17 ၁.၁၇ ဗျာ ၂.၈; ၂၂.၁၃ငါဟှာ အယ်လူဟှို ဗြင်ဟှူ ခီမာ သူ့ရဲ့ ခေရင်းမာ လဲက္လဘီး လူသေမျိုး ဖြစ်ဟှားဟှယ်။ အယ်ခီမာ သူဟှာ ငါ့ထတ်ဟှို သူ့ရဲ့ညာလတ်ဟှို တန်ဘီးဟှာ "ကြော့-က်န။ ငါဟှာ ဦးဆောင်းန နော့-က်ဆောင်းဖြစ်ဟှယ်။ 18 ငါဟှာ သတ်ရှင်ဟှူသူလည်း ဖြစ်ဟှယ်။ ငါဟှာ ရင်သေဟှားဟှယ်။ အယ်ဘေမဲ့ ကေ့ကေ့ ငါဟှာ ကမ္ဘာဆစ်ဆစ် သတ်ရှင်နေဟှယ်။ ငါဟှာ သေရှင်းတရားန မရဏာနိုင်ငံရဲ့ သော့-က်လေဟှိုလည်း ကိုင်ဟှားဘီး စိုးရဟှယ်။