12 အယ်ဗြို့မာ ရရာတိုင်း ကီးဘီး ဗြစ်ဟှူဗြို့ရိုးရှိဘီး ခွဗော့-က်ဆယ်နှေ့ပေါ့-က် ရှိဟှယ်။ ခွဗော့-က်လေမာ ကောန်းဂန်တမန် ဆယ့်နှေ့ပါးရှိဘီး အယ်ခွဗော့-က်ထတ်မာ ဣသရေလလူမျိုးလေရဲ့ မျိုးနွယ်စု ဆယ့်နှေ့နွယ်လေရဲ့ နာမယ်လေဟှို ရေးဟှားဟှယ်။ 13 ရှေ့ဖတ်မာ ခွဗော့-က်သောင်းပေါ့-က်၊ မြော့-က်ဖတ်မာ ခွဗော့-က်သောင်းပေါ့-က်၊ တောန်ဖတ်မာ ခွဗော့-က်သောင်းပေါ့-က်၊ နော့-က်ဖတ်မာ ခွဗော့-က်သောင်းပေါ့-က် ရှိဟှယ်။ 14 ဗြို့ရိုးဟှာ အုပြစ်ဆယ့်နှေ့ခုရှိဘီး အယ်ထတ်မာ သိုးသားဂန်းဟှားရဲ့ တမန်တော် ဆယ့်နှေ့ပါးလေရဲ့ နာမယ်ဆယ့်နှေ့ခုဟှို ရေးဟှားဟှယ်။
Publicidade