1 အယ်ဘီးန ကောန်းဂန်တမန်ဟှာ က္လော့-က်သလင်းမျိုး ရရာတိုင်း လန်းဘီး တော့-က်ပနေဟှူ သတ်ရေစီးဟှူမ္လစ်ဟှို ငါ့ဟှို ပြလေဟှယ်။ အယ်မ္လစ်ဟှာ ဘုရားသခင်န သိုးသားဂန်းဟှားရဲ့ ပလ္လင်ဟှထွပ်ဘီး 2 ဗြို့ရဲ့ လမ်းမလယ် တရှော့-က်လောင်းဟှို စီးဆင်းနေဟှယ်။ မ္လစ်ရဲ့ တဖတ်မာ ဆယ့်နှေ့မျိုးသီးဟှူ၊ တလဟှို တခါသီးဟှူ၊ ဆယ့်နှေ့ခါသီးဟှူ သတ်ပန်ရှိဟှယ်။ အယ်ပန်ရဲ့ ဝပ်ဟှ လူမျိုးဘောန်းဇောင်ဟှို ကျန်းမာစေဟှယ်။ 3 ကီဆဲခံရဇာ ခုလည်း ရှိဟှို့မှုဘီ။
ဘုရားသခင်န သိုးသားဂန်းဟှားရဲ့ ပလ္လင်ဟှာ အယ်ဗြို့မာရှိဘီး ကိုယ်တော်ရဲ့ စေခံလေဟှာ ကိုယ်တော့်ဟှို ကိုးကွယ်ဂေ့လေ့မယ်။ 4 သူးနို့ဟှာ ကိုယ်တော်ရဲ့ မျစ်နှာဟှို ဗြင်ရဂေ့လေ့မယ်။ ကိုယ်တော်ရဲ့ နာမတော်ဟှလည်း သူးနို့ဖူးမာ ရှိဂေ့လေ့မယ်။ 5 ညဉ့်လည်းရှိဟှို့ မှုဘီ။ ဘုရားသခင်ဟှာ သူးနို့ဟှို လန်းရောန်ပေးဟှားဟှူကြောန့် ဆီမီးရဲ့ လန်းရောန်န နေရဲ့ လန်းရောန်လေဟှိုလည်း လိုအပ်ဟှို့ မှုဘီ။ သူးနို့ဟှာ ကမ္ဘာဆစ်ဆစ် အောက်စိုးဂေ့လေ့မယ်။