10 အယ်ကောန်းဂန်တမန်ဟှ ရရာတိုင်း ကီးဘီး ဗြစ်ဟှူတောန်ထတ်ဟှို ဝိညာဉ်တော်အားဖြင့် ငါ့ဟှို ခေါ်ဆောန်ဟှားဘီး ဘုရားသခင်နားဟှ ကောန်းဂန်ထတ်ဟှ ဆင်းလာဟှူ သန့်ရှင်းဟှူ ယေရုရှလင်ဗြို့ဟှို ငါ့ဟှို ပြလေဟှယ်။ 11 အယ်ဗြို့ဟှာ ဘုရားသခင်ရဲ့ ဖောင်းသရေတော်န ပ္လဲ့ဇောင်ဘီး လန်းရောန်ဟှာ က္လော့-က်မြတ်ရတနာနတူဘီး က္လော့-က်သလင်းမျိုး ရရာတိုင်း လန်းနေဟှူ နဂါးသွဲ့က္လော့-က်မျိုး ဖြစ်ဟှယ်။ 12 အယ်ဗြို့မာ ရရာတိုင်း ကီးဘီး ဗြစ်ဟှူဗြို့ရိုးရှိဘီး ခွဗော့-က်ဆယ်နှေ့ပေါ့-က် ရှိဟှယ်။ ခွဗော့-က်လေမာ ကောန်းဂန်တမန် ဆယ့်နှေ့ပါးရှိဘီး အယ်ခွဗော့-က်ထတ်မာ ဣသရေလလူမျိုးလေရဲ့ မျိုးနွယ်စု ဆယ့်နှေ့နွယ်လေရဲ့ နာမယ်လေဟှို ရေးဟှားဟှယ်။ 13 ရှေ့ဖတ်မာ ခွဗော့-က်သောင်းပေါ့-က်၊ မြော့-က်ဖတ်မာ ခွဗော့-က်သောင်းပေါ့-က်၊ တောန်ဖတ်မာ ခွဗော့-က်သောင်းပေါ့-က်၊ နော့-က်ဖတ်မာ ခွဗော့-က်သောင်းပေါ့-က် ရှိဟှယ်။ 14 ဗြို့ရိုးဟှာ အုပြစ်ဆယ့်နှေ့ခုရှိဘီး အယ်ထတ်မာ သိုးသားဂန်းဟှားရဲ့ တမန်တော် ဆယ့်နှေ့ပါးလေရဲ့ နာမယ်ဆယ့်နှေ့ခုဟှို ရေးဟှားဟှယ်။
Publicidade