Botránkozások; megbocsátás; hit; cselekedetek
1 Monda pedig a tanítványoknak: Lehetetlen dolog, hogy botránkozások ne essenek; de jaj annak, a ki által esnek. 2 Jobb annak, ha egy malomkövet vetnek a nyakába, és ha a tengerbe vettetik, hogynem mint egyet e kicsinyek közül megbotránkoztasson. 3 Őrizzétek meg magatokat: ha pedig a te atyádfia vétkezik ellened, dorgáld meg őt; és ha megtér, bocsáss meg néki. 4 És ha egy napon hétszer vétkezik ellened, és egy napon hétszer te hozzád tér, mondván: Megbántam; megbocsáss néki. 5 És mondának az apostolok az Úrnak: Növeljed a mi hitünket! 6 Monda pedig az Úr: Ha annyi hitetek volna, mint a mustármag, ezt mondanátok ím ez eperfának: Szakadj ki gyökerestől, és plántáltassál a tengerbe; és engede néktek. 7 Kicsoda pedig ti közületek az, a ki, ha egy szolgája van, és az szánt vagy legeltet, tüstént azt mondja annak, mihelyt a mezőről megjő: Jer elő, ülj asztalhoz? 8 Sőt nem ezt mondja-e néki: Készíts vacsorámra valót, és felövezvén magadat, szolgálj nékem, míg én eszem és iszom; és azután egyél és igyál te? 9 Avagy megköszöni-é annak a szolgának, hogy azt mívelte, a mit néki parancsolt? Nem gondolom. 10 Ezenképen ti is, ha mindazokat megcselekedtétek, a mik néktek parancsoltattak, mondjátok, hogy: Haszontalan szolgák vagyunk; mert a mit kötelesek voltunk cselekedni, azt cselekedtük.
Tíz bélpoklos meggyógyítása
11 És lőn, mikor útban vala Jeruzsálem felé, hogy ő Samariának és Galileának közepette méne által. 12 És mikor egy faluba beméne, jöve elébe tíz bélpoklos férfi, kik távol megállának: 13 És felemelék szavokat, mondván: Jézus, Mester, könyörülj rajtunk! 14 És mikor őket látta, monda nékik: Elmenvén mutassátok meg magatokat a papoknak. És lőn, hogy míg odamenének, megtisztulának. 15 Egy pedig ő közülök, mikor látta, hogy meggyógyult, visszatére, dicsőítvén az Istent nagy szóval; 16 És arczczal leborula az ő lábainál hálákat adván néki: és az Samariabeli vala. 17 Felelvén pedig Jézus, monda: Avagy nem tízen tisztulának-é meg? A kilencze pedig hol van? 18 Nem találkoztak a kik visszatértek volna dicsőséget adni az Istennek, csak ez az idegen? 19 És monda néki: Kelj föl, és menj el: a te hited téged megtartott.
Isten országának eljövetele
20 Megkérdeztetvén pedig a farizeusoktól, mikor jő el az Isten országa, felele nékik és monda: Az Isten országa nem szemmel láthatólag jő el. 21 Sem azt nem mondják: Ímé itt, vagy: Ímé amott van; mert ímé az Isten országa ti bennetek van. 22 Monda pedig a tanítványoknak: Eljő az idő, mikor kívántok látni egyet az ember Fiának napjai közül, és nem láttok. 23 És mondják majd néktek: Ímé itt, vagy: Ímé amott van; de ne menjetek el, és ne kövessétek: 24 Mert miként a felvillanó villámlás az ég aljától az ég aljáig fénylik; úgy lesz az embernek Fia is az ő napján. 25 De előbb sokat kell néki szenvednie és megvettetnie e nemzetségtől. 26 És miként a Noé napjaiban lett, úgy lesz az ember Fiának napjaiban is. 27 Ettek, ittak, házasodtak, férjhezmentek mindama napig, a melyen Noé a bárkába beméne, és eljöve az özönvíz, és mindeneket elveszte. 28 Hasonlóképen mint a Lót napjaiban is lett; ettek, ittak, vettek, adtak, ültettek, építettek; 29 De a mely napon kiment Lót Sodomából, tűz és kénkő esett az égből, és mindenkit elvesztett: 30 Ezenképen lesz azon a napon, melyen az embernek Fia megjelenik. 31 Az nap, a ki a háztetőn lesz, és az ő holmija a házban, ne szálljon le, hogy elvigye; és a ki a mezőn, azonképen ne forduljon hátra. 32 Emlékezzetek Lót feleségére! 33 Valaki igyekezik az ő életét megtartani, elveszti azt, és valaki elveszti azt, megeleveníti azt. 34 Mondom néktek, azon az éjszakán ketten lesznek egy ágyban; az egyik felvétetik, és a másik elhagyatik. 35 Két asszony őröl együtt; az egyik felvétetik, és a másik elhagyatik. 36 Ketten lesznek a mezőn; az egyik felvétetik, és a másik elhagyatik. 37 És felelvén, mondának néki: Hol, Uram? Ő pedig monda nékik: a hol a test, oda gyűlnek a saskeselyűk.
အပြစ်
1 တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊ မှားယွင်းစရာအကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။- 2 ဤသူငယ်တစ်စုံတစ်ယောက်ကို မှားယွင်းစေသည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ ချခြင်းကို ခံရလျှင် အနေသာ၍ကောင်း၏။- 3 သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ကို ဆုံးမလော့။ သူသည် နောင်တရလျှင် သူ၏အပြစ်ကိုလွှတ်လော့။-မ၊ ၁၈:၁၅။4 တစ်နေ့ချင်းတွင် ခုနစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနစ်ကြိမ်မြောက်အောင် သင့်ထံသို့ လှည့်၍ နောင်တရပါ၏ဟုဆိုလျှင်၊ သူ၏အပြစ်ကို လွှတ်လော့ဟု မိန့်တော်မူ၏။
ယုံကြည်ခြင်း
5 တမန်တော်တို့က၊ အကျွန်ုပ်တို့ ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟု သခင်ဘုရားကို တောင်းပန်ကြလျှင်၊- 6 သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနုတ်၍ ပင်လယ်၌ စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်။
အစေခံ၏ဝတ္တရား
7 အစေအပါသည် လယ်ထွန်သော်လည်းကောင်း၊ သိုး၊ နွား ကျောင်းသော်လည်းကောင်း၊ လယ်ပြင်မှလာ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါကို၊ အသော့လာ၍ စားပွဲ၌ လျောင်းလော့ဟု သင်တို့တွင် အဘယ်သူပြောမည်နည်း။- 8 ထိုအစေအပါကို၊ ငါစားစရာဖို့ ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကို လုပ်ကျွေးလော့။ ထိုနောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော။- 9 ထိုအစေအပါသည် သခင်စီရင်သည်အတိုင်း ပြုသောကြောင့်၊ သခင်၌ ကျေးဇူးတင်သလော။ ကျေးဇူးမတင်။- 10 ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါ ဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ဟု မိန့်တော်မူ၏။
နူနာတစ်ကျိပ်ကိုကုသခြင်း
11 ယေရုရှလင်မြို့သို့ ကြွတော်မူစဉ်၊ ရှမာရိပြည်နှင့် ဂါလိလဲပြည်စပ်ကြား၌ လျှောက်သွားတော်မူ၏။- 12 ရွာတစ်ရွာသို့ ဝင်တော်မူသည်တွင်၊ နူနာစွဲသောသူတစ်ကျိပ်တို့သည် ခရီးဦးကြိုပြု၍ အဝေးကရပ်လျက်၊- 13 သခင်ယေရှု၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏။- 14 ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။-ဝတ်၊ ၁၄:၁-၃၂။15 ထိုသူတို့တွင် တစ်ယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကို သိမြင်လျှင်၊ ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။- 16 ခြေတော်ရင်း၌ ပျပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူ ဖြစ်သတည်း။- 17 ယေရှုကလည်း၊ တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။- 18 ဤတစ်ပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းခြင်းငှာ ပြန်လာသောသူ တစ်ယောက်မျှ မရှိသလောဟု မေးတော်မူပြီးမှ၊- 19 သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင်၏အနာကိုငြိမ်းစေပြီဟု ထိုသူအား မိန့်တော်မူ၏။
နိုင်ငံတော်တည်မည့်အချိန်
20 ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်။- 21 ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။
22 တစ်ဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တစ်ရက်ကိုမျှ တွေ့မြင်လို၍၊ မတွေ့မမြင်ရသော အချိန်ကာလ ရောက်လိမ့်မည်။- 23 ဤအရပ်၌ ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။- 24 ကောင်းကင်တစ်ဖက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။- 25 ထိုသို့မဖြစ်မီ သူသည် များစွာသော ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကိုလည်းကောင်း ခံရမည်။
26 နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။-က၊ ၆:၅-၈။27 နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက် နေကြ၏။-က၊ ၇:၆-၂၄။28 ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့လည်းကောင်း၊-က၊ ၁၈:၂၀-၁၉:၂၅။29 လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုးရွာ၍ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့လည်းကောင်း၊- 30 လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။
31 ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသောသူသည် မိမိ အိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှာ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။-မ၊ ၂၄:၁၇-၁၈။ မာ၊ ၁၃:၁၅-၁၆။32 လောတ၏မယားကို အောက်မေ့ကြလော့။-က၊ ၁၉:၂၆။33 အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ ရှာကြံ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် အသက်ရှုံး၏။ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။-မ၊ ၁၀:၃၉၊ ၁၆:၂၅။ မာ၊ ၈:၃၅။ လု၊ ၉:၂၄။ ယော၊ ၁၂:၂၅။34 ငါဆိုသည်ကား၊ ထိုနေ့ညတွင် အိပ်ရာတစ်ခု၌ ရှိသောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- 35 ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- 36 လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့ဟု မိန့်တော်မူလျှင်၊ 37 သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်းဟု မေးလျှောက်ကြသော်၊ အသေကောင်ရှိရာအရပ်၌ ရွှေလင်းတတို့သည် စုဝေးကြလတ္တံ့ဟု မိန့်တော်မူ၏။