Pular para o conteúdo
Publicidade Remover anúncios

Isaiah 63

WLC · Westminster Leningrad Codex

1 מִי־זֶ֣ה ׀ בָּ֣א מֵאֱד֗וֹם חֲמ֤וּץ בְּגָדִים֙ מִבָּצְרָ֔ה זֶ֚ה הָד֣וּר בִּלְבוּשׁ֔וֹ צֹעֶ֖ה בְּרֹ֣ב כֹּח֑וֹ אֲנִ֛י מְדַבֵּ֥ר בִּצְדָקָ֖ה רַ֥ב לְהוֹשִֽׁיעַ׃ 2 מַדּ֥וּעַ אָדֹ֖ם לִלְבוּשֶׁ֑ךָ וּבְגָדֶ֖יךָ כְּדֹרֵ֥ךְ בְּגַֽת׃ 3 פּוּרָ֣ה ׀ דָּרַ֣כְתִּי לְבַדִּ֗י וּמֵֽעַמִּים֙ אֵֽין־אִ֣ישׁ אִתִּ֔י וְאֶדְרְכֵ֣ם בְּאַפִּ֔י וְאֶרְמְסֵ֖ם בַּחֲמָתִ֑י וְיֵ֤ז נִצְחָם֙ עַל־בְּגָדַ֔י וְכָל־מַלְבּוּשַׁ֖י אֶגְאָֽלְתִּי׃ 4 כִּ֛י י֥וֹם נָקָ֖ם בְּלִבִּ֑י וּשְׁנַ֥ת גְּאוּלַ֖י בָּֽאָה׃ 5 וְאַבִּיט֙ וְאֵ֣ין עֹזֵ֔ר וְאֶשְׁתּוֹמֵ֖ם וְאֵ֣ין סוֹמֵ֑ךְ וַתּ֤וֹשַֽׁע לִי֙ זְרֹעִ֔י וַחֲמָתִ֖י הִ֥יא סְמָכָֽתְנִי׃ 6 וְאָב֤וּס עַמִּים֙ בְּאַפִּ֔י וַאֲשַׁכְּרֵ֖ם בַּחֲמָתִ֑י וְאוֹרִ֥יד לָאָ֖רֶץ נִצְחָֽם׃ ס 7 חַֽסְדֵ֨י יְהוָ֤ה ׀ אַזְכִּיר֙ תְּהִלֹּ֣ת יְהוָ֔ה כְּעַ֕ל כֹּ֥ל אֲשֶׁר־גְּמָלָ֖נוּ יְהוָ֑ה וְרַב־טוּב֙ לְבֵ֣ית יִשְׂרָאֵ֔ל אֲשֶׁר־גְּמָלָ֥ם כְּֽרַחֲמָ֖יו וּכְרֹ֥ב חֲסָדָֽיו׃ 8 וַיֹּ֨אמֶר֙ אַךְ־עַמִּ֣י הֵ֔מָּה בָּנִ֖ים לֹ֣א יְשַׁקֵּ֑רוּ וַיְהִ֥י לָהֶ֖ם לְמוֹשִֽׁיעַ׃ 9 בְּֽכָל־צָרָתָ֣ם ׀ לא צָ֗ר וּמַלְאַ֤ךְ פָּנָיו֙ הֽוֹשִׁיעָ֔ם בְּאַהֲבָת֥וֹ וּבְחֶמְלָת֖וֹ ה֣וּא גְאָלָ֑ם וַֽיְנַטְּלֵ֥ם וַֽיְנַשְּׂאֵ֖ם כָּל־יְמֵ֥י עוֹלָֽם׃ 10 וְהֵ֛מָּה מָר֥וּ וְעִצְּב֖וּ אֶת־ר֣וּחַ קָדְשׁ֑וֹ וַיֵּהָפֵ֥ךְ לָהֶ֛ם לְאוֹיֵ֖ב ה֥וּא נִלְחַם־בָּֽם׃ 11 וַיִּזְכֹּ֥ר יְמֵֽי־עוֹלָ֖ם מֹשֶׁ֣ה עַמּ֑וֹ אַיֵּ֣ה ׀ הַֽמַּעֲלֵ֣ם מִיָּ֗ם אֵ֚ת רֹעֵ֣י צֹאנ֔וֹ אַיֵּ֛ה הַשָּׂ֥ם בְּקִרְבּ֖וֹ אֶת־ר֥וּחַ קָדְשֽׁוֹ׃ 12 מוֹלִיךְ֙ לִימִ֣ין מֹשֶׁ֔ה זְר֖וֹעַ תִּפְאַרְתּ֑וֹ בּ֤וֹקֵֽעַ מַ֨יִם֙ מִפְּנֵיהֶ֔ם לַעֲשׂ֥וֹת ל֖וֹ שֵׁ֥ם עוֹלָֽם׃ 13 מוֹלִיכָ֖ם בַּתְּהֹמ֑וֹת כַּסּ֥וּס בַּמִּדְבָּ֖ר לֹ֥א יִכָּשֵֽׁלוּ׃ 14 כַּבְּהֵמָה֙ בַּבִּקְעָ֣ה תֵרֵ֔ד ר֥וּחַ יְהוָ֖ה תְּנִיחֶ֑נּוּ כֵּ֚ן נִהַ֣גְתָּ עַמְּךָ֔ לַעֲשׂ֥וֹת לְךָ֖ שֵׁ֥ם תִּפְאָֽרֶת׃ 15 הַבֵּ֤ט מִשָּׁמַ֨יִם֙ וּרְאֵ֔ה מִזְּבֻ֥ל קָדְשְׁךָ֖ וְתִפְאַרְתֶּ֑ךָ אַיֵּ֤ה קִנְאָֽתְךָ֙ וּגְב֣וּרֹתֶ֔ךָ הֲמ֥וֹן מֵעֶ֛יךָ וְֽרַחֲמֶ֖יךָ אֵלַ֥י הִתְאַפָּֽקוּ׃ 16 כִּֽי־אַתָּ֣ה אָבִ֔ינוּ כִּ֤י אַבְרָהָם֙ לֹ֣א יְדָעָ֔נוּ וְיִשְׂרָאֵ֖ל לֹ֣א יַכִּירָ֑נוּ אַתָּ֤ה יְהוָה֙ אָבִ֔ינוּ גֹּאֲלֵ֥נוּ מֵֽעוֹלָ֖ם שְׁמֶֽךָ׃ 17 לָ֣מָּה תַתְעֵ֤נוּ יְהוָה֙ מִדְּרָכֶ֔יךָ תַּקְשִׁ֥יחַ לִבֵּ֖נוּ מִיִּרְאָתֶ֑ךָ שׁ֚וּב לְמַ֣עַן עֲבָדֶ֔יךָ שִׁבְטֵ֖י נַחֲלָתֶֽךָ׃ 18 לַמִּצְעָ֕ר יָרְשׁ֖וּ עַם־קָדְשֶׁ֑ךָ צָרֵ֕ינוּ בּוֹסְס֖וּ מִקְדָּשֶֽׁךָ׃ 19 הָיִ֗ינוּ מֵֽעוֹלָם֙ לֹֽא־מָשַׁ֣לְתָּ בָּ֔ם לֹֽא־נִקְרָ֥א שִׁמְךָ֖ עֲלֵיהֶ֑ם לוּא־קָרַ֤עְתָּ שָׁמַ֨יִם֙ יָרַ֔דְתָּ מִפָּנֶ֖יךָ הָרִ֥ים נָזֹֽלּוּ׃

JBMLE · Judson Bible

ထာ​ဝ​ရ​ဘု​ရား​၏​ချေ​မှုန်း​ခြင်း

1 တင့်​တယ်​သော အ​ဝတ်​တန်​ဆာ​ဆင်​ခြင်း၊ ကြီး​သော​တန်​ခိုး​ကြောင့် ဝါ​ကြွား​ခြင်း​ရှိ၍၊ ပန်း​ဆိုး​သော အ​ဝတ်​ကို​ဝတ်​လျက်၊ ဧ​ဒုံ​ပြည်​ဗော​ဇ​ရ​မြို့​မှ လာ​သော​ဤ​သူ​ကား၊ အ​ဘယ်​သူ ဖြစ်​ပါ​လိမ့်​မည်​နည်း။ဟေ​ရှာ၊ ၃၄:၅-၁၇။ ယေ၊ ၄၉:၇-၂၂။ ယေ​ဇ၊၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ ဩ၊ ၁-၁၄။ မာ​လ၊၁:၂-၅။

ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဟော၍၊ ကယ်​တင်​ခြင်း​ငှာ တန်​ခိုး​ကြီး​သော ငါ​ပေ​တည်း။

2 ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် နီ​သော​အ​ဝတ်​ကို ဝတ်​တော်​မူ​သ​နည်း။ အ​ဝတ်​တော်​သည် စ​ပျစ်​သီး​ကို နင်း​နယ်​သော သူ၏​အ​ဝတ်​နှင့် အ​ဘယ်​ကြောင့် တူ​ပါ​သ​နည်း။

3 စ​ပျစ်​သီး​ကို ငါ​တစ်​ယောက်​တည်း နင်း​နယ်​ရ​ပြီ။ လူ​များ​အ​ထဲ​က တစ်​ယောက်​မျှ​မ​ပါ။ သူ​တို့​ကို ငါ​အ​မျက်​ထွက်၍ ကျော်​နင်း​ပြီ။ ပြင်း​စွာ​အ​မျက်​ထွက်၍ နှိပ်​နင်း​ပြီ။ သူ​တို့​အ​သွေး​သည် ငါ့​အ​ဝတ်​ပေါ်​မှာ ဖျန်း​လျက်​ရှိ​ပြီ။ ငါ့​အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​ကို ငါ​ဆိုး​ပြီ။ဗျာ၊ ၁၄:၂၀၊၁၉:၁၃၊၁၅။4 အ​ပြစ်​ပေး​သော နေ့​ရက်​ကို ငါ​အောက်​မေ့​ပြီ။ ငါ​ရွေး​နုတ်​သော သူ​တို့၏​နှစ်​သည် ရောက်​လာ​ပြီ။ 5 ငါ​ကြည့်​ရှု၍ မ​စ​သော​သူ​မ​ရှိ။ မှိုင်​တွေ​သော်​လည်း ထောက်​ပင့်​သော​သူ​မ​ရှိ။ ထို​ကြောင့်၊ ကိုယ်​လက်​သည် ကိုယ်​အ​ဖို့ ကယ်​တင်​ခြင်း​ကို ပြု​ပြီ။ ကိုယ်​ဒေါ​သ​အ​မျက်​သည် ကိုယ်​ကို ထောက်​ပင့်​ပြီ။ဟေ​ရှာ၊၅၉:၁၆။6 လူ​များ​ကို အ​မျက်​ထွက်၍ ကျော်​နင်း​ပြီ။ ပြင်း​စွာ​အ​မျက်​ထွက်၍ ကျပ်​ကျပ်​နှိပ်​နင်း​ပြီ။ သူ​တို့​အ​သွေး​ကို မြေ​ပေါ်​မှာ​သွန်​ပြီ။

ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်

7 က​ရု​ဏာ​နှင့် မ​ဟာ​မေ​တ္တာ​တော်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား သ​နား​တော်​မူ​သော​အ​ရာ အ​လုံး​စုံ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ပြု​တော်​မူ​သော မ​ဟာ​ကျေး​ဇူး​တော်​ကို​လည်း​ကောင်း ထောက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ မ​ဟာ​မေ​တ္တာ​တော်​နှင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း​မည်။ 8 အ​ကယ်​စင်​စစ် သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ၏။ သ​စ္စာ​မ​ပျက်​သော သား​လည်း ဖြစ်​ကြ၏​ဟု မိန့်​တော်​မူ​သ​ဖြင့်၊ သူ​တို့​ကို ကယ်​နုတ်​တော်​မူ​၏။ 9 အ​မှု​ရောက်​လေ​ရာ​ရာ၌ သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မ​မူ။ ရှေ့​တော်​မှ စေ​လွှတ်​သော ကောင်း​ကင်​တ​မန်​သည် ကယ်​တင်​လျက်၊ မေ​တ္တာ​က​ရု​ဏာ​တော် ရှိ​သည်​အ​တိုင်း ရွေး​နုတ်​တော်​မူ၏။ ရှေး​ကာ​လ​ပတ်​လုံး သူ​တို့​ကို ချီ​ဆောင်​တော်​မူ၏။ 10 သူ​တို့​သည်​လည်း ပုန်​ကန်​၍၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို နာ​စေ​ကြ၏။ ထို​ကြောင့်၊ သူ​တို့​ကို ရန်​ဘက်​ပြု၍ စစ်​တိုက်​တော်​မူ​၏။ 11 ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ လူ​တို့​သည် ရှေး​ကာ​လ၊ မော​ရှေ၏​ကာ​လ​ကို အောက်​မေ့​ကြ၏။ မိ​မိ​လူ​တို့​ကို သိုး​ထိန်း​နှင့်​တ​ကွ ပင်​လယ်​ထဲ​က ထုတ်​ဆောင်​သော​ဘု​ရား​သည် အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။ မိ​မိ​လူ​တို့​အ​ထဲ၌ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို သွင်း​လျက်၊ 12 မော​ရှေ၏​လက်​ယာ​နား​မှာ ဘုန်း​ကြီး​သော လက်​ရုံး​တော်​ကို သွင်း၍၊ အ​သ​ရေ​တော်​ကို အ​စဉ် ထင်​ရှား​စေ​ခြင်း​ငှာ၊ သူ​တို့​ရှေ့​မှာ ရေ​ကို​ခွဲ​သ​ဖြင့်၊ထွ၊ ၁၄:၂၁။13 လွင်​ပြင်၌ မြင်း​ကို​နှင်​သ​ကဲ့​သို့၊ အ​ဆီး​အ​တား​မ​ရှိ​ဘဲ နက်​နဲ​ရာ​အ​ရပ်၌ သူ​တို့​ကို ဆောင်​သွား​သော​ဘု​ရား​သည် အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။ 14 ချိုင့်​ထဲ​သို့​သိုး​နွား ဆင်း​သွား​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​သို့ အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ကိုယ်​တော်၏​လူ​တို့​ကို ဆောင်​သွား​တော်​မူ​ပါ​ပြီ။

က​ရု​ဏာ​ထား​၍​ကူ​မ​ရန်ဆု​တောင်း

15 ကောင်း​ကင်​ဘုံ​က ငုံ့​ကြည့်​တော်​မူ​ပါ။ သန့်​ရှင်း၍ ဘုန်း​ကြီး​သော​နေ​ရာ​က ကြည့်​ရှု​တော်​မူ​ပါ။ စိတ်​တော်​အား​ကြီး၍ တန်​ခိုး​ကို ပြ​တော်​မူ​ခြင်း၊ က​ရု​ဏာ​တော်​လှုပ်​ရှား၍ အ​ကျွန်ုပ်​တို့​ကို သ​နား​စုံ​မက်​တော်​မူ​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ ချုပ်​တည်း​တော်​မူ​သ​လော။ 16 အာ​ဗြ​ဟံ​သည် အ​ကျွန်ုပ်​တို့​ကို မ​သိ၊ ဣ​သ​ရေ​လ​သည် လက်​မ​ခံ​သော်​လည်း၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အ​ဘ ဖြစ်​တော်​မူ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အ​ဘ ဖြစ်​တော်​မူ၏။ ရှေး​ကာ​လ​မှ​စ၍ အ​ကျွန်ုပ်​တို့​ကို ရွေး​နုတ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ 17 အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​မှ အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် လွှဲ​စေ​တော်​မူ​သ​နည်း။ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ခိုင်​မာ​စေ​တော်​မူ​သ​နည်း။ ကိုယ်​တော်၏​ကျွန်​တို့​အ​တွက်၊ အ​မွေ​တော်​ဖြစ်​သော အ​နွယ်​တို့​အ​တွက် ပြန်​လာ​တော်​မူ​ပါ။ 18 ကိုယ်​တော်၏​သန့်​ရှင်း​သူ​တို့​သည် ခ​ဏ​သာ​အ​စိုး​ရ​ပြီး​မှ၊ ရန်​သူ​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ကျော်​နင်း​ကြ​သည်​ဖြစ်၍၊ 19 အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော် မ​အုပ်​စိုး​ဖူး​သော သူ​ကဲ့​သို့​လည်း​ကောင်း၊ နာ​မ​တော်​ဖြင့် သ​မုတ်​ခြင်း​ကို မ​ခံ​ဖူး​သော သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ၏။

Todos os capítulos de Isaiah 66
  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.