မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်
1 မောဘပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသောညအခါ၊ မောဘပြည်အာရမြို့သည် ပျက်စီး၏။ လုပ်ကြံသောညအခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။ဟေရှာ၊ ၂၅:၁၀-၁၂။ ယေ၊ ၄၈:၁-၄၇။ ယေဇ၊ ၂၅:၈-၁၁။ အာ၊ ၂:၁-၃။ ဇေ၊ ၂:၈-၁၁။2 ပြည်သားတို့သည် ဗက်မြို့၊ ဒိဘုန်မြို့၌ မြင့်သောအရပ်သို့တက်၍ ငိုကြွေးကြ၏။ မောဘပြည်သားတို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညည်းတွားမြည်တမ်းကြ၏။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်းရိတ်ပယ်ပြီ။ 3 လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ၍၊ အိမ်မိုးပေါ်၌လည်းကောင်း၊ လမ်းမ၌လည်းကောင်း ရှိသမျှသောသူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည်ကျကြ၏။ 4 ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး၍၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏။ မောဘသူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေးကြ၏။ 5 ငါ့နှလုံးသည်လည်း၊ မောဘအဖို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ်မြို့သို့ သွားသောလမ်း၌လည်း ဆုံးရှုံးခြင်းအသံကိုလွှင့်ကြ၏။ 6 အကြောင်းမူကား၊ နိမရိမ်ရေကန်တို့သည် ဆိတ်ညံ၍၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ။ ပျိုးပင်များလည်း သေခဲ့ပြီ။ စိမ်းသောအပင် တစ်ပင်မျှမရှိ။ 7 ထိုကြောင့်၊ သူတို့သည် မိမိတို့ဆည်းပူးသောဥစ္စာ၊ သိုထားသောဘဏ္ဍာများကို မိုးမခပင်ချိုင့်သို့ ယူသွားကြလိမ့်မည်။ 8 ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြားလေ၏။ ညည်းတွားမြည်တမ်းသော အသံသည် ဧဂလိမ်မြို့တိုင်အောင်လည်းကောင်း၊ ဗေရဧလိမ်မြို့တိုင်အောင်လည်းကောင်း ရောက်လေ၏။ 9 အကြောင်းမူကား၊ ဒိမုန်မြို့ရေတို့သည် အသွေးနှင့်ပြည့်ကြ၏။ ဒိမုန်မြို့အပေါ်မှာ အခြားသောဘေးများကိုလည်းကောင်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကိုလည်းကောင်း ငါရောက်စေမည်။
1 The burden of Moab.
For in a night Ar of Moab is laid waste, and brought to nought; for in a night Kir of Moab is laid waste, and brought to nought. 2 They are gone up to Bayith, and to Dibon, to the high places, to weep: Moab waileth over Nebo, and over Medeba; on all their heads is baldness, every beard is cut off. 3 In their streets they gird themselves with sackcloth; on their housetops, and in their broad places, every one waileth, weeping abundantly. 4 And Heshbon crieth out, and Elealeh; their voice is heard even unto Jahaz: therefore the armed men of Moab cry aloud; his soul trembleth within him. 5 My heart crieth out for Moab; her nobles flee unto Zoar, to Eglath-shelishi-yah: for by the ascent of Luhith with weeping they go up; for in the way of Horonaim they raise up a cry of destruction. 6 For the waters of Nimrim shall be desolate; for the grass is withered away, the tender grass faileth, there is no green thing. 7 Therefore the abundance they have gotten, and that which they have laid up, shall they carry away over the brook of the willows. 8 For the cry is gone round about the borders of Moab; the wailing thereof unto Eglaim, and the wailing thereof unto Beer-elim. 9 For the waters of Dimon are full of blood; for I will bring yet more upon Dimon, a lion upon them of Moab that escape, and upon the remnant of the land.
Domínio Público. Esta tradução bíblica de domínio público é trazida a você por cortesia de eBible.org.