1 ဒါဝိဒ်၏သားတော်ရှောလမုန်သည်၊ မိမိဘုရားသခင် ထာဝရဘုရားမစတော်မူခြင်း၊ အလွန်ချီးမြှောက်တော်မူခြင်း ကျေးဇူးကြောင့်၊ မိမိအာဏာတော်တည်ကြည်မြဲမြံသောအခါ၊ 2 လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ တရားသူကြီး၊ ဣသရေလမင်းအပေါင်းတို့နှင့် အဆွေအမျိုးသူကြီး အစရှိသော ဣသရေလ အမျိုးသားအပေါင်းတို့ကိုခေါ်၍၊ 3 တော၌ ထာဝရဘုရား၏ကျွန်မောရှေလုပ်ခဲ့သော ဘုရားသခင်၏ ပရိသတ်စည်းဝေးရာတဲတော်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ ရှိသည်ဖြစ်၍ ထိုအရပ်သို့ ပရိသတ်အပေါင်းတို့နှင့်အတူ သွားတော်မူ၏။ 4 ဘုရားသခင်၏သေတ္တာတော်ကိုကား ဒါဝိဒ်ပြင်ဆင်သောအရပ်၊ ယေရုရှလင်မြို့၌ ဆောက်နှင့်သောတဲသို့ ကိရယတ်ယာရိမ်မြို့မှ ဆောင်ခဲ့သော်လည်း၊၂ရာ၊ ၆:၁-၁၇။ ၅ရာ၊၁၃:၅-၁၄၊ ၁၅:၂၅-၁၆:၁၊5 ဟုရသားဖြစ်သော ဥရိ၏သား ဗေဇလေလ လုပ်ခဲ့သော ကြေးဝါယဇ်ပလ္လင်ကို ထာဝရဘုရား၏တဲတော်ရှေ့မှာထားသောကြောင့်၊ ရှောလမုန်နှင့် ပရိသတ်တို့သည် ထိုယဇ်ပလ္လင်သို့ သွားကြ၏။ထွ၊ ၃၈:၁-၇။6 ထိုသို့ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့၊ ထာဝရဘုရား ရှေ့တော်၌ရှိသော ကြေးဝါယဇ်ပလ္လင်သို့ ရှောလမုန်ရောက်၍ ထိုပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်တစ်ထောင်ကို ပူဇော်လေ၏။
7 ထိုညတွင် ဘုရားသခင်သည် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည့်ဆုကို တောင်းလော့ဟု မိန့်တော်မူ၏။ 8 ရှောလမုန်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်အဘဒါဝိဒ်၌ များစွာသောကျေးဇူးကို ပြုတော်မူပြီ။ အဘအရာ၌လည်း အကျွန်ုပ်ကို နန်းထိုင်စေတော်မူပြီ။ 9 ယခုမှာ အိုထာဝရအရှင် ဘုရားသခင်၊ မြေမှုန့်များသကဲ့သို့ အရေအတွက်အားဖြင့် များပြားသောလူတို့၏ ရှင်ဘုရင်အရာ၌ အကျွန်ုပ်ကို ချီးမြှောက်တော်မူသောကြောင့် အဘဒါဝိဒ်၌ထားသော ကတိတော်ကို တည်စေတော်မူပါ။က၊ ၁၃:၁၆၊၂၈:၁၄။10 အကျွန်ုပ်သည် ဤလူတို့ရှေ့မှာ ထွက်ဝင်နိုင်မည်အကြောင်း ဉာဏ်ပညာကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏လူတို့ကို အဘယ်သူသည် ကိုယ်အလိုအလျောက် တရားစီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။ 11 ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက်မေ့၍ စည်းစိမ်ဥစ္စာ ဂုဏ်အသရေကိုမတောင်း၊ ရန်သူတို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သောအသက်ကိုလည်း မတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏လူမျိုးကို တရားစီရင်ခြင်းငှာ တတ်နိုင်သော ဉာဏ်ပညာကိုသာ ကိုယ်အဖို့တောင်းသောကြောင့်၊ 12 ဉာဏ်ပညာကို ငါပေး၏။ ထိုမှတစ်ပါး သင့်ရှေ့မှာဖြစ်ဖူးသော ရှင်ဘုရင်နှင့် သင့်နောက်၌ ဖြစ်လတ္တံ့သော ရှင်ဘုရင်တစ်ယောက်မျှ မမီနိုင်မည်အကြောင်း၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကိုလည်း ငါပေးမည်ဟု မိန့်တော်မူ၏။
13 ထိုအခါ ရှောလမုန်သည် ဂိဗောင်မြို့တွင် မြင့်သောအရပ်၌ရှိသော ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှသည် ယေရုရှလင်မြို့သို့ ပြန်သွား၍၊ ဣသရေလပြည်ကို အုပ်စိုးလျက်နေတော်မူ၏။
14 ထိုနောက် ရှောလမုန်သည် ရထားများ၊ မြင်းစီးသူရဲများကို ဆည်းပူး၍၊ ရထား တစ်ထောင်နှင့်လေးရာ၊ မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌လည်းကောင်း၊ ယေရုရှလင်မြို့ အထံတော်၌လည်းကောင်း ထား၏။၃ရာ၊ ၄:၂၆။15 ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ရွှေငွေကို ကျောက်ခဲကဲ့သို့လည်းကောင်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့လည်းကောင်း များပြားစေ၏။ 16 ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှ ဆောင်ခဲ့ရ၏။ ရှင်ဘုရင်ကုန်သည်တို့သည် အဖိုးပေးလျက်၊ ကောမြို့၌ ခံယူရကြ၏။တရား၊၁၇:၁၆။17 အဲဂုတ္တုပြည်မှ ရထားတစ်ခုကို ငွေခြောက်ပိဿာနှင့်လည်းကောင်း၊ မြင်းတစ်စီးကို တစ်ပိဿာငါးဆယ်နှင့်လည်းကောင်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့်၊ ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကိုရတတ်ကြ၏။
(capitoli da 1 a 19)
1 Salomone, figlio di Davide, si stabilì saldamente nel suo regno; l’Eterno, il suo Dio, fu con lui e lo elevò a somma grandezza. 2 Salomone parlò a tutto Israele, ai capi delle migliaia e delle centinaia, ai giudici, a tutti i prìncipi capi delle case patriarcali di tutto Israele; 3 e lui, con tutta l’assemblea, si recò all’alto luogo, che era a Gabaon; là, infatti, si trovava la tenda di convegno di Dio, che Mosè, servo dell’Eterno, aveva eretta nel deserto. 4 Quanto all’arca di Dio, Davide l’aveva trasportata da Chiriat-Iearim al luogo che le aveva preparato; infatti aveva eretto per lei una tenda a Gerusalemme. 5 Anche l’altare di bronzo, fatto da Besaleel, figlio di Uri, figlio di Cur, si trovava a Gabaon, davanti al tabernacolo dell’Eterno. Salomone e l’assemblea andarono là a cercare l’Eterno. 6 Sull’altare di bronzo, che era davanti alla tenda di convegno, Salomone offrì alla presenza dell’Eterno mille olocausti. 7 In quella notte Dio apparve a Salomone, e gli disse: "Chiedi quello che vuoi che io ti dia". 8 Salomone rispose a Dio: "Tu hai trattato con grande benevolenza Davide, mio padre, e hai fatto regnare me al suo posto. 9 Ora, o Eterno Iddio, si avveri la promessa che hai fatto a Davide mio padre, poiché tu mi hai costituito re di un popolo numeroso come la polvere della terra! 10 Dammi dunque saggezza e intelligenza, affinché io sappia come comportarmi di fronte a questo popolo; poiché chi potrebbe mai amministrare la giustizia per questo tuo popolo che è così numeroso?". 11 E Dio disse a Salomone: "Poiché questo è ciò che hai nel cuore, e non hai chiesto ricchezze, né beni, né gloria, né la morte dei tuoi nemici, e nemmeno una lunga vita, ma hai chiesto per te saggezza e intelligenza per poter amministrare la giustizia per il mio popolo del quale io ti ho costituito re, 12 la saggezza e l’intelligenza ti sono concesse; e, oltre a questo, ti darò ricchezze, beni e gloria, come non ne ebbero mai i re che ti hanno preceduto, e come non ne avrà mai nessuno dei tuoi successori". 13 Salomone ritornò a Gerusalemme dall’alto luogo che era a Gabaon e dalla tenda di convegno, e regnò sopra Israele. 14 Salomone radunò carri e cavalieri, ed ebbe millequattrocento carri e dodicimila cavalieri, che predispose nelle città dove teneva i carri, e presso il re a Gerusalemme. 15 Il re fece in modo che a Gerusalemme l’argento e l’oro fossero comuni come le pietre, e i cedri tanto abbondanti quanto i sicomori della pianura. 16 I cavalli che Salomone aveva, gli venivano portati dall’Egitto; le carovane di mercanti del re li andavano a prendere a branchi, per un prezzo convenuto; 17 facevano uscire dall’Egitto e giungere a destinazione un equipaggio per il costo di seicento sicli d’argento e un cavallo per il costo di centocinquanta. Nello stesso modo, tramite quei mercanti, se ne facevano venire per tutti i re degli Ittiti e per i re della Siria.