နော့-က်ဆောင်း တရားစီရင်ဟှူကြောန်း
11 အယ်ဘီးန ဖ္လူဟှူပလ္လင်ဂီးန အယ်ပလ္လင်ထတ်မာ ထိုင်နေဟှူ သခင်ဟှို ငါဟှာ ဗြင်ရဟှယ်။ ကောန်းဂန်န မ္လေဂီးဟှာ အယ်သခင်ရဲ့ရှေ့မာ ပျော့-က်ဟှားဘီးဟှာ နေဟှို့နေရာ မှေ့ဟှမ်း။ 12 ရင်ဟှသေဟှားဂေ့ဟှူ ကီးငယ်လေဟှာ ပလ္လင်ရှေ့မာ ရပ်နေရှင်းဟှို ငါဗြင်ရဟှယ်။ စာစောန်လေဟှို ဖွမ့်ဟှားဘီး သတ်စာစောန်န တခြားစာစောန်ဟှိုလည်း ဖွမ့်ဟှားဟှယ်။ ရင်ဟှသေဟှားဟှူ သူလေဟှာ အယ်စာစောန်လေမာ ရေးဟှားတိုင်း သူးနို့လေရဲ့ လောက်ဟှူမှုလေတိုင်းဘဲ တရားစီရင်ရှင်းဟှို ခံရဂေ့ဟှယ်။ 13 ပန်လယ်ဟှာ သူမာရှိဟှူ လူသေလေဟှို ပေးလေဟှယ်။ သေရှင်းန မရဏာနိုင်ငံလေဟှလည်း သူ့မာရှိဟှူ လူသေလေဟှို ပေးလေဟှယ်။ အယ်ခီမာ လူလေ ဂူလောင်းဟှာ သူးနို့ လောက်ဟှားဟှူတိုင်း တရားစီရင်ရှင်းဟှို ခံရဂေ့ဟှယ်။ 14 အယ်ဘီးန သေရှင်းန မရဏာနိုင်ငံဟှလည်း မီးအိုင်ထဲဟှို ပစ်ခ္လရှင်းဟှို ခံရဂေ့လေ့မယ်။ (အယ်မီးအိုင်ဟှာ ဒုတိယ သေရှင်း ဖြစ်ဟှယ်။) 15 သတ်စာစောန်မာ စာရင်းဝမ်ဘဲဟှူသူ ရှိမျှဟှိုလည်း မီးအိုင်ထဲဟှို ပစ်ခ္လရှင်းဟှို ခံရဂေ့ဟှယ်။