1 זְב֣וּבֵי מָ֔וֶת יַבְאִ֥ישׁ יַבִּ֖יעַ שֶׁ֣מֶן רוֹקֵ֑חַ יָקָ֛ר מֵחָכְמָ֥ה מִכָּב֖וֹד סִכְל֥וּת מְעָֽט׃ 2 לֵ֤ב חָכָם֙ לִֽימִינ֔וֹ וְלֵ֥ב כְּסִ֖יל לִשְׂמֹאלֽוֹ׃ 3 וְגַם־בַּדֶּ֛רֶךְ כשהסכל הֹלֵ֖ךְ לִבּ֣וֹ חָסֵ֑ר וְאָמַ֥ר לַכֹּ֖ל סָכָ֥ל הֽוּא׃ 4 אִם־ר֤וּחַ הַמּוֹשֵׁל֙ תַּעֲלֶ֣ה עָלֶ֔יךָ מְקוֹמְךָ֖ אַל־תַּנַּ֑ח כִּ֣י מַרְפֵּ֔א יַנִּ֖יחַ חֲטָאִ֥ים גְּדוֹלִֽים׃ 5 יֵ֣שׁ רָעָ֔ה רָאִ֖יתִי תַּ֣חַת הַשָּׁ֑מֶשׁ כִּשְׁגָגָ֕ה שֶׁיֹּצָ֖א מִלִּפְנֵ֥י הַשַּׁלִּֽיט׃ 6 נִתַּ֣ן הַסֶּ֔כֶל בַּמְּרוֹמִ֖ים רַבִּ֑ים וַעֲשִׁירִ֖ים בַּשֵּׁ֥פֶל יֵשֵֽׁבוּ׃ 7 רָאִ֥יתִי עֲבָדִ֖ים עַל־סוּסִ֑ים וְשָׂרִ֛ים הֹלְכִ֥ים כַּעֲבָדִ֖ים עַל־הָאָֽרֶץ׃ 8 חֹפֵ֥ר גּוּמָּ֖ץ בּ֣וֹ יִפּ֑וֹל וּפֹרֵ֥ץ גָּדֵ֖ר יִשְּׁכֶ֥נּוּ נָחָֽשׁ׃ 9 מַסִּ֣יעַ אֲבָנִ֔ים יֵעָצֵ֖ב בָּהֶ֑ם בּוֹקֵ֥עַ עֵצִ֖ים יִסָּ֥כֶן בָּֽם׃ 10 אִם־קֵהָ֣ה הַבַּרְזֶ֗ל וְהוּא֙ לֹא־פָנִ֣ים קִלְקַ֔ל וַחֲיָלִ֖ים יְגַבֵּ֑ר וְיִתְר֥וֹן הכשיר חָכְמָֽה׃ 11 אִם־יִשֹּׁ֥ךְ הַנָּחָ֖שׁ בְּלוֹא־לָ֑חַשׁ וְאֵ֣ין יִתְר֔וֹן לְבַ֖עַל הַלָּשֽׁוֹן׃ 12 דִּבְרֵ֥י פִי־חָכָ֖ם חֵ֑ן וְשִׂפְת֥וֹת כְּסִ֖יל תְּבַלְּעֶֽנּוּ׃ 13 תְּחִלַּ֥ת דִּבְרֵי־פִ֖יהוּ סִכְל֑וּת וְאַחֲרִ֣ית פִּ֔יהוּ הוֹלֵל֖וּת רָעָֽה׃ 14 וְהַסָּכָ֖ל יַרְבֶּ֣ה דְבָרִ֑ים לֹא־יֵדַ֤ע הָאָדָם֙ מַה־שֶׁיִּֽהְיֶ֔ה וַאֲשֶׁ֤ר יִֽהְיֶה֙ מֵֽאַחֲרָ֔יו מִ֖י יַגִּ֥יד לֽוֹ׃ 15 עֲמַ֥ל הַכְּסִילִ֖ים תְּיַגְּעֶ֑נּוּ אֲשֶׁ֥ר לֹֽא־יָדַ֖ע לָלֶ֥כֶת אֶל־עִֽיר׃ 16 אִֽי־לָ֣ךְ אֶ֔רֶץ שֶׁמַּלְכֵּ֖ךְ נָ֑עַר וְשָׂרַ֖יִךְ בַּבֹּ֥קֶר יֹאכֵֽלוּ׃ 17 אַשְׁרֵ֣יךְ אֶ֔רֶץ שֶׁמַּלְכֵּ֖ךְ בֶּן־חוֹרִ֑ים וְשָׂרַ֨יִךְ֙ בָּעֵ֣ת יֹאכֵ֔לוּ בִּגְבוּרָ֖ה וְלֹ֥א בַשְּׁתִֽי׃ 18 בַּעֲצַלְתַּ֖יִם יִמַּ֣ךְ הַמְּקָרֶ֑ה וּבְשִׁפְל֥וּת יָדַ֖יִם יִדְלֹ֥ף הַבָּֽיִת׃ 19 לִשְׂחוֹק֙ עֹשִׂ֣ים לֶ֔חֶם וְיַ֖יִן יְשַׂמַּ֣ח חַיִּ֑ים וְהַכֶּ֖סֶף יַעֲנֶ֥ה אֶת־הַכֹּֽל׃ 20 גַּ֣ם בְּמַדָּֽעֲךָ֗ מֶ֚לֶךְ אַל־תְּקַלֵּ֔ל וּבְחַדְרֵי֙ מִשְׁכָּ֣בְךָ֔ אַל־תְּקַלֵּ֖ל עָשִׁ֑יר כִּ֣י ע֤וֹף הַשָּׁמַ֨יִם֙ יוֹלִ֣יךְ אֶת־הַקּ֔וֹל וּבַ֥עַל הכנפים יַגֵּ֥יד דָּבָֽר׃
ပညာ၏ထူးကဲခြင်း
1 အထုံသမားလုပ်သော နံ့သာဆီကို သေသောယင်ကောင်သည် နံစေသကဲ့သို့၊ အနည်းငယ်သောအမိုက်သည် ပညာနှင့် ဂုဏ်အသရေထင်ရှားသောသူကို ထိုအတူ ဖြစ်စေတတ်၏။ 2 ပညာရှိသောသူ၏နှလုံးသည် မိမိလက်ယာလက်၌ ရှိ၏။ မိုက်သောသူ၏နှလုံးမူကား၊ မိမိလက်ဝဲလက်၌ ရှိ၏။ 3 မိုက်သောသူသည် လမ်း၌သွားစဉ်တွင်ပင် သတိလစ်၍၊ ငါသည်လူမိုက်ဖြစ်၏ဟု ခပ်သိမ်းသောသူတို့အား ပြောတတ်၏။ 4 မင်းသည် သင့်ကိုစိတ်ဆိုးလျှင်၊ ကိုယ်နေသင့်ရာအရပ်မှ မရွှေ့နှင့်။ သည်းခံခြင်းသည် ကြီးသောအပြစ်ကို ဖြေတတ်၏။
5 မင်းမှားယွင်းခြင်းအားဖြင့် ဖြစ်တတ်သော၊ နေအောက်၌ ငါမြင်ရသောအမှုဆိုးဟူမူကား၊ 6 မိုက်သောသူတို့သည် မြင့်သောအရပ်၊ သူဌေးတို့သည် နိမ့်သောအရပ်၌ ထိုင်ရသောအမှု၊ 7 ကျွန်တို့သည် မြင်းကိုစီး၍ မှူးမတ်တို့သည် ကျွန်ကဲ့သို့ မြေပေါ်မှာ ခြေဖြင့်သွားရသောအမှုကို ငါမြင်လေပြီ။ 8 တွင်းကို တူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။ ခြံကိုဖျက်သောသူသည် မြွေကိုက်ခြင်းကို ခံရလိမ့်မည်။ 9 ကျောက်တို့ကိုရွှေ့သောသူသည် ဖိခြင်းကို ခံရလိမ့်မည်။ ထင်းခုတ်သောသူသည်လည်း ရှနလိမ့်မည်။ 10 ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင် သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့်ကို ပေး၍ ကျေးဇူးကြီး၏။
11 မြွေသည် ပြုစားခြင်းကိုမခံ။ ကိုက်မိလျှင် အလမ္ပယ်သမား ကျေးဇူးမရှိ။ 12 ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။ 13 သူ၏စကားအစသည် မိုက်ခြင်း၊ အဆုံးသည် အပြစ်ပြုတတ်သော ရူးခြင်းဖြစ်၏။ 14 မိုက်သောသူသည် စကားများတတ်၏။ သို့သော်လည်းဖြစ်လတ္တံ့သောအရာကို လူသည် မပြောနိုင်ရာ။ လူနောက်၌ အဘယ်သို့ဖြစ်လတ္တံ့သည်ကို အဘယ်သူ ပြောနိုင်သနည်း။ 15 မြို့သို့သွားသောလမ်းကို မသိသောသူကဲ့သို့ မိုက်သောသူသည် ကြိုးစားအားထုတ်သော်လည်း၊ သူတစ်ပါးတို့ကို ပင်ပန်းစေတတ်၏။
16 ငယ်သားအစိုးရ၍ မှူးမတ်များအချိန်မဲ့ နံနက်စောစော စားသောက်တတ်သောပြည်သည် အမင်္ဂလာရှိ၏။ 17 မင်းသားအစိုးရ၍၊ မှူးမတ်တို့သည် လွန်ကြူးစွာ မစားမသောက်ဘဲ၊ အချိန်တန်မှ အားဖြည့်ခြင်းငှာသာ၊ စားသောက်တတ်သောပြည်သည် မင်္ဂလာရှိ၏။ 18 အလွန်ပျင်းရိခြင်းအားဖြင့် အိမ်သည်ဆွေးမြေ့တတ်၏။ လက်နှင့် မပြုပြင်ဘဲနေလျှင် အိမ်မိုးယိုတတ်၏။ 19 ပျော်မွေ့ခြင်းငှာ ပွဲကိုလုပ်တတ်၏။ စပျစ်ရည်သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူကား၊ အရာရာ၌ နိုင်တတ်၏။ 20 ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိန်ဆဲနှင့်။ လူကြီးကို အိပ်ခန်းထဲ၌ မကျိန်ဆဲနှင့်။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် ထိုအသံကိုဆောင်သွားလိမ့်မည်။ ပျံတတ်သောအကောင်သည် ထိုအမှုကိုဖော်ပြလိမ့်မည်။