Vízkóros meggyógyítása szombatnapon
1 És lőn mikor a főfarizeusok közül egynek házához ment szombatnapon kenyeret enni, azok leselkednek vala ő utána. 2 És ímé egy vízkóros ember vala ő előtte. 3 És felelvén Jézus, szóla a törvénytudóknak és a farizeusoknak, mondván: Szabad-é szombatnapon gyógyítani? 4 Azok pedig hallgatának. És ő megfogván azt, meggyógyítá és elbocsátá. 5 És felelvén nékik, monda: Ki az közületek, a kinek szamara vagy ökre a kútba esik, és nem vonja ki azt azonnal szombatnapon? 6 És nem felelhetnek vala ő ellene semmit ezekre. 7 És egy példázatot monda a hivatalosoknak, mikor észre vevé, mimódon válogatják a fő helyeket; mondván nékik: 8 Mikor valaki lakodalomba hív, ne ülj a fő helyre; mert netalán náladnál nagyobb tiszteletben álló embert is hivott meg az, 9 És eljövén az, a ki mind téged, mind azt meghívta, ezt mondja majd néked: Engedd ennek a helyet! És akkor szégyennel az utolsó helyre fogsz ülni. 10 Hanem mikor meghívnak, menj el és ülj le az utolsó helyre; hogy mikor eljő az, a ki téged meghívott, ezt mondja néked: Barátom ülj feljebb! Akkor néked dicsőséged lesz azok előtt, a kik veled együtt ülnek. 11 Mert mindenki, a ki magát felmagasztalja, megaláztatik; és a ki magát megalázza, felmagasztaltatik. 12 Monda pedig annak is, a ki őt meghívta: Mikor ebédet vagy vacsorát készítesz, ne hívd barátaidat, se testvéreidet, se rokonaidat, se gazdag szomszédaidat; nehogy viszont ők is meghívjanak téged, és visszafizessék néked. 13 Hanem mikor lakomát készítesz, hívd a szegényeket, csonkabonkákat, sántákat, vakokat: 14 És boldog leszel; mivelhogy nem fizethetik vissza néked; mert majd visszafizettetik néked az igazak feltámadásakor.
Példázat a nagy vacsoráról
15 Hallván pedig ezeket egy azok közül, a kik ő vele együtt ülnek vala, monda néki: Boldog az, a ki eszik kenyeret az Isten országában.
16 Ő pedig monda annak: Egy ember készíte nagy vacsorát, és sokakat meghíva; 17 És elküldé szolgáját a vacsora idején, hogy megmondja a hivatalosoknak: Jertek el, mert immár minden kész! 18 És mindnyájan egyenlőképen kezdék magokat mentegetni. Az első monda néki: Szántóföldet vettem, és ki kell mennem, hogy azt meglássam; kérlek téged, ments ki engem! 19 És másik monda: Öt iga ökröt vettem, és elmegyek, hogy azokat megpróbáljam; kérlek téged, ments ki engem! 20 A másik pedig monda: Feleséget vettem, és azért nem mehetek. 21 Mikor azért az a szolga haza ment, megmondá ezeket az ő urának. Akkor megharagudván a gazda, monda az ő szolgájának: Eredj hamar a város utczáira és szorosaira, és a szegényeket, csonkabonkákat, sántákat és vakokat hozd be ide. 22 És monda a szolga: Uram, meglett a mint parancsolád, és mégis van hely. 23 Akkor monda az úr a szolgának: Eredj el az utakra és a sövényekhez, és kényszeríts bejőni mindenkit, hogy megteljék az én házam. 24 Mert mondom néktek, hogy senki azok közül a hivatalos férfiak közül meg nem kóstolja az én vacsorámat.
Önmegtagadás
25 Megy vala pedig ő vele nagy sokaság; és megfordulván, monda azoknak:
26 Ha valaki én hozzám jő, és meg nem gyűlöli az ő atyját és anyját, feleségét és gyermekeit, fitestvéreit és nőtestvéreit, sőt még a maga lelkét is, nem lehet az én tanítványom. 27 És valaki nem hordozza az ő keresztjét, és én utánam jő, nem lehet az én tanítványom. 28 Mert ha közületek valaki tornyot akar építeni, nemde először leülvén felszámítja a költséget, ha van-é mivel elvégezze? 29 Nehogy minekutána fundamentomot vetett, és elvégezni nem bírja, csúfolni kezdje őt mindenki, a ki látja, 30 Ezt mondván: Ez az ember elkezdette az építést, és nem bírta véghez vinni! 31 Vagy valamely király, mikor háborúba megy, hogy egy másik királlyal megütközzék, nemde leülvén először tanácskozik, hogy tízezerrel szembeszállhat-é azzal, a ki ő ellene húszezerrel jött? 32 Mert különben még mikor amaz távol van, követséget küldvén, megkérdezi a békefeltételeket. 33 Ezenképen azért valaki közületek búcsút nem vesz minden javaitól, nem lehet az én tanítványom. 34 Jó a só: de ha a só megízetlenül, mivel sózzák meg? 35 Sem a földre, sem a trágyára nem alkalmas: kivetik azt. A kinek van füle a hallásra, hallja.
ရေဖျဉ်းနာစွဲသူကိုကုသခြင်း
1 တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှာ အရာရှိဖြစ်သော ဖာရိရှဲတစ်ယောက်၏အိမ်သို့ ဝင်တော်မူလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။- 2 ရေဖျဉ်းနာစွဲသော သူတစ်ယောက်သည် ရှေ့တော်၌ရှိ၏။- 3 ဥပုသ်နေ့၌ အနာရောဂါကို ငြိမ်းစေအပ်သလောဟု ဖာရိရှဲနှင့် ကျမ်းတတ်တို့ကို မေးတော်မူစေပြီးမှ၊- 4 သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက်တော်မူ၏။- 5 ပရိသတ်တို့ကိုလည်း၊ မိမိမြည်း၊ နွားသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် ချက်ချင်းမဆွဲမတင်ဘဲ နေမည့်သူ တစ်စုံတစ်ယောက်သည် သင်တို့တွင်ရှိသလောဟု မေးတော်မူလျှင်၊-မ၊ ၁၂:၁၁။6 ထိုသူတို့သည် စကားတစ်ခွန်းကိုမျှ မပြန်နိုင်ကြ။
နှိမ့်ချခြင်းနှင့်ဧည့်ဝတ်ပြုခြင်း
7 ထိုအခါ ခေါ်ဖိတ်သောသူတို့သည် မြင့်မြတ်သော နေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊- 8 သူတစ်ပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကိုခေါ်ဖိတ်သောအခါ၊ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်။ ထိုသို့လျောင်းလျှင် သင့်ထက်သာ၍ မြတ်သောသူသည် ပွဲသို့လာသည်ရှိသော်၊-သု၊ ၂၅:၆-၇။9 သင်တို့နှစ်ယောက်ကို ခေါ်ဖိတ်သောသူက၊ ဤသူအား နေရာကိုပေးလော့ဟုလာ၍ ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။- 10 သူတစ်ပါးတို့သည် သင့်ကို ခေါ်ဖိတ်သောအခါ၊ သွား၍ နိမ့်သောနေရာ၌ လျောင်းလော့။ ထိုသို့လျောင်းလျှင် သင့်ကိုခေါ်ဖိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါဟု သင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့်အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေ ထင်ရှားလိမ့်မည်။- 11 ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူ မည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။မ၊ ၂၃:၁၂။ လု၊ ၁၈:၁၄။
12 ကိုယ်တော်ကို ခေါ်ပင့်သောသူအား တစ်ဖန် မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာ လုပ်ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဖိတ်နှင့်။ ထိုသို့ ခေါ်ဖိတ်လျှင်၊ သူတို့သည် နောက်တစ်ဖန် သင့်ကိုခေါ်ဖိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။- 13 သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်ဖိတ်လော့။- 14 ထိုသို့ခေါ်ဖိတ်လျှင် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည် ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ထမြောက်သည်ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတ္တံ့ဟု မိန့်တော်မူ၏။
ကြီးစွာသောပွဲဥပမာ
15 စားပွဲ၌ လျောင်းသောသူတစ်ယောက်သည် ထိုစကားတော်ကို ကြားလျှင်၊ ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏ဟု လျှောက်သော်၊- 16 ကိုယ်တော်က၊ လူတစ်ဦးသည် ကြီးစွာသောပွဲကို စီရင်၍၊ လူများတို့ကို ခေါ်ဖိတ်လေ၏။- 17 ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဖိတ်သောသူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီဟု မှာ၍ အစေအပါကို စေလွှတ်၏။- 18 ခေါ်အပ်သော သူအပေါင်းတို့သည် တညီတညွတ်တည်း ပရိယာယ်ပြုကြ၏။ တစ်ယောက်က၊ အကျွန်ုပ်သည် မြေရာကို ဝယ်ပါပြီ။ သွား၍ ကြည့်ရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။- 19 တစ်ယောက်က အကျွန်ုပ်သည် နွားငါးရှဉ်းကို ဝယ်ပါပြီ။ သွား၍ စမ်းရပါမည်။ အကျွန်ုပ်ကို လွှတ်ပါဦးလော့ဟု တောင်းပန်လေ၏။- 20 တစ်ယောက်က၊ အကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အကျွန်ုပ်မလာနိုင်ပါဟု ဆို၏။- 21 အစေအပါသည် သခင့်ထံသို့ပြန်လာ၍ ထိုအကြောင်းများကို လျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍၊ မြို့လမ်းမလမ်းကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေဟု အစေအပါကို ဆို၏။- 22 အစေအပါကလည်း၊ သခင်စီရင်တော်မူသည်အတိုင်း ပြုပါပြီ။ သို့သော်လည်း၊ လပ်သောနေရာထိုင်ရာ ရှိပါသေးသည်ဟု လျှောက်လေသော်၊- 23 သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့ သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှာ အနိုင်အထက် ခေါ်သွင်းလော့။- 24 အထက်က ခေါ်ဖိတ်သောသူတစ်ယောက်မျှ ငါ့ပွဲသို့ မဝင်ရ၊ ငါအမိန့်ရှိပြီဟု အစေအပါကို ဆိုသည်ဟု မိန့်တော်မူ၏။
တပည့်တော်ဖြစ်ခြင်း၏အဖိုးအခ
25 လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကို ယေရှုသည်လှည့်၍ ကြည့်တော်မူပြီးလျှင်၊- 26 အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကိုလည်းကောင်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။-မ၊ ၁၀:၃၇။27 အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့် မဖြစ်နိုင်ရာ။-မ၊ ၁၀:၃၈၊ ၁၆:၂၄။ မာ၊ ၈:၃၄။ လု၊ ၉:၂၃။28 သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကို တည်မည်ဟု အကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည် မလောက်မည်ကို သိခြင်းငှာ၊ ရှေ့ဦးစွာ ထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲ နေမည်လော။- 29 သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကို မပြီးနိုင်လျှင်၊ သိမြင်သောသူ အပေါင်းတို့က၊- 30 ဤသူသည် တည်စပြု၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။- 31 တနည်းကား၊ တစ်စုံတစ်ယောက်သော ရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့် စစ်ပြိုင်မည်ဟု အကြံရှိလျှင်၊ လူနှစ်သောင်းနှင့် ချီလာသော ရှင်ဘုရင်ကို လူတစ်သောင်းနှင့် ခံနိုင်မည် မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲ နေမည်လော။- 32 မခံနိုင်သည် မှန်လျှင်၊ အခြားသော ရှင်ဘုရင် ဝေးသေးသောအခါ သံတမန်ကို စေလွှတ်၍ စစ်ငြိမ်းမည်အကြောင်း တောင်းပန်တတ်သည် မဟုတ်လော။- 33 ထိုနည်းတူ၊ သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။
ဆားဥပမာ
34 ဆားမူကား ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။- 35 မြေဖို့မကောင်း၊ အမှိုက်ပုံဖို့မကောင်း၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။