1 အယ်ဘီးန ကောန်းဂန်တမန်ဟှာ က္လော့-က်သလင်းမျိုး ရရာတိုင်း လန်းဘီး တော့-က်ပနေဟှူ သတ်ရေစီးဟှူမ္လစ်ဟှို ငါ့ဟှို ပြလေဟှယ်။ အယ်မ္လစ်ဟှာ ဘုရားသခင်န သိုးသားဂန်းဟှားရဲ့ ပလ္လင်ဟှထွပ်ဘီး
5 ညဉ့်လည်းရှိဟှို့ မှုဘီ။ ဘုရားသခင်ဟှာ သူးနို့ဟှို လန်းရောန်ပေးဟှားဟှူကြောန့် ဆီမီးရဲ့ လန်းရောန်န နေရဲ့ လန်းရောန်လေဟှိုလည်း လိုအပ်ဟှို့ မှုဘီ။ သူးနို့ဟှာ ကမ္ဘာဆစ်ဆစ် အောက်စိုးဂေ့လေ့မယ်။