1 တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 2 ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကိုအမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့်ပစ်ရကြမည်။ 3 ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသောနာမတော်ကို ရှုတ်ချလျက်၊ မိမိသားကို မောလုတ်ဘုရားအားဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။ 4 မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို ပြည်သားတို့သည် အမှုမထား၊ မသတ်ဘဲနေလျှင်၊ 5 ထိုသို့နေသောသူနှင့် သူ၏အိမ်သူအိမ်သားတို့ကို ငါသည်မျက်နှာထား၍ ထိုသူကိုလည်းကောင်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၌ မှားယွင်းသောသူကိုလည်းကောင်း၊ သူတို့အမျိုးမှပယ်ရှင်းမည်။ 6 လမ်းလွဲ၍ နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့လိုက်လျက်၊ မှားယွင်းသောသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။ 7 သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်းစေ၍၊ သန့်ရှင်းခြင်းရှိကြလော့။ 8 ငါ့နည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။
9 မိဘကိုကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သောအပြစ်ရှိ၏။ 10 သူ့မယားကိုပြစ်မှားသောသူသည် မှားယွင်းသောမိန်းမနှင့်တကွ အသေသတ်ခြင်းကိုအမှန်ခံရမည်။ 11 ကိုယ်အဘ၏မယားနှင့် သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။ 12 ယောက်ျားသည် ကိုယ်ချွေးမနှင့်သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဖွယ်သောရောနှောခြင်းကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။ 13 မိန်းမနှင့်ပေါင်းဖော်သကဲ့သို့ ယောက်ျားချင်းပေါင်းဖော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဖွယ်သောအမှုကိုပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။ 14 ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသောအမှုမရှိစေခြင်းငှာ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။ 15 ယောက်ျားသည် တိရစ္ဆာန်နှင့်ပေါင်းဖော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်း သတ်ရမည်။ 16 မိန်းမသည်လည်း၊ မိမိနှင့် တိရစ္ဆာန်၏ပေါင်းဖော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။ 17 ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသောအမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ရှေ့မှောက်၌ ပယ်ရှင်းခြင်းကိုခံရကြမည်။ ထိုယောက်ျားသည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကိုခံရမည်။ 18 ယောက်ျားသည် ဥတုရောက်လျက်ရှိသောမိန်းမနှင့် သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေးသွန်အနာကိုထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကိုခံရကြမည်။ 19 အဘ၏နှမ၊ အမိ၏ညီမနှင့် မသင့်မနေရ။ ထိုသို့သောပေါက်ဖော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကိုခံရကြမည်။ 20 အဘ၏ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ညီအစ်ကိုနှင့်သာ ဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တစ်သက်လုံး သားမရဘဲနေရလိမ့်မည်။ 21 ညီအစ်ကို၏မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။
22 သင်တို့ကိုငါပို့ဆောင်၍ နေရာချသောပြည်သည် မအော့အန်စေခြင်းငှာ၊ သင်တို့သည် ငါစီရင်ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။ 23 သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့မလိုက်ရ။ သူတို့သည် ထိုသို့သောအမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ၏။ 24 သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည် အမွေခံစေခြင်းငှာ ငါအပိုင်ပေးမည်ဟု ငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသောအမျိုးနှင့်ခွဲထားသော သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။ 25 ထိုအကြောင်းကြောင့်၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ စင်ကြယ်သောငှက်၊ မစင်ကြယ်သောငှက်တို့ကို ပိုင်းခြားရမည်။ ငါခွဲထားသည်အတိုင်း၊ မစင်ကြယ်သောသား၊ ငှက်၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်တစ်စုံတစ်ခုအားဖြင့် ကိုယ်ကိုကိုယ်ရွံရှာဖွယ်မဖြစ်စေရ။ 26 ငါထာဝရဘုရား သန့်ရှင်းသည်ဖြစ်၍၊ သင်တို့ကိုငါအလိုရှိသဖြင့်၊ အခြားသောအမျိုးနှင့် ခွဲထားသောကြောင့်၊ ငါ့အဖို့သန့်ရှင်းခြင်းရှိရကြမည်။ 27 ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နတ်ဝင်သောသူ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည်။ သူ၌ သေထိုက်သောအပြစ်ရှိသည်ဟု မိန့်တော်မူ၏။
1 L’Eterno parlò ancora a Mosè, dicendo: "Dirai ai figli d’Israele: 2 ‘Chiunque dei figli d’Israele o degli stranieri che soggiornano in Israele darà uno dei suoi figli a Moloc, dovrà essere messo a morte; il popolo del paese lo lapiderà. 3 E anche io volgerò la mia faccia contro quell’uomo, e lo eliminerò dal suo popolo, perché avrà dato uno dei suoi figli a Moloc per contaminare il mio santuario e profanare il mio santo nome. 4 Se il popolo del paese chiude gli occhi quando quell’uomo dà uno dei suoi figli a Moloc, e non lo mette a morte, 5 io volgerò la mia faccia contro quell’uomo e contro la sua famiglia, ed eliminerò dal suo popolo lui con tutti quelli che si prostituiscono, come lui, a Moloc. 6 E se qualche persona si volge agli spiriti e agli indovini per prostituirsi dietro di loro, io volgerò la mia faccia contro quella persona, e lo eliminerò dal suo popolo. 7 Santificatevi dunque e siate santi, perché io sono l’Eterno, il vostro Dio. 8 E osservate le mie leggi, e mettetele in pratica. Io sono l’Eterno che vi santifica. 9 Chiunque maledice suo padre o sua madre dovrà essere messo a morte; ha maledetto suo padre o sua madre; il suo sangue ricadrà su di lui. 10 Se uno commette adulterio con la moglie di un altro, se commette adulterio con la moglie del suo prossimo, l’adultero e l’adultera dovranno essere messi a morte. 11 Se uno si unisce alla moglie di suo padre, egli scopre la nudità di suo padre; entrambi dovranno essere messi a morte; il loro sangue ricadrà su loro. 12 Se uno si unisce a sua nuora, entrambi dovranno essere messi a morte; hanno commesso una cosa abominevole; il loro sangue ricadrà su di loro. 13 Se uno ha relazioni carnali con un uomo come si hanno con una donna, entrambi hanno commesso una cosa abominevole; dovranno essere messi a morte; il loro sangue ricadrà su di loro. 14 Se uno prende in moglie la figlia e la madre, è un delitto; si bruceranno con il fuoco lui e loro, affinché non si trovi fra voi nessun delitto. 15 L’uomo che si accoppia con una bestia, dovrà essere messo a morte; e ucciderete la bestia. 16 E se una donna si accosta a una bestia per prostituirsi con essa, ucciderai la donna e la bestia; entrambe dovranno essere messe a morte; il loro sangue ricadrà su di loro. 17 Se uno prende la propria sorella, figlia di suo padre o figlia di sua madre, e vede la nudità di lei e lei vede la nudità di lui è una infamia; entrambi saranno sterminati in presenza dei figli del loro popolo; quel tale ha scoperto la nudità della propria sorella; porterà la pena della sua iniquità. 18 Se uno si unisce a una donna che ha i suoi corsi mestruali, e scopre la nudità di lei, quel tale ha scoperto il flusso di quella donna, e lei ha scoperto il flusso del proprio sangue; perciò entrambi saranno eliminati dal loro popolo. 19 Non scoprirai la nudità della sorella di tua madre o della sorella di tuo padre; chi lo fa scopre la sua stretta parente; entrambi porteranno la pena della loro iniquità. 20 Se uno si unisce alla moglie di suo zio, scopre la nudità di suo zio; entrambi porteranno la pena del loro peccato; moriranno senza figli. 21 Se uno prende la moglie di suo fratello, è una impurità, egli ha scoperto la nudità di suo fratello; non avranno figli. 22 Osserverete dunque tutte le mie leggi e le mie prescrizioni, e le metterete in pratica, affinché il paese dove io vi conduco per abitarvi non vi vomiti fuori. 23 E non adotterete i costumi delle nazioni che io sto per scacciare davanti a voi; esse hanno fatto tutte quelle cose, e perciò le ho avute in abominio; 24 e vi ho detto: Sarete voi quelli che possederete il loro paese; ve lo darò come vostra proprietà; è un paese dove scorre il latte e il miele. Io sono l’Eterno, il vostro Dio, che vi ho separato dagli altri popoli. 25 Farete dunque distinzione fra gli animali puri e quelli impuri, fra gli uccelli impuri e quelli puri, e non renderete le vostre persone abominevoli, mangiando animali, uccelli, o cosa alcuna che striscia sulla terra, e che io vi ho fatto distinguere come impuri. 26 E mi sarete santi, perché io, l’Eterno, sono santo, e vi ho separati dagli altri popoli perché foste miei. 27 Se un uomo o una donna sono negromanti o indovini, dovranno essere messi a morte; saranno lapidati; il loro sangue ricadrà su di loro’".