1 ထိုမှတစ်ပါး၊ ဝမ်းနည်းခြင်းနှင့်တကွ သင်တို့ဆီသို့ နောက်တစ်ဖန် ငါလာမည်ဟု ငါစိတ်ပြဋ္ဌာန်းခဲ့ပြီ။- 2 အကြောင်းမူကား၊ ငါသည် သင်တို့ကို ဝမ်းနည်းစေလျှင်၊ ထိုသို့ ဝမ်းနည်းစေသောသူတို့မှတစ်ပါး အဘယ်သူသည် ငါ့ကိုဝမ်းမြောက်စေမည်နည်း။- 3 ငါဝမ်းမြောက်ခြင်း၏ အကြောင်းသည် သင်တို့ရှိသမျှ၏ ဝမ်းမြောက်ခြင်းအကြောင်းဖြစ်သည်ကို ငါသဘောကျသည်ဖြစ်၍၊ ငါရောက်သောအခါ ငါ့ကို ဝမ်းမြောက်စေအပ်သောသူတို့သည် ဝမ်းနည်းခြင်း အကြောင်းကို မပြုစေခြင်းငှာ၊ အထက်စာကို ငါရေး၍ ပေးလိုက်၏။- 4 အလွန်ညှိုးငယ်ပူပန်သောစိတ်နှင့် မျက်ရည်အများကျလျက်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သင်တို့ကို စိတ်နာစေခြင်းငှာ ငါရေးသည်မဟုတ်။ ငါသည် သင်တို့အား အလွန်ချစ်သောမေတ္တာစိတ်ကို သင်တို့ သိစေခြင်းငှာ ငါရေး၏။
ပြစ်မှားသူကိုအပြစ်လွှတ်ခြင်း
5 တစ်စုံတစ်ယောက်သောသူသည် ဝမ်းနည်းခြင်းအကြောင်းကို ပြုသည်မှန်လျှင်၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ကို ဝမ်းနည်းစေ၏။ သင်တို့ရှိသမျှကို ကျပ်တည်းစွာ မစီရင်လို။- 6 အများသောသူတို့စီရင်သော ဒဏ်သည် ထိုသူ၏အပြစ်နှင့် တန်ပြီ။- 7 သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်း အားကြီးလျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှာ၊ သင်တို့သည် ခြားနားသောအားဖြင့် သူ၏အပြစ်ကို လွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာ ပြုသင့်၏။- 8 ထိုကြောင့် သင်တို့သည် သူ့ကို အမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။- 9 ထိုမှတစ်ပါး၊ သင်တို့သည် အရာရာ၌နားထောင်သည်၊ နားမထောင်သည်ကို ငါသိလို၍၊ သင်တို့ကို စုံစမ်းသောအားဖြင့် အထက်က ရေး၏။- 10 အကြင်သူ၏အပြစ်ကို သင်တို့သည် လွှတ်၏၊ ထိုသူ၏အပြစ်ကို ငါသည်လည်း လွှတ်၏၊၊ အကြောင်းမူကား၊ ငါသည် တစ်စုံတစ်ယောက်သောသူ၏ အပြစ်ကို လွှတ်ဖူးလျှင်၊ သင်တို့ကိုထောက်၍ ခရစ်တော်၏အခွင့်နှင့် လွှတ်ဖူး၏။- 11 သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။
တရောမြို့တွင်စိတ်ပူပန်ရခြင်း
12 ထိုမှတစ်ပါး၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဟောခြင်းငှာ တရောမြို့သို့ ငါရောက်၍၊ သခင်ဘုရားသည် ငါ့အားတံခါးကို ဖွင့်တော်မူသောအခါ၊- 13 ငါ့ညီတိတုကို ငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့်၊ ထိုသူတို့ကို အခွင့်ပန်ပြီးမှ မာကေဒေါနိပြည်သို့ ထွက်သွားလေ၏။
ခရစ်တော်၌အောင်မြင်ခြင်း
14 ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှာလည်းကောင်း၊ ထိုသခင်ကို သိခြင်း၏ အမွှေးအကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှာလည်းကောင်း၊ ပြုတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းရှိစေသတည်း။- 15 အဘယ်သို့နည်း ဟူမူကား၊ ငါတို့သည် ကယ်တင်သော သူတို့၌လည်းကောင်း၊ ဆုံးရှုံးသော သူတို့၌လည်းကောင်း၊ ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ကြ၏။- 16 ဆုံးရှုံးသောသူတို့၌ကား၊ သေခြင်းတိုင်အောင် သေခြင်း၏အမွှေးအကြိုင် ဖြစ်ကြ၏။ ကယ်တင်သော သူတို့၌ကား၊ အသက်ရှင်ခြင်းတိုင်အောင် အသက်ရှင်ခြင်း၏အမွှေးအကြိုင် ဖြစ်ကြ၏။ သို့ဖြစ်၍ ဤအမှုအရာတို့နှင့် အဘယ်သူ ထိုက်တန်သနည်း။- 17 ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတို့နှင့် ငါတို့သည်မတူဘဲ ကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင်၏ အလိုတော်နှင့်အညီ၊ ဘုရားသခင့်ရှေ့တော်၌ ခရစ်တော်၏တရားကို ဟောပြောကြ၏။
1 Eu decidi, pois, comigo mesmo não tornar a visitar-vos, para não vos contristar;
2 porque, se eu vos entristeço, como poderia esperar alegria daqueles que por mim foram entristecidos?
3 Se vos escrevi estas coisas foi para que, quando eu chegar, não sinta tristeza precisamente da parte dos que me deviam alegrar. Confio em todos vós que a minha alegria seja a de todos.
4 Foi numa grande aflição, com o coração despedaçado e lágrimas nos olhos, que vos escrevi, não com o propósito de vos contristar, mas para vos fazer conhecer o amor todo particular que vos tenho.
5 Se alguém causou tristeza, não me contristou a mim, mas de certo modo – para não exagerar – a todos vós.
6 Basta a esse homem o castigo que a maioria dentre vós lhe infligiu.
7 Assim deveis agora perdoar-lhe e consolá-lo para que não sucumba por demasiada tristeza.
8 Peço-vos que tenhais caridade para com ele.
9 Quando vos escrevi, a minha intenção era submeter-vos à prova para ver se éreis totalmente obedientes.
10 A quem vós perdoais, também eu perdoo. Com efeito, o que perdoei – se alguma coisa tenho perdoado – foi por amor de vós, sob o olhar de Cristo.
11 Não quero que sejamos vencidos por Satanás, pois não ignoramos as suas maquinações.
12 Quando cheguei a Trôade para pregar o Evangelho de Cristo, apesar da porta que o Senhor me abriu,
13 o meu espírito não teve sossego, porque não achei o meu irmão Tito. Despedi-me deles e parti para a Macedônia.
14 Mas graças sejam dadas a Deus, que nos concede sempre triunfar em Cristo, e que por nosso meio difunde o perfume do seu conhecimento em todo lugar.
15 Somos para Deus o perfume de Cristo entre os que se salvam e entre os que se perdem.
16 Para estes, na verdade, odor de morte e que dá a morte; para os primeiros, porém, odor de vida e que dá a vida. E qual o homem capaz de uma tal obra?
17 É que, de fato, não somos, como tantos outros, falsificadores da Palavra de Deus. Mas é na sua integridade, tal como procede de Deus, que nós a pregamos em Cristo, sob os olhares de Deus.