ကာလကုန်ဆုံးချိန်
1 ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ ရောက်ကြလိမ့်မည်။မ၊ ၂၄:၂၁။ မာ၊ ၁၃:၁၉။ ဗျာ၊ ၇:၁၄၊၁၂:၇။2 ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သောသူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရ အသက်ရှင်ခြင်းနှင့်လည်းကောင်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရအသရေပျက်ခြင်းနှင့်လည်းကောင်း နိုးကြလိမ့်မည်။ဟေရှာ၊ ၂၆:၁၉။ မ၊ ၂၅:၄၆။ ယော၊ ၅:၂၉။3 ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့လည်းကောင်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့လည်းကောင်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။ 4 သင်ဒံယေလမူကား၊ အမှုကုန်ရသည် ကာလတိုင်အောင်၊ ဤစကားတော်တို့ကို ပိတ်၍ စာစောင်ကို တံဆိပ်ခတ်ထားလော့။ အများသော သူတို့သည် ထိုစာကို ကြည့်ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်ဟု ပြောဆို၏။ဗျာ၊ ၂၂:၁၀။
5 ထိုအခါ ငါဒံယေလသည် ကြည့်ရှုလျှင်၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့၌ တစ်ဖက်တစ်ပါးစီ ရပ်နေကြ၏။ 6 တစ်ပါးကလည်း၊ အံ့ဖွယ်သော ဤအမူအရာတို့သည် မကုန်စင်မီ အဘယ်မျှလောက် ကြာလိမ့်မည်နည်းဟု ပိတ်ချောကိုဝတ်လျက်၊ မြစ်ရေပေါ်မှာရှိသော လူကို မေးမြန်း၏။ 7 ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်း သူတို့၏အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူအရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဖက်ကို ကောင်းကင်သို့ချီလျက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည်၍ ကျိန်ဆိုသည်ကို ငါကြား၏။ဗျာ၊ ၁၀:၅။ ၁၂:၁၄။
8 ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ သခင်ဘုရား၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင်ပါမည်နည်းဟု မေးလျှောက်လျှင်၊ 9 ထိုသူက ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည် ကာလတိုင်အောင် ပိတ်၍ တံဆိပ်ခတ်ထားလျက် ရှိ၏။ 10 လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသောသူတို့သည် မတရားသဖြင့် ပြု၍ တစ်ယောက်မျှ နားမလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့်မည်။ ဗျာ၊ ၂၂:၁၁။11 နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် ပေါ်လာပြီးမှ၊ အရက် တစ်ထောင်နှစ်ရာကိုးဆယ် ကြာလိမ့်မည်။ဒံ၊ ၉:၂၇၊ ၁၁:၃၁။ မ၊ ၂၄:၁၅။ မာ၊ ၁၃:၁၄။12 အရက် တစ်ထောင်သုံးရာသုံးဆယ်ငါးရက်တိုင်အောင် ငံ့လင့်၍ မီသောသူသည် မင်္ဂလာရှိ၏။ 13 သင်မူကား အဆုံးမဖြစ်မီတိုင်အောင် သွားလော့။ ငြိမ်ဝပ်စွာနေရလိမ့်မည်။ နေ့ရက်ကာလ ကုန်စင်ပြီးမှ ကိုယ်အရိုက်အရာကိုခံ၍ ပေါ်ရလိမ့်မည်ဟုဆို၏။
ပရောဖက်ဒံယေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။
册上有名的必蒙拯救
1 "那时保护你同胞的伟大护卫天使米迦勒必站起来;并且必有患难的时期,是立国以来直到那时未曾有过的。那时你的同胞中名字记录在册上的,都必得拯救。2 必有许多睡在尘土中的人醒过来,有的要得永生,有的要受羞辱,永远被憎恶。3 那些有智慧的必发光,好象穹苍的光体;那些使许多人归义的必发光,如同星星,直到永永远远。4 但以理啊!你要隐藏这些话,把这书密封,直到末期,必有许多人来往奔跑,知识增多。"
下令封闭预言直到末期
5 我但以理观看,看见另有两个天使,一个站在河岸的这边,一个站在河岸的那边。6 有一个问那身穿细麻衣、站在河水以上的人,说:"这些奇异的事的结局几时才到呢?"7 我听见那身穿细麻衣、站在河水以上的人,向天举起左右手,指着活到永远的主起誓,说:"要经过一载、二载、半载"一载、二载、半载"或译:"一个时期、多个时期、半个时期";在他们完全粉碎圣民的势力的时候,这一切事就都要完成。"8 我听见,却不明白,我就问:"我主啊,这些事的结局是怎样呢?"9 他回答:"但以理啊!你只管去吧,因为这些话已经隐藏密封,直到末期。10 许多人必洁净自己,使自己洁白,并且被熬炼。可是恶人仍然作恶。所有恶人都不明白,只有那些使人有智慧的才能明白。11 从废除常献祭,并设立那使地荒凉的可憎的像的时候起,必有一千二百九十天。12 等候到一千三百三十五日的,那人是有福的。13 你应去等待结局!你必安歇;到了末日,你必起来,承受你的分。"