Pular para o conteúdo
Publicidade

သုတ္တံ 18

1 သူ​တစ်​ပါး​များ​နှင့် မ​ရော​နှော​သော​သူ​သည် မိ​မိ​စေ​တ​နာ​အ​လို​ရှိ​သည်​အ​တိုင်း ရှာ​ဖွေ၍၊ ပ​ညာ​ရ​တ​နာ​အ​မျိုး​မျိုး​ကို စူး​စမ်း​မွှေ​နှောက်​တတ်၏။ 2 မိုက်​သော​သူ​မူ​ကား၊ မိ​မိ​စိတ်​သ​ဘော​ကို ပြ​စ​ရာ​အ​ခွင့်​မှ​တစ်​ပါး၊ အ​ခြား​သော​အ​ကြောင်း​ကြောင့် ဉာဏ်​ပ​ညာ၌ မ​ပျော်​မွေ့​တတ်။ 3 မ​တ​ရား​သော​သူ​လာ​သော​အ​ခါ၊ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​ရ၏။ ဂုဏ်​အ​သ​ရေ​ပျက်​သော​အ​ခါ၊ ကဲ့​ရဲ့​ခြင်း​ကို​လည်း ခံ​ရ၏။ 4 နှုတ်​ထွက်​သော​စ​ကား​သည် နက်​သော​ရေ​ကဲ့​သို့​လည်း​ကောင်း၊ ပ​ညာ​စမ်း​ရေ​တွင်း​သည် ရေ​စီး​သော မြစ်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်၏။ 5 တ​ရား​တွေ့​ရာ​အ​မှု၌ ဖြောင့်​မတ်​သော​သူ​ကို ရှုံး​စေ​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ၏​မျက်​နှာ​ကို မ​ထောက်​ကောင်း။ 6 မိုက်​သော​သူ၏ နှုတ်​ခမ်း​တို့​သည် ရန်​တွေ့​တတ်၏။ သူ၏​နှုတ်​သည်​လည်း အ​ပြစ်​ဒဏ်​ကို တောင်း​တတ်၏။ 7 မိုက်​သော​သူ၏​နှုတ်​သည် ပျက်​စီး​ရာ​အ​ကြောင်း၊ နှုတ်​ခမ်း​တို့​သည်​လည်း မိ​မိ​အ​သက်​ကို ကျော့​မိ​ရာ​အ​ကြောင်း​ဖြစ်၏။ 8 ကုန်း​တိုက်​သော​သူ၏​စ​ကား​သည် မြိန်​သော ခဲ​ဖွယ်​စား​ဖွယ်​ကဲ့​သို့​ဖြစ်၍၊ ဝမ်း​အ​တွင်း​သို့ ဝင်​တတ်၏။ 9 အ​လုပ်​လုပ်​သော​အ​ခါ ပျင်း​ရိ​သော​သူ​သည်၊ မိ​မိ​ဥ​စ္စာ​ကို အ​ချည်း​နှီး​ကုန်​စေ​သော​သူ​နှင့် ညီ​အစ်​ကို​တော်​ပေ၏။ 10 ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​သည် ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ပြေး​ဝင်​သ​ဖြင့်၊ လုံ​ခြုံ​စွာ​နေ​ရ​ကြ၏။ 11 ငွေ​ရ​တတ်​သော​သူ​က၊ ငါ့​စည်း​စိမ်​သည် ခိုင်​ခံ့​သော​မြို့ ဖြစ်၏။ မြင့်​သော​မြို့​ရိုး​နှင့် တူ​သည်​ဟု ထင်​တတ်၏။ 12 ပျက်​စီး​ခြင်း​အ​ရင်၌ လူ​သည် စိတ်​မြင့်​ခြင်း၏​နေ​ရာ၊ ဂုဏ်​အ​သ​ရေ​အ​ရင်၌ နှိမ့်​ချ​ခြင်း၏​နေ​ရာ​ရှိ၏။ 13 အ​ကျိုး​အ​ကြောင်း​ကို မ​စစ်​မီ၊ အ​မှု​စီ​ရင်​သော​သူ​သည် မိုက်​သော​အ​ပြစ်၊ အ​ရှက်​ကွဲ​ရ​သော​အ​ပြစ်​ရှိ၏။

14 လူ၏​စိတ်​ဝိ​ညာဉ်​သည် မိ​မိ​နာ​ခြင်း​ဝေ​ဒ​နာ​ကို ခံ​နိုင်၏။ ကြေ​ကွဲ​သော​စိတ်​ကို​ကား၊ အ​ဘယ်​သူ သည်း​ခံ​နိုင်​သ​နည်း။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também