Pular para o conteúdo
Publicidade

ရှင်မဿဲ 18

အ​ဘယ်​သူ​သာ၍​ကြီး​မြတ်​သ​နည်း

1 ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍ ကောင်း​ကင်​နိုင်​ငံ​တော်၌ အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ် ပါ​အံ့​နည်း​ဟု မေး​လျှောက်​ကြ​သော်၊-လု၊ ၂၂:၂၄။2 သူ​ငယ်​တစ်​ယောက်​ကို ခေါ်​တော်​မူ၍၊ တ​ပည့်​တော်​တို့​အ​လယ်၌ ထား​ပြီး​မှ၊- 3 ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ သူ​ငယ်​ကဲ့​သို့​မ​ဖြစ်​လျှင် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ရောက်​ရ​ကြ။-မာ၊ ၁၀:၁၅။ လု၊ ၁၈:၁၇။4 ထို​ကြောင့် အ​ကြင်​သူ​သည် ဤ​သူ​ငယ်​ကဲ့​သို့ မိ​မိ​ကိုယ်​မိ​မိ နှိမ့်​ချ​အံ့၊ ထို​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်၌ သာ၍ ကြီး​မြတ်​လိမ့်​မည်။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também