1 ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ မုန့်ညက်ကိုဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း၍၊ လောဗန်ကိုလည်းထည့်ပြီးမှ၊ 2 အာရုန်၏သားယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကိုယူ၍၊ ထိုအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။ 3 ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
4 မီးဖို၌ဖုတ်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီနှင့်မုန့်ညက်ဖြင့်လုပ်သော တဆေးမဲ့ မုန့်ပြားသော်လည်းကောင်း၊ ဆီလူးသော တဆေးမဲ့မုန့်ကြွပ်သော်လည်းကောင်း ဖြစ်ရမည်။ 5 သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီရော၍ တဆေးမပါသောမုန့်ညက်နှင့် လုပ်ရမည်။ 6 ထိုမုန့်ကိုချိုးဖဲ့၍ ဆီကိုလောင်းရမည်။ ဘောဇဉ်ပူဇော်သကာ ဖြစ်သတည်း။ 7 အိုးကင်းနှင့်ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီရောသောမုန့်ညက်နှင့် လုပ်ရမည်။
8 ထိုဘောဇဉ်ပူဇော်သကာ အမျိုးမျိုးတို့ကို၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင်သို့ဆောင်ခဲ့ရမည်။ 9 ထိုဘောဇဉ်ပူဇော်သကာထဲက အတွက်အတာကိုနှိုက်ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။ 10 ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက အလွန်သန့်ရှင်းသောအရာဖြစ်၏။ 11 ထာဝရဘုရားအားဆက်သော ဘောဇဉ်ပူဇော်သကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာပြုသောအခါ၊ တဆေးကိုမီးမရှို့ရ။ ပျားရည်ကိုလည်းမရှို့ရ။ 12 အဦးသီးသော အသီးအနှံကို ပူဇော်သောအမှုမှာ၊ တဆေးနှင့်ပျားရည်ကို၊ ထာဝရဘုရားအား ပူဇော်ရသော်လည်း၊ မွှေးကြိုင်ရာဖို့ ယဇ်ပလ္လင်ပေါ်မှာမီးမရှို့ရ။ 13 ဘောဇဉ်ပူဇော်သကာပြုလေရာရာ၌ ဆားခပ်ရမည်။ သင်ပြုသော ဘောဇဉ်ပူဇော်သကာ၌၊ သင်၏ဘုရားသခင်ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ။ 14 အဦးသီးသောအသီးအနှံကို၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ်အောင် မီးနားမှာထား၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊ 15 ဆီကိုလောင်း၍၊ လောဗန်ကိုတင်လျက်၊ ပူဇော်သကာကိုပြုရမည်။ ဘောဇဉ်ပူဇော်သကာဖြစ်သတည်း။ 16 ပွတ်ယူသောစပါးစေ့အချို့၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ထိုဘောဇဉ်ပူဇော်သကာ အတွက်အတာကို၊ ယဇ်ပုရောဟိတ်သည် မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သကာဖြစ်သတည်း။
1 Quando qualcuno presenterà all’Eterno come offerta una oblazione, la sua offerta sarà di fior di farina; vi verserà sopra dell’olio e vi aggiungerà dell’incenso. 2 E la porterà ai sacerdoti figli di Aaronne; e il sacerdote prenderà una manciata piena di fior di farina bagnata di olio, con tutto l’incenso, e farà bruciare ogni cosa sull’altare, come ricordo. Questo è un sacrificio di odore soave, fatto mediante il fuoco all’Eterno. 3 Ciò che rimarrà dell’oblazione sarà per Aaronne e per i suoi figli; è cosa santissima tra i sacrifici fatti mediante il fuoco all’Eterno. 4 Quando offrirai un’oblazione cotta nel forno, ti servirai di focacce non lievitate, di fior di farina impastata con olio, e di gallette senza lievito unte d’olio. 5 E se la tua offerta è un’oblazione cotta sulla griglia, sarà di fior di farina, impastata con olio, senza lievito. 6 La farai a pezzi, e vi verserai su dell’olio; è un’oblazione. 7 E se la tua offerta è un’oblazione cotta in padella, sarà fatta di fior di farina con olio. 8 Porterai all’Eterno l’oblazione fatta di queste cose; sarà presentata al sacerdote, che la porterà sull’altare. 9 Il sacerdote preleverà dall’oblazione la parte che deve essere offerta come ricordo, e la farà bruciare sull’altare. È un sacrificio di odore soave, fatto mediante il fuoco all’Eterno. 10 Ciò che rimarrà dell’oblazione sarà per Aaronne e per i suoi figli; è cosa santissima tra i sacrifici fatti mediante il fuoco all’Eterno. 11 Qualunque oblazione offrirete all’Eterno sarà senza lievito; poiché non farete bruciare nulla che contenga lievito o miele, come sacrificio fatto mediante il fuoco all’Eterno. 12 Potrete offrirne all’Eterno come oblazione di primizie; ma queste offerte non saranno poste sull’altare come offerte di odore soave. 13 Ogni oblazione che offrirai la condirai con sale, e non lascerai che la tua oblazione manchi di sale, segno del patto del tuo Dio. Su tutte le tue offerte offrirai del sale. 14 E se offri all’Eterno un’oblazione di primizie, offrirai, come oblazione delle tue primizie, delle spighe tostate al fuoco, chicchi di grano nuovo, tritati. 15 E vi porrai su dell’olio e vi aggiungerai dell’incenso: è un’oblazione. 16 Il sacerdote farà bruciare come ricordo una parte del grano tritato e dell’olio, con tutto l’incenso. È un sacrificio fatto mediante il fuoco all’Eterno.