Pular para o conteúdo
Publicidade Remover anúncios

2 Kings 5

WLC · Westminster Leningrad Codex

1 וְ֠נַעֲמָן שַׂר־צְבָ֨א מֶֽלֶךְ־אֲרָ֜ם הָיָ֣ה אִישׁ֩ גָּד֨וֹל לִפְנֵ֤י אֲדֹנָיו֙ וּנְשֻׂ֣א פָנִ֔ים כִּֽי־ב֛וֹ נָֽתַן־יְהוָ֥ה תְּשׁוּעָ֖ה לַאֲרָ֑ם וְהָאִ֗ישׁ הָיָ֛ה גִּבּ֥וֹר חַ֖יִל מְצֹרָֽע׃ 2 וַאֲרָם֙ יָצְא֣וּ גְדוּדִ֔ים וַיִּשְׁבּ֛וּ מֵאֶ֥רֶץ יִשְׂרָאֵ֖ל נַעֲרָ֣ה קְטַנָּ֑ה וַתְּהִ֕י לִפְנֵ֖י אֵ֥שֶׁת נַעֲמָֽן׃ 3 וַתֹּ֨אמֶר֙ אֶל־גְּבִרְתָּ֔הּ אַחֲלֵ֣י אֲדֹנִ֔י לִפְנֵ֥י הַנָּבִ֖יא אֲשֶׁ֣ר בְּשֹׁמְר֑וֹן אָ֛ז יֶאֱסֹ֥ף אֹת֖וֹ מִצָּרַעְתּֽוֹ׃ 4 וַיָּבֹ֕א וַיַּגֵּ֥ד לַאדֹנָ֖יו לֵאמֹ֑ר כָּזֹ֤את וְכָזֹאת֙ דִּבְּרָ֣ה הַֽנַּעֲרָ֔ה אֲשֶׁ֖ר מֵאֶ֥רֶץ יִשְׂרָאֵֽל׃ 5 וַיֹּ֤אמֶר מֶֽלֶךְ־אֲרָם֙ לֶךְ־בֹּ֔א וְאֶשְׁלְחָ֥ה סֵ֖פֶר אֶל־מֶ֣לֶךְ יִשְׂרָאֵ֑ל וַיֵּלֶךְ֩ וַיִּקַּ֨ח בְּיָד֜וֹ עֶ֣שֶׂר כִּכְּרֵי־כֶ֗סֶף וְשֵׁ֤שֶׁת אֲלָפִים֙ זָהָ֔ב וְעֶ֖שֶׂר חֲלִיפ֥וֹת בְּגָדִֽים׃ 6 וַיָּבֵ֣א הַסֵּ֔פֶר אֶל־מֶ֥לֶךְ יִשְׂרָאֵ֖ל לֵאמֹ֑ר וְעַתָּ֗ה כְּב֨וֹא הַסֵּ֤פֶר הַזֶּה֙ אֵלֶ֔יךָ הִנֵּ֨ה שָׁלַ֤חְתִּי אֵלֶ֨יךָ֙ אֶת־נַעֲמָ֣ן עַבְדִּ֔י וַאֲסַפְתּ֖וֹ מִצָּרַעְתּֽוֹ׃ 7 וַיְהִ֡י כִּקְרֹא֩ מֶֽלֶךְ־יִשְׂרָאֵ֨ל אֶת־הַסֵּ֜פֶר וַיִּקְרַ֣ע בְּגָדָ֗יו וַיֹּ֨אמֶר֙ הַאֱלֹהִ֥ים אָ֨נִי֙ לְהָמִ֣ית וּֽלְהַחֲי֔וֹת כִּֽי־זֶה֙ שֹׁלֵ֣חַ אֵלַ֔י לֶאֱסֹ֥ף אִ֖ישׁ מִצָּֽרַעְתּ֑וֹ כִּ֤י אַךְ־דְּעֽוּ־נָא֙ וּרְא֔וּ כִּֽי־מִתְאַנֶּ֥ה ה֖וּא לִֽי׃ 8 וַיְהִ֞י כִּשְׁמֹ֣עַ ׀ אֱלִישָׁ֣ע אִישׁ־הָאֱלֹהִ֗ים כִּֽי־קָרַ֤ע מֶֽלֶךְ־יִשְׂרָאֵל֙ אֶת־בְּגָדָ֔יו וַיִּשְׁלַח֙ אֶל־הַמֶּ֣לֶךְ לֵאמֹ֔ר לָ֥מָּה קָרַ֖עְתָּ בְּגָדֶ֑יךָ יָבֹֽא־נָ֣א אֵלַ֔י וְיֵדַ֕ע כִּ֛י יֵ֥שׁ נָבִ֖יא בְּיִשְׂרָאֵֽל׃ 9 וַיָּבֹ֥א נַעֲמָ֖ן בסוסו וּבְרִכְבּ֑וֹ וַיַּעֲמֹ֥ד פֶּֽתַח־הַבַּ֖יִת לֶאֱלִישָֽׁע׃ 10 וַיִּשְׁלַ֥ח אֵלָ֛יו אֱלִישָׁ֖ע מַלְאָ֣ךְ לֵאמֹ֑ר הָל֗וֹךְ וְרָחַצְתָּ֤ שֶֽׁבַע־פְּעָמִים֙ בַּיַּרְדֵּ֔ן וְיָשֹׁ֧ב בְּשָׂרְךָ֛ לְךָ֖ וּטְהָֽר׃ 11 וַיִּקְצֹ֥ף נַעֲמָ֖ן וַיֵּלַ֑ךְ וַיֹּאמֶר֩ הִנֵּ֨ה אָמַ֜רְתִּי אֵלַ֣י ׀ יֵצֵ֣א יָצ֗וֹא וְעָמַד֙ וְקָרָא֙ בְּשֵׁם־יְהוָ֣ה אֱלֹהָ֔יו וְהֵנִ֥יף יָד֛וֹ אֶל־הַמָּק֖וֹם וְאָסַ֥ף הַמְּצֹרָֽע׃ 12 הֲלֹ֡א טוֹב֩ אבנה וּפַרְפַּ֜ר נַהֲר֣וֹת דַּמֶּ֗שֶׂק מִכֹּל֙ מֵימֵ֣י יִשְׂרָאֵ֔ל הֲלֹֽא־אֶרְחַ֥ץ בָּהֶ֖ם וְטָהָ֑רְתִּי וַיִּ֖פֶן וַיֵּ֥לֶךְ בְּחֵמָֽה׃ 13 וַיִּגְּשׁ֣וּ עֲבָדָיו֮ וַיְדַבְּר֣וּ אֵלָיו֒ וַיֹּאמְר֗וּ אָבִי֙ דָּבָ֣ר גָּד֗וֹל הַנָּבִ֛יא דִּבֶּ֥ר אֵלֶ֖יךָ הֲל֣וֹא תַעֲשֶׂ֑ה וְאַ֛ף כִּֽי־אָמַ֥ר אֵלֶ֖יךָ רְחַ֥ץ וּטְהָֽר׃ 14 וַיֵּ֗רֶד וַיִּטְבֹּ֤ל בַּיַּרְדֵּן֙ שֶׁ֣בַע פְּעָמִ֔ים כִּדְבַ֖ר אִ֣ישׁ הָאֱלֹהִ֑ים וַיָּ֣שָׁב בְּשָׂר֗וֹ כִּבְשַׂ֛ר נַ֥עַר קָטֹ֖ן וַיִּטְהָֽר׃ 15 וַיָּשָׁב֩ אֶל־אִ֨ישׁ הָאֱלֹהִ֜ים ה֣וּא וְכָֽל־מַחֲנֵ֗הוּ וַיָּבֹא֮ וַיַּעֲמֹ֣ד לְפָנָיו֒ וַיֹּ֗אמֶר הִנֵּה־נָ֤א יָדַ֨עְתִּי֙ כִּ֣י אֵ֤ין אֱלֹהִים֙ בְּכָל־הָאָ֔רֶץ כִּ֖י אִם־בְּיִשְׂרָאֵ֑ל וְעַתָּ֛ה קַח־נָ֥א בְרָכָ֖ה מֵאֵ֥ת עַבְדֶּֽךָ׃ 16 וַיֹּ֕אמֶר חַי־יְהוָ֛ה אֲשֶׁר־עָמַ֥דְתִּי לְפָנָ֖יו אִם־אֶקָּ֑ח וַיִּפְצַר־בּ֥וֹ לָקַ֖חַת וַיְמָאֵֽן׃ 17 וַיֹּאמֶר֮ נַעֲמָן֒ וָלֹ֕א יֻתַּן־נָ֣א לְעַבְדְּךָ֔ מַשָּׂ֥א צֶֽמֶד־פְּרָדִ֖ים אֲדָמָ֑ה כִּ֡י לֽוֹא־יַעֲשֶׂה֩ ע֨וֹד עַבְדְּךָ֜ עֹלָ֤ה וָזֶ֨בַח֙ לֵאלֹהִ֣ים אֲחֵרִ֔ים כִּ֖י אִם־לַיהוָֽה׃ 18 לַדָּבָ֣ר הַזֶּ֔ה יִסְלַ֥ח יְהוָ֖ה לְעַבְדֶּ֑ךָ בְּב֣וֹא אֲדֹנִ֣י בֵית־רִמּוֹן֩ לְהִשְׁתַּחֲוֺ֨ת שָׁ֜מָּה וְה֣וּא ׀ נִשְׁעָ֣ן עַל־יָדִ֗י וְהִֽשְׁתַּחֲוֵ֨יתִי֙ בֵּ֣ית רִמֹּ֔ן בְּהִשְׁתַּחֲוָיָ֨תִי֙ בֵּ֣ית רִמֹּ֔ן יִסְלַח־נא יְהוָ֥ה לְעַבְדְּךָ֖ בַּדָּבָ֥ר הַזֶּֽה׃ 19 וַיֹּ֥אמֶר ל֖וֹ לֵ֣ךְ לְשָׁל֑וֹם וַיֵּ֥לֶךְ מֵאִתּ֖וֹ כִּבְרַת־אָֽרֶץ׃ ס 20 וַיֹּ֣אמֶר גֵּיחֲזִ֗י נַעַר֮ אֱלִישָׁ֣ע אִישׁ־הָאֱלֹהִים֒ הִנֵּ֣ה ׀ חָשַׂ֣ךְ אֲדֹנִ֗י אֶֽת־נַעֲמָ֤ן הָֽאֲרַמִּי֙ הַזֶּ֔ה מִקַּ֥חַת מִיָּד֖וֹ אֵ֣ת אֲשֶׁר־הֵבִ֑יא חַי־יְהוָה֙ כִּֽי־אִם־רַ֣צְתִּי אַחֲרָ֔יו וְלָקַחְתִּ֥י מֵאִתּ֖וֹ מְאֽוּמָה׃ 21 וַיִּרְדֹּ֥ף גֵּיחֲזִ֖י אַחֲרֵ֣י נַֽעֲמָ֑ן וַיִּרְאֶ֤ה נַֽעֲמָן֙ רָ֣ץ אַחֲרָ֔יו וַיִּפֹּ֞ל מֵעַ֧ל הַמֶּרְכָּבָ֛ה לִקְרָאת֖וֹ וַיֹּ֥אמֶר הֲשָׁלֽוֹם׃ 22 וַיֹּ֣אמֶר ׀ שָׁל֗וֹם אֲדֹנִי֮ שְׁלָחַ֣נִי לֵאמֹר֒ הִנֵּ֣ה עַתָּ֡ה זֶ֠ה בָּ֣אוּ אֵלַ֧י שְׁנֵֽי־נְעָרִ֛ים מֵהַ֥ר אֶפְרַ֖יִם מִבְּנֵ֣י הַנְּבִיאִ֑ים תְּנָה־נָּ֤א לָהֶם֙ כִּכַּר־כֶּ֔סֶף וּשְׁתֵּ֖י חֲלִפ֥וֹת בְּגָדִֽים׃ 23 וַיֹּ֣אמֶר נַעֲמָ֔ן הוֹאֵ֖ל קַ֣ח כִּכָּרָ֑יִם וַיִּפְרָץ־בּ֗וֹ וַיָּצַר֩ כִּכְּרַ֨יִם כֶּ֜סֶף בִּשְׁנֵ֣י חֲרִטִ֗ים וּשְׁתֵּי֙ חֲלִפ֣וֹת בְּגָדִ֔ים וַיִּתֵּן֙ אֶל־שְׁנֵ֣י נְעָרָ֔יו וַיִּשְׂא֖וּ לְפָנָֽיו׃ 24 וַיָּבֹא֙ אֶל־הָעֹ֔פֶל וַיִּקַּ֥ח מִיָּדָ֖ם וַיִּפְקֹ֣ד בַּבָּ֑יִת וַיְשַׁלַּ֥ח אֶת־הָאֲנָשִׁ֖ים וַיֵּלֵֽכוּ׃ 25 וְהוּא־בָא֙ וַיַּעֲמֹ֣ד אֶל־אֲדֹנָ֔יו וַיֹּ֤אמֶר אֵלָיו֙ אֱלִישָׁ֔ע מאן גֵּחֲזִ֑י וַיֹּ֕אמֶר לֹֽא־הָלַ֥ךְ עַבְדְּךָ֖ אָ֥נֶה וָאָֽנָה׃ 26 וַיֹּ֤אמֶר אֵלָיו֙ לֹא־לִבִּ֣י הָלַ֔ךְ כַּאֲשֶׁ֧ר הָֽפַךְ־אִ֛ישׁ מֵעַ֥ל מֶרְכַּבְתּ֖וֹ לִקְרָאתֶ֑ךָ הַעֵ֞ת לָקַ֤חַת אֶת־הַכֶּ֨סֶף֙ וְלָקַ֣חַת בְּגָדִ֔ים וְזֵיתִ֤ים וּכְרָמִים֙ וְצֹ֣אן וּבָקָ֔ר וַעֲבָדִ֖ים וּשְׁפָחֽוֹת׃ 27 וְצָרַ֤עַת נַֽעֲמָן֙ תִּֽדְבַּק־בְּךָ֔ וּֽבְזַרְעֲךָ לְעוֹלָ֑ם וַיֵּצֵ֥א מִלְּפָנָ֖יו מְצֹרָ֥ע כַּשָּֽׁלֶג׃ ס

JBMLE · Judson Bible

နေ​မန်နူနာ​ပျောက်​ကင်း​ခြင်း

1 ရှု​ရိ​ရှင်​ဘု​ရင်၏​ဗိုလ်​ချုပ်​မင်း​နေ​မန်​သည် မိ​မိ​သ​ခင်​ထံ​မှာ မျက်​နှာ​ရ​သော​သူ၊ ဘုန်း​ကြီး​သော​သူ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ ရှု​ရိ​ပြည်​သည် ထို​သူ​အား​ဖြင့် အောင်​ရ​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​ပြီ။ ထို​သူ​သည် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​ဖြစ်၏။ သို့​ရာ​တွင် နူ​နာ​စွဲ၏။လု၊ ၄:၂၇။2 ရှု​ရိ​လူ​တို့​သည် အ​လို​အ​လျောက်​တပ်​ဖွဲ့၍ ချီ​သွား​စဉ်​တွင်၊ ဣ​သ​ရေ​လ​ပြည်​မှ ဖမ်း​ခဲ့​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် နေ​မန်၏​မ​ယား​ထံ၌ ကျွန်​ခံ​ရ၏။ 3 ထို​ကျွန်​မ​က​လည်း၊ ကျွန်​မ​သ​ခင်​သည် ရှ​မာ​ရိ​မြို့၌​ရှိ​သော ပ​ရော​ဖက်​ထံ​သို့ ရောက်​ပါ​စေ​သော။ ထို​ပ​ရော​ဖက်​သည် သ​ခင်၌​စွဲ​သော​နူ​နာ​ကို ပျောက်​စေ​လိမ့်​မည်​ဟု မိ​မိ​သ​ခင်​မ​အား​ဆို၏။ 4 နေ​မန်​သည် မိ​မိ​အ​ရှင်​ထံ​သို့​ဝင်၍ ဣ​သ​ရေ​လ​အ​မျိုး မိန်း​မ​ငယ်​စ​ကား​ကို ပြန်​လျှောက်၏။ 5 ရှု​ရိ​ရှင်​ဘု​ရင်​က​လည်း သွား​လော့။ သွား​လော့။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ စာ​ပေး​လိုက်​မည်​ဟု အ​မိန့်​တော်​အ​တိုင်း၊ နေ​မန်​သည် ငွေ​အ​ခွက်​တစ်​ရာ၊ ရွှေ​အ​ခွက် ခြောက်​ဆယ်၊ အ​ဝတ်​ဆယ်​စုံ​ကို ယူ​သွား၍၊ 6 ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ထံ​သို့ မိ​မိ​အ​ရှင်၏​စာ​ကို သွင်း​လေ၏။ စာ၌​ပါ​သော အ​ချက်​ဟူ​မူ​ကား၊ ကိုယ်​တော်​သည် ငါ့​ကျွန်​နေ​မန်၏​နူ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ သူ့​ကို ဤ​စာ​နှင့်​အ​တူ ငါ​စေ​လွှတ်​သည်​ဟု ပါ​သ​တည်း။ 7 ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ထို​စာ​ကို​ကြည့်​ပြီး​မှ၊ မိ​မိ​အ​ဝတ်​ကို​ဆုတ်၍၊ ငါ​သည်​အ​သက်​ပေး​ပိုင်၊ နုတ်​ပိုင်​သော​ဘု​ရား​ဖြစ်​သော​ကြောင့်၊ ဤ​သူ​သည် လူ​နူ​ကို​ချမ်း​သာ​ပေး​စေ​ခြင်း​ငှာ ငါ့​ထံ​သို့​စေ​လွှတ်​သ​လော။ ကြည့်​ကြ​လော့။ ဤ​သူ​သည် ငါ့​ကို​အ​ဘယ်​မျှ​လောက် ရန်​ရှာ​ချင်​သည်​ကို ကြည့်​ကြ​လော့​ဟု ဆို၏။ 8 ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​ဧ​လိ​ရှဲ​သည်​ကြား​လျှင်၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် အ​ဝတ်​ကို​ဆုတ်​သ​နည်း။ ထို​သူ​သည် ငါ့​ထံ​သို့ လာ​ပါ​လေ​စေ။ ဣ​သ​ရေ​လ​ပြည်၌​ပ​ရော​ဖက်​ရှိ​သည်​ကို သိ​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​ကို မှာ​လိုက်​လေ၏။ 9 ထို​ကြောင့်၊ နေ​မန်​သည်​မြင်း​ရ​ထား​ကို​စီး​သွား၍ ဧ​လိ​ရှဲ​အိမ်​ရှေ့​မှာ ရပ်​နေ၏။ 10 ဧ​လိ​ရှဲ​က၊ သင်​သည်​သွား၍ ယော်​ဒန်​မြစ်၌ ခု​နစ်​ကြိမ်​တိုင်​အောင် ရေ​ချိုး​လော့။ အ​သား​ပြောင်း၍ သန့်​ရှင်း​လိမ့်​မည်​ဟု လူ​ကို​စေ​လွှတ်၍ ပြော​စေ၏။ 11 နေ​မန်​က​လည်း၊ အ​ကယ်၍ ပ​ရော​ဖက်​သည် ထွက်​လာ​မည်။ ငါ့​အ​နား​မှာ​ရပ်​လျက် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​ကို​ခေါ်၍ မိ​မိ​လက်​နှင့်​သုံး​သပ်​သ​ဖြင့် နူ​နာ​ကို​ပျောက်​စေ​မည်​ဟု ငါ​ထင်၏။ 12 ဒ​မာ​သက်​ပြည်၌ အာ​ဗ​န​မြစ်၊ ဖာ​ဖာ​မြစ်​တို့​သည် ဣ​သ​ရေ​လ​မြစ်​အ​လုံး​စုံ​ထက် သာ၍​ကောင်း​သည် မ​ဟုတ်​လော။ ထို​မြစ်၌ ငါ​ရေ​ချိုး၍ မ​သန့်​ရှင်း​ရ​သ​လော​ဟု​ဆို​လျက် အ​မျက်​ထွက်၍ ပြန်​သွား၏။ 13 ကျွန်​တို့​သည် ချဉ်း​လာ၍ အ​ဘ၊ ခက်​သော​အ​မှု​ကို​ပြု​ရ​မည်​ဟု ပ​ရော​ဖက်​စီ​ရင်​လျှင် ပြု​တော်​မူ​မည် မ​ဟုတ်​လော။ ရေ​ချိုး၍​သာ သန့်​ရှင်း​ခြင်း​သို့ ရောက်​လော့​ဟု​စီ​ရင်​လျှင် အ​ဘယ်​မျှ​လောက်​သာ၍ ပြု​တော်​မူ​သင့်​ပါ​သည်​တ​ကား​ဟု လျှောက်​ကြ​သော်၊ 14 နေ​မန်​သည်​သွား၍ ဘု​ရား​သ​ခင်၏​လူ​စီ​ရင်​သည်​အ​တိုင်း၊ ယော်​ဒန်​မြစ်၌ ကိုယ်​ကို​ခု​နစ်​ကြိမ်​နှစ်​သ​ဖြင့်၊ သူ၏​အ​သား​သည် သူ​ငယ်၏​အ​သား​ကဲ့​သို့​ပြောင်း၍ သန့်​ရှင်း​ခြင်း​သို့ ရောက်၏။ 15 သို့​ပြီး​မှ လိုက်​သော​သူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဘု​ရား​သ​ခင်၏​လူ​ထံ​သို့ ပြန်​လာ၍ သူ့​ရှေ့၌​ရပ်​လျက်၊ ဣ​သ​ရေ​လ​ပြည်​မှ​တစ်​ပါး အ​ဘယ်​ပြည်၌​မျှ ဘု​ရား​သ​ခင်​မ​ရှိ​သည်​ကို ယ​ခု​အ​ကျွန်ုပ်​သိ​ပါ၏။ သို့​ဖြစ်၍ ကိုယ်​တော်၏​ကျွန်​လှူ​သော အ​လှူ​လက်​ဆောင်​ကို ခံ​ယူ​တော်​မူ​ပါ​ဟု တောင်း​လျှောက်​လေ၏။ 16 ဧ​လိ​ရှဲ​က​လည်း၊ ငါ​ကိုး​ကွယ်​သော ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း မ​ခံ​မ​ယူ​ရ​ဟု​ဆို​လျှင်၊ ခံ​ယူ​စေ​ခြင်း​ငှာ တစ်​ဖန် တိုက်​တွန်း​သော်​လည်း ငြင်း​ပယ်​လျက်​နေ၏။ 17 နေ​မန်​က​လည်း၊ သို့​ဖြစ်​လျှင် ကိုယ်​တော်​ကျွန်​သည် မြည်း​နှစ်​စီး​နှင့်​တင်၍ မြေ​အ​နည်း​ငယ်​ကို ယူ​ပါ​ရ​စေ။ ကိုယ်​တော်​ကျွန်​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ဘယ်​ယဇ်​ကို​မျှ ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​အား နောက်​တစ်​ဖန် မ​ပူ​ဇော်​ပါ။ 18 သို့​သော်​လည်း အ​ကျွန်ုပ်​သ​ခင်​သည် ကိုး​ကွယ်​အံ့​ဟု ရိ​မ္မုန်​ဘု​ရား၏​ကျောင်း​သို့​သွား၍ အ​ကျွန်ုပ်​ကို​မှီ​လျက် ရိ​မ္မုန်​ကျောင်း၌ ကိုယ်​ကို​ညွှတ်​သော​အ​ခါ၊ အ​ကျွန်ုပ်​ကိုယ်​သည်​လည်း​ညွှတ်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကျွန်​ကို အ​ပြစ်​လွှတ်​တော်​မူ​ပါ​စေ​သော​ဟု ဆို​လျှင်၊ 19 ဧ​လိ​ရှဲ​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ဆို၏။ နေ​မန်​သည်​သွား၍ အ​ဝေး​သို့​မ​ရောက်​မီ၊ 20 ဘု​ရား​သ​ခင်၏​လူ ဧ​လိ​ရှဲ၏​ကျွန်​ဂေ​ဟာ​ဇိ​က၊ ဤ​ရှု​ရိ​လူ နေ​မန်​ဆောင်​ခဲ့​သော ဥ​စ္စာ​ကို ငါ့​သ​ခင်​သည် မ​ခံ​မ​ယူ။ သူ့​ကို အ​လွန်​သ​နား​ပြီ။ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သူ့​နောက်​သို့ ငါ​လိုက်၍ တစ်​စုံ​တစ်​ခု​ကို​ယူ​မည်​ဟု အ​ကြံ​ရှိ​လျက်၊ 21 နေ​မန်​နောက်​သို့ လိုက်​လေ၏။ လိုက်​ကြောင်း​ကို နေ​မန်​သည်​မြင်​လျှင်၊ ကြို​ဆို​အံ့​သော​ငှာ​ရ​ထား​မှ​ဆင်း၍၊ ရှိ​သ​မျှ​ကောင်း​သ​လော​ဟု မေး​သော်၊ 22 ဂေ​ဟာ​ဇိ​က ကောင်း​ပါ၏။ ယ​ခု​တွင် ပ​ရော​ဖက် အ​မျိုး​သား​လု​လင်​နှစ်​ယောက်​သည် ဧ​ဖ​ရိမ်​တောင်​မှ ရောက်​လာ​ပြီ။ ငွေ​အ​ခွက်​တစ်​ဆယ်​နှင့် အ​ဝတ်​နှစ်​စုံ​ကို သူ​တို့​အ​ဖို့​ပေး​ပါ​လော့​ဟု တောင်း​စေ​ခြင်း​ငှာ၊ ကျွန်​တော် သ​ခင်​သည် ကျွန်​တော်​ကို​စေ​လွှတ်​ပါ​ပြီ​ဟု ဆို​လျှင်၊ 23 နေ​မန်​က၊ အ​ခွက်​နှစ်​ဆယ်​ကို မ​ငြင်း​ယူ​ပါ​လော့​ဟု တိုက်​တွန်း​လျက်၊ ငွေ​အ​ခွက်​နှစ်​ဆယ်​ကို အိတ်​နှစ်​လုံး၌ အ​ဝတ်​နှစ်​စုံ​နှင့်​တ​ကွ စည်း၍ မိ​မိ​ကျွန်​နှစ်​ယောက်​အ​ပေါ်​မှာ တင်​သ​ဖြင့်၊ သူ​တို့​သည် ဂေ​ဟာ​ဇိ​ရှေ့၌ ထမ်း​သွား​ရ၏။ 24 မြို့​ရိုး​သို့ ရောက်​သော​အ​ခါ၊ ထို​ဥ​စ္စာ​ကို ဂေ​ဟာ​ဇိ​သည်​ယူ၍ အိမ်၌​သို​ထား​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​ကို လွှတ်​လိုက်​ပြီး​မှ၊ 25 ကိုယ်​တိုင်​ဝင်၍ မိ​မိ​သ​ခင့်​ရှေ့၌ ရပ်​နေ၏။ ဧ​လိ​ရှဲ​က​လည်း၊ ဂေ​ဟာ​ဇိ၊ အ​ဘယ်​အ​ရပ်​သို့ သွား​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ကိုယ်​တော်​ကျွန်​သည် အ​ဘယ်​အ​ရပ်​ကို​မျှ မ​သွား​ပါ​ဟု ပြန်​ပြော​သော်၊ 26 ဧ​လိ​ရှဲ​က၊ ထို​လူ​သည် သင့်​ကို​ကြို​ဆို​အံ့​သော​ငှာ၊ ရ​ထား​ပေါ်​မှ​လှည့်​သော​အ​ခါ၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် သင်​နှင့်​အ​တူ မ​လိုက်​သ​လော။ ငွေ​ကို​ခံ​ယူ​ချိန် ရှိ​သ​လော။ အ​ဝတ်၊ သံ​လွင်​ဥ​ယျာဉ်၊ စ​ပျစ်​ဥ​ယျာဉ်၊ သိုး​နွား၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ကို သိမ်း​ယူ​ချိန်​ရှိ​သ​လော။ 27 သို့​ဖြစ်၍ နေ​မန်၏​နူ​နာ​သည် သင်၌​လည်း​ကောင်း၊ သင်၏​သား​မြေး၌​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​စွဲ​စေ​ဟု ဆို​သည်​အ​တိုင်း၊ ဂေ​ဟာ​ဇိ​သည် နူ​နာ​စွဲ၍ မိုး​ပွင့်​ကဲ့​သို့​ဖြူ​လျက်၊ သ​ခင်​ထံ​မှ​ထွက်​သွား၏။

Todos os capítulos de 2 Kings 25
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.