သာဒိသင်းတော်တွပ် ဒန်းစကား
1 "သာဒိဗြို့မာရှိဟှူ သင်းတော်ရဲ့ စေတမန်ဟှို အယ်မျိုးရေးလိုက်ဟှယ်။
"ဘုရားသခင်ရဲ့ဝိညာဉ် ခွန်နစ်ပါးန ကြယ်ခွန်နစ်လောင်းရှိဟှူသူဟှ အယ်မျိုးမိန့်တော်မူဟှယ်။ နန့်ရဲ့ လောက်ဆောန်ရှင်းလေဟှို ငါသိဟှယ်။ နန်ဟှာ သတ်ရှင်နေဟှယ် ဆိုဘီး နာမယ်ခံဘေမဲ့ သေနေဟှူလူ ဖြစ်ဟှယ်။ 2 ဒိနစောန့်နေပါ။ သေခါနီးဖြစ်နေဘီး ကျန်နေဟှူသူလေဟှို ခိုင်ခံ့စေပါ။ ဖြားဖြစ်ကြောန်းနူးဆိုဟှာ နန့်ရဲ့ လောက်ဆောန်ရှင်းလေဟှာ ငါ့ရဲ့ ဘုရားသခင်ရှေ့မာ ပြစ်ပြောဇာရှိသေးဟှယ် ဆိုဇာ ငါဗြင်ရဟှယ်။