှဉ်း​ဆဲ​တော်​မူ​သော​ကြောင့်၊ သူ​တို့​သည် ငါ့​ရှေ့​မှာ​ဇက်​ကြိုး​ကို လွှတ်​တတ်​ကြ၏။ 12 သူ​ငယ်​တို့​သည် ငါ့​လက်​ယာ​ဘက်၌​ထ၍၊ ငါ့​ခြေ​ကို တွန်း​ကြ၏။ ငါ့​ကို​ဖျက်​ဆီး​ခြင်း​ငှာ လမ်း​ဖို့​ကြ၏။ 13 ငါ့​လမ်း​ကို​ဖျက်၍ ငါ့​ကို​လဲ​စေ​ခြင်း​ငှာ ကြိုး​စား​ကြ၏။ သူ​တို့​တွင် သ​တိ​ပေး​သော​သူ​မ​ရှိ။ 14 ကျယ်​သော တွင်း​ပေါက်၌ ဝင်​သ​ကဲ့​သို့၊ ငါ့​ကို​တိုက်၍ ဖြို​ဖျက်​ရာ​ကို ခို​လှုံ​လျက်၊ ငါ့​ထံ​သို့ တစ်​ဟုန်​တည်း ပြေး​လာ​ကြ၏။ 15 ကြောက်​မက်​ဖွယ်​သော အ​ရာ​တို့​သည် ငါ့​အ​ပေါ်​သို့​ရောက်၍၊ လေ​တိုက်​သ​ကဲ့​သို့ ငါ့​ဘုန်း​ကို လိုက်​သ​ဖြင့်၊ ငါ့​စည်း​စိမ်​သည် မိုး​တိမ်​ကဲ့​သို့ လွင့်​ကုန်​ပြီ။

16 ယ​ခု​မူ​ကား၊ ငါ့​နှ​လုံး​ကြေ​ကွဲ​ပြီ။ ဒု​က္ခ​ဆင်း​ရဲ​ခံ​ရာ​ကာ​လ​သည် ငါ့​ကို​မီ​ပြီ။ 17 ည​အ​ခါ ငါ့​အ​ရိုး​တို့​သည် အ​လွန်​ကိုက်​ခဲ၍၊ ငါ့​အ​ကြော​တို့​သည် သက်​သာ​ခြင်း မ​ရှိ​ရ​ကြ။ 18 ငါ့​အ​နာ​သည် ပြင်း​ထန်​သ​ဖြင့်၊ အ​ဝတ်​နှင့်​ဖုံး​လွှမ်း​သ​ကဲ့​သို့၊ ငါ့​ကို​ဖုံး​လွှမ်း၍ အင်္ကျီ​လည်​စွပ်​ကဲ့​သို့ ငါ့​ကို​စည်း​လျက်​နေ၏။ 19 ငါ့​ကို​ရွှံ့​ထဲ​သို့ တွန်း​ချ​တော်​မူ​သ​ဖြင့်၊ ငါ​သည် မြေ​မှုန့်​နှင့် မီး​ဖို​ပြာ​ကဲ့​သို့ ဖြစ်​လေ​ပြီ။ 20 ကိုယ်​တော်​အား အ​ကျွန်ုပ်​အော်​ဟစ်​သော်​လည်း ကြား​တော်​မ​မူ။ အ​ကျွန်ုပ်​သည် မတ်​တတ်​နေ​သော်​လည်း မှတ်​တော်​မ​မူ။ 21 အ​ကျွန်ုပ်​ကို ကြမ်း​တမ်း​စွာ​ပြု၍၊ အား​ကြီး​သော​လက်​တော်​နှင့် ညှဉ်း​ဆဲ​တော်​မူ၏။ 22 အ​ကျွန်ုပ်​ကို​ချီ​သွား၍၊ လေ​ကို​စီး​စေ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​ကို ဖြုတ်​လွှင့်​တော်​မူ၏။ 23 သေ​ခြင်း​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​ခပ်​သိမ်း​တို့​အ​ဖို့ စီ​ရင်​သော​နေ​ရာ​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။ 24 ဘု​ရား​သ​ခင်​သည် လက်​ဆန့်​တော်​မူ​သော​အ​ခါ၊ တောင်း​ပန်​သော်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ဖျက်​ဆီး​တော်​မူ​သော​အ​ခါ၊ အော်​ဟစ်​သော်​လည်း ကျေး​ဇူး​မ​ရှိ။ 25 အ​မှု​ရောက်​သော သူ​အ​တွက် ငါ​ငို​ကြွေး​ဖူး​ပြီ မ​ဟုတ်​လော။ ဆင်း​ရဲ​သော​သူ​အ​တွက် ငါ​စိတ်​နာ​ကြည်း​ဖူး​ပြီ မ​ဟုတ်​လော။ 26 သို့​သော်​လည်း၊ ငါ​သည် ကောင်း​ကျိုး​ကို မျှော်​လင့်​သော​အ​ခါ ဘေး​ရောက်​လာ၏။ အ​လင်း​ကို​တောင့်​တ​သော​အ​ခါ မှောင်​မိုက်​ဖြစ်၏။ 27 ငါ့​အ​သည်း​သည် ပူ​လောင်၍ ငြိမ်း​ခြင်း​မ​ရှိ။ ဒု​က္ခ​ဆင်း​ရဲ​ခံ​ရာ​ကာ​လ​သည် ငါ့​ကို​တွေ့​မိ​ပြီ။ 28 နေ​ရောင်​ကွယ်၍ မှောင်​မိုက်၌ လှည့်​လည်​ရ၏။ ပ​ရိ​သတ်​အ​လယ်၌ မတ်​တတ်​နေ၍ ကြွေး​ကြော်​ရ၏။ 29 မြေ​ခွေး​တို့​နှင့် ညီ​အစ်​ကို​တော်၏။ ကု​လား​အုတ်​ငှက်​တို့​နှင့် ပေါင်း​ဖော်​ရ၏။ 30 အ​ဆင်း​မည်း​လျက် အ​ရိုး​ပူ​လောင်​လျက်​ရှိ၏။ 31 ငါ့​စောင်း​သည် ညည်း​တွား​သော​အ​သံ၊ ငါ့​ပု​လွေ​သည် ငို​ကြွေး​သော​အ​သံ​ကို​သာ ပေး​တတ်၏။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-19_11-20-24-