7 သိုးသားဂန်းဟှားဟှာ စတုတ္တတဇိဟှို ဖွမ့်လိုက်ဟှူ ခီမာ စတုတ္တသတ္တဝါဟှ "လာဂေ့" ဆိုဘီး ပြောဇာဟှို ငါကြားရဟှယ်။ 8 ငါကေ့လိုက်ဟှူ ခီမာ ဗြင်းမွဲတကောန်ဟှို တွိရဟှယ်။ အယ်ဗြင်းထတ်မာ စီးနေဟှူသူဟှာ သေမန်း ဆိုဘီး နာမယ်ဖြစ်ဟှယ်။ သူ့ရဲ့နော့-က်မာ မရဏာနိုင်ငံ၆.၈ မရဏာနိုင်ငံ၊ လူသေလေရဲ့ ကမ္ဘာ (ရှု ၁.၁၈)။ဟှာ လိုက်လာဟှယ်။ သူးနို့ဟှာ ထားဘေးနရော၊ ငတ်မွတ်ခေါန်ပါးဟှူ ဘေးနရော၊ သေဘေးနရော၊ မ္လေဂီးထတ်မာရှိဟှူ သားရဲလိဆန်ဘေးနရော လူလေဟှို သတ်ဟှို့တွပ် မ္လေဂီးရဲ့ လေးပေါင်တပေါင် ခွမ့်အာဏာဟှို ရဂေ့ဟှယ်။
Publicidade