4 မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဖော်ပြလော့။ 5 မြေကြီးအတိုင်းအရှည် ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင် ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ ချသနည်း။ 8 သမုဒ္ဒရာသည် အမိဝမ်းထဲက ဖွား၍ထွက်လာသောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထားသနည်း။ 12 သင်သည် တစ်သက်လုံးတွင် တစ်ခါမျှ နံနက်ကို မှာထားဖူးသလော။ မိုးသောက်လင်းကို နေရာချဖူးသလော။
31 သင်သည် ခိမကြယ်စု၏ သာယာစွာပြုပြင်ခြင်းကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင်ခြင်းကို ဖြည်နိုင်သလော။ယောဘ၊ ၉:၉၊အာ၊ ၅:၈။