သိုးသားဂန်းဟှားန လူ ၁၄၄,၀၀၀
1 ၁၄.၁ ဗျာ ၇.၃ အယ်ဘီးန ငါကေ့လိုက်ဟှူ ခီမာ သိုးသားဂန်းဟှားဟှာ ဇိအုန်တောန်ထတ်မာ ရပ်နေဟှယ်။ သိုးသားဂန်ဟှားရဲ့ နာမန ဖဘုရားသခင်ရဲ့ နာမလေဟှို သူးနို့ရဲ့ ဖူးမာရေးဟှားဟှူသူ ၁၄၄,၀၀၀ လေဟှာ သိုးသားဂန်းဟှားန တူးဒူရှိနေဂေ့ဟှယ်။ 2 အယ်ဘီးန ရေကဒန်ဟှက္လဟှူ ရေသံနရော၊ ရရာတိုင်းက္လယ်ဟှူ မိုးကြိုးသံနတူဟှူ ကောန်းဂန်ဟှသံဟှို ငါကြားရဟှယ်။ ငါကြားရဟှူ အယ်သံဟှာ စောန်းသမားလေဟှာ သူးနို့လေရဲ့ စောန်းလေဟှို တီးနေဟှူ သံနလည်းတူဟှယ်။ 3 သူးနို့ဟှာ ပလ္လင်ရှေ့မာရော၊ သတ္တဝါလေးပါးန သတ်ကီးဝါဂီးလေရဲ့ ဇာတ်ပေါ့-က်လေ ရှေ့မာရော ချင်းသစ်ဟှို ဆိုဂေ့ဟှယ်။ မ္လေဂီးထတ်မာ ဝီးကော့-က်ဘီး ကယ်တန်ခံရဟှူသူ ၁၄၄,၀၀၀ ဟှ လွှဲဘီးဟှာ ဖယ်သူလည်း အယ်ချင်းဟှို သန်ယူနိုင်ဟှ။ 4 အယ်သူလေဟှာ မီးမလေန ညစ်ညူးစေဘဲဟှူ သူလေဖြစ်ဂေ့ဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ သူးနို့ဟှာ လူပျိုစစ်စစ်ဖြစ်ဂေ့ဟှယ်။ သူးနို့ဟှာ သိုးသားဂန်းဟှား သွားဟှူနေရာဟှို လိုက်ဂေ့ဟှူသူလေ ဖြစ်ဂေ့ဘီး ဘုရားသခင်န သိုးသားဂန်းဟှားတွပ် ဦးသီးဖြစ်ဘီး လူလေထဲမာ ဝီးကော့-က်ခံရဟှူ သူလေဖြစ်ဂေ့ဟှယ်။ 5 သူးနို့ရဲ့ ဇပ်ပေါ့-က်မာ လီညာရှင်း မှေ့ဟှ။ သူးနို့ဟှာ ပြစ်တန်ဇာမှေ့ဘဲသူလေ ဖြစ်ဂေ့ဟှယ်။