Salvador
Jesus é o Salvador do mundo. Desde a manjedoura até a cruz e a ressurreição, toda a Escritura aponta para Aquele que veio buscar e salvar o que se havia perdido.
O Salvador nasceu
Na plenitude dos tempos, Deus enviou seu Filho ao mundo. O anjo declarou: 'Hoje vos nasceu um Salvador, que é Cristo, o Senhor.'
အယ်နေ့မာ ဒါဝိဒ်ဗြို့နှိုက် သခင်ခရစ်တော် ဆိုဘီး နန်းနို့ရဲ့ ကယ်တန်ရှင်ဟှို မွီးလေဘီ!
ကိုယ်တော်ဟှာ ဘုရားဇာတိတော်န ထာဝရပ္လဲ့ဇောင်ဟှယ်။
ဘုရားသခင်န ဒန်းဒူဖြစ်ဟှို့တွပ် ကြိုးစားအားထုမှုမျိုး စဉ်းစားဟှ။
အယ်မျိုးလောက်ဟှို့ နေနေသာသာ ကိုယ့်ကိုယ်ကိုယ်
ဖောင်းသရေတော်ဟှိုစွန့်ဘီး စေခံကျွန်ရဲ့ ပေါင်ဇံဟှို ခံယူလိုက်ဟှယ်။
ကိုယ်တော်ဟှာ လူပေါင်ဇံဟှို ဆောန်ဘီးဟှာ လူလေမျိုး မွီးဖွားလာဟှယ်။
သူ့ကိုယ်သူ နှိခ္လဘီးဟှာ လတ်ဝါးကပ်တိုင်ထတ်မာ
သေခံဟှားဟှူထိ နာခံမှုလမ်းစဉ်ဟှို လိုက်လျှော့-က်ဟှားဟှယ်။
O sacrifício redentor
Jesus deu a própria vida por nós. Ele é a propiciação pelos nossos pecados e o autor da salvação eterna para todos os que lhe obedecem.
ကိုယ်တော်ဟှာ နို့လေပြစ်မျှ မကဘဲန ကမ္ဘာသူ ကမ္ဘာသား ဂူလောင်းရဲ့ ပြစ်ဖြေဇာကြောန်း ပူဇော်ဆစ်ကပ်ဟှားဟှူ သခင်ဖြစ်တော်မူဟှယ်။
နို့လေဟှာ ဘုရားသခင်ဟှိုရှစ်ဇာ မှုဟှ။ ဘုရားသခင်ဟှဘဲ့ နို့လေဟှို ရှစ်ဘီးဟှာ နို့လေဟှာ ပြစ်ဖြေလွှတ်ခံရဘီး ပူဇော်ဆစ်ကပ်ဟှူဖြစ်န သူ့ရဲ့ သားတော်ဟှို စေလွှတ်လိုက်ဇာမာ ရှစ်ရှင်းမြစ်တာရှိဟှယ်။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟှာ ဘုရားသခင်ရဲ့ ရန်သူလေ ဖြစ်ဂေ့ဟှူလည်းဘဲ့ ကိုယ်တော်ဟှာ သားတော်ဟှို သေခံစေရှင်းအားဖြင့် နို့လေဟှို သူ့ရဲ့မိဆွေလေ ဖြစ်စေတော်မူဟှယ်။ ခု နို့လေဟှာ ဘုရားသခင်ရဲ့ မိဆွေလေဖြစ်ဂေ့ဟှူကြောန့် ခရစ်တော်ရဲ့ သတ်တော်အားဖြင့် ကယ်တန်ရှင်းကျေးဇူးဟှို ပိုဘီး ဟှာ ခံရဂေ့လေ့မယ်!
ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ မိစဉ်ဖဆစ် ကျင်လည်ဟှူ ချည်းနှီးကျင့်ကြံ ပြုမူရှင်းဟှနေဘီး ရွှေလေ၊ ငွေလေ ဖော့-က်ပ္လန် ပျစ်စီးတတ်ဟှူ အောက်စာလေန နန်းနို့လေဟှို ဝီးနှုဘီး လွတ်မြော့-က်လာရှင်းမှုဘဲ ဖြားပြစ်လည်းမှေ့ဘဲ ညှစ်ကြေးလေန ကင်းစင်ဟှူ သိုးသားဂန်းဟှားဟှူမျိုး ခရစ်တော်ရဲ့ သွီးတော်မြတ်န ဝီးတော်မူဟှူ ကြောန်းဟှို နန်းနို့လေ သိဂေ့ပါဟှယ်။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှာ ကြွယ်ဝဟှူကြောန့် နို့လေဟှာ ခရစ်တော်ရဲ့ သွီးတော်အားဖြင့် ဝီးကော့-က်ရှင်းဖြစ်ဟှူ လွန်ကျူးဟှူပြစ်လေ ခွမ့်လွှတ်ရှင်းကျေးဇူးဟှို အယ်သားတော်အားဖြင့် ရရှိဂေ့ဟှယ်။
အယ်ဘေမဲ့ သတ်ရှင်သေးဟှယ်။ အယ်မျိုးဆိုဟှာ ငါဟှာ ကိုယ်တိုင်ရှင်ဇာမှုဟှ ခရစ်တော်ဟှာ ငါနှိုက်ရှင်ဟှူ ဇာဖြစ်ဟှယ်။ ကိုယ်ခန္ဓာနှိုက် ခု ငါရှင်နေဟှူ သတ်ဟှာ ဘုရားသခင်ရဲ့ သားတော်ဟှို ယောင်ကြည်ဇာအားဖြင့် ရှင်နေဟှူ သတ်ဖြစ်ဟှယ်။ သားတော်ဟှာ ငါ့ဟှို ရှစ်ဟှူကြောန့် ငါ့တွပ် သတ်ဟှို စွန့်ပေးတော်မူဟှယ်။
O caminho da salvação
Jesus é o mediador da nova aliança. Ele vive para interceder por nós e pode salvar perfeitamente todos os que se achegam a Deus por meio dele.
စောင်လင်ရှင်းဟှို ရော့-က်ဘီးမှ ယောင်ကြည်နားထောင်ဟှူ သူလေဟှို ထာဝရကယ်တန်ရှင်း ကျေးဇူးဟှို ပြုဟှူသူ ဖြစ်တော်မူဘီး၊
အယ်ကြောန့် ကိုယ်တော်ဟှာ သူ့အားဖြင့် ဘုရားသခင်နားဟှို ချဉ်းကပ်ဟှူ သူလေဟှို ပ္လဲ့ပ္လဲ့ဝဝ ကယ်တန်နိုင်လေဟှယ်။ ဖြားဖြစ်ကြောန့်နူးဆိုဟှာ ကိုယ်တော်ဟှာ အယ်သူလေတွပ် ဘုရားသခင်နားမာ သနားခံဟှို့တွပ် ထာဝရ သတ်ရှင်တော်မူဟှူကြောန့် ဖြစ်ဟှယ်။
အယ်ကြောန့် ပထမ ပဋိညာဉ်တရား လတ်ထတ်မာ ပြစ်မှားဟှူ ပြစ်ဟှိုလည်း လွတ်ဟှို့တွပ် ခရစ်တော်ဟှာ ကြားဝမ်စေ့စပ်ဘီး သေခံတော်မူဟှူကြောန့် ခေါ်တော်မူဟှူ သူလေဟှာ ဂဒိတော်နယှဉ်ဟှူ ထာဝရမွီဟှို ခံရဟှို့တွပ် အယ်သခင်ဟှာ ပဋိညာဉ်တရားသစ်ရဲ့ အာမခံ ဖြစ်တော်မူဟှယ်။
ယောင်ကြည်ရှင်းဟှို စပြုတည်စေဘီး စောင်လင်စေတော်မူဟှူ သခင်ယေရှုဟှို စေ့စေ့ထော့-က်ရှုဂေ့ဇို့။ အယ်သခင်ဟှာ သူ့ရှေ့မာထားဟှူ ဝန်းသာရှင်း ကြောန်းကြောန့် ယှစ်ကြော့-က်ဟှူ ဇာလေဟှို မှတ်ဘဲန လတ်ဝါးကပ်တိုင်မာ ခံဘီးမှ ဘုရားသခင်ရဲ့ ပလ္လင်တော် ညာဖတ်မာ ထိုင်နေတော်မူဟှယ်။
ဖြားဖြစ်ကြောန့်နူးဆိုဟှာ လူလေ ဂူလောင်းဟှာ ပြစ်ကျူးလွန်ဘီး ဘုရားသခင်ရဲ့ မျစ်မှော့-က်တော်န ဝီးကွာဟှားဂေ့ဘီ။ အယ်ဘေမဲ့ ယေရှုခရစ်တော်ရဲ့ ဝီးကော့-က်ရှင်းအားဖြင့် ဖိုးခပေးဇာလိုဘဲဟှူ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောန့် ဖြောန့်မတ်ရာဟှို ရော့-က်ရဂေ့ဟှယ်။
အယ်ဘေမဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို ကျွန်တော်ခံရဟှူကြောန့် ခုထတ်ထိရှိနေဟှယ်။ မေရှိယဟှာ သေခံရမယ် ဆိုဇာဟှိုရော၊ သေဘီးဟှာ ဦးဆောင်း ရှင်ပ္လန်ထမြော့-က်ဘီးဟှာ ဣသရေလလူမျိုးလေန၊ လူမျိုးခြားလေဟှို ကယ်တန်ဇာနဆိုင်ဟှူ လန်းတရားဟှို ကြေညာလေ့မယ် ဆိုဇာဟှိုရော မောရှေဟှစဘီး ပရောဖက်လေဟှ ဟောဘီး ဒိပေးရစ်ဟှူတိုင်းဘဲ့ ကျွန်တော်ဟှာ လူဂီးလူငယ်လေဟှို သတ်သေခံဘီး နေဟှယ်" ဆိုဘီး ပ္လန်လျှော့-က်လိုက်ဟှယ်။
ကောန်းဂန်တမန်ဟှ အယ်မီးမလေဟှို "ကြော့-က်ဂေ့န။ နန်းနို့လေဟှာ လတ်ဝါးကပ်တိုင်မာ သတ်ခံရဟှူ ယေရှုဟှို ရှာနေဂေ့ဟှယ် ဆိုဇာဟှို ငါသိဟှယ်။ ကိုယ်တော်ဟှာ အယ်နေရာမာမှေ့ဘီ။ မိန့်တော်မူဟှားဟှူတိုင်းဘဲ့ ထမြော့-က်တော်မူဟှားဘီ။ ကိုယ်တော်လျောင်းတော်မူဟှားဟှူ နေရာဟှို လာဘီးကေ့ဂေ့ပါ။