11 အယ်ဘီးန ငါကေ့လိုက်ဟှူ ခီမာ ကောန်းဂန်ဟှာ ပွမ့်နေဘီး ဗြင်းဖ္လူတကောန် ရှိဟှယ်။ ဗြင်းထတ်မာ ထိုင်နေဟှူသူဟှာ သစ်စာရှိဟှူသူ၊ မှန်ကန်ဟှူသူ ဆိုဘီး ခေါ်ရှင်းဟှို ခံရဟှယ်။ သူဟှာ ဖြောန့်ဖြောန့်မတ်မတ်ဟှား တရားစီရင်ဘီး စစ်တိုက်လေဟှယ်။ 12 သူ့ရဲ့ မျစ်စိလေဟှာ မီးလျှံမျိုးဖြစ်ဘီး သူ့ရဲ့ ခေါန်းထတ်မာ သရဖူလေ ဆောန်းဟှားဟှယ်။ သူ့မာရေးဟှားဟှူ နာမတခုရှိဘီး အယ်ဇာဟှို သူကိုယ်တိုင်ဘဲ့သိဘီး ဖယ်သူလည်းသိဟှ။ 13 သူဟှာ သွီးန နှစ်ဟှားဟှူဝတ်ဟှို ဝတ်ဟှားဘီး သူ့ရဲ့နာမယ်ဟှာ ဘုရားသခင်ရဲ့ စကားတော် ဆိုဘီး ခေါ်ဟှယ်။ 14 ကောန်းဂန် ဗိုလ်ခေလေဟှာ စင်ကြယ်ဟှူ ပိချောထည်ဟှို ဝတ်ဟှားဂေ့ဘီး ဗြင်းဖ္လူဟှို စီးဘီးဟှာ သူ့နော့-က်ဟှို လိုက်ဂေ့ဟှယ်။ 15 ၁၉.၁၅ ဗျာ ၁၄.၂၀လူမျိုးဘောန်းဇောင်ဟှို နှိမ်နင်းဟှို့တွပ် ထတ်ဟှူ သန်လျက်ဟှာ သူ့ရဲ့ ဇပ်ပေါ့-က်ထဲဟှ ထွပ်နေဟှယ်။ သူဟှာ အယ်သူလေဟှို သံလှံတံန အောက်စိုးလေ့မယ်။ သူဟှာ အနန္တတဂိုးန ပ္လဲ့ဇောင်ဟှူ ဘုရားသခင်ရဲ့ မျစ်တော်န ဆိုင်ဘီး ပြင်းထန်ဟှူ စဗျစ်ဝိုင်န စဗျစ်သီးနယ်ဟှူ တွမ်းဟှို တတ်နန်းလေ့မယ်။ 16 သူ့ရဲ့ဝတ်န ပေါန်မာ မန်းဂီးလေရဲ့ မန်းဂီး၊ သခင်လေရဲ့ သခင် ဆိုဘီး ရေဟှားဟှူ ဘွဲ့နာမရှိဟှယ်။
Publicidade
Apocalipse 19
ဗြင်းဖ္လူစီးဟှူသူကြောန်း