1 သင်တို့သည် ငါ့ထံသို့ပေးလိုက်သောစာ၌ ပါသောအရာမှာ၊ ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲနေလျှင်၊- 2 ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယားရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့။- 3 ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။- 4 မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။- 5 အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကို ပြုရသောအခွင့် ရှိစေခြင်းငှာ၊ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကို မချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့ သွေးဆောင်ရသောအခွင့် မရှိစေခြင်းငှာ၊ နောက်တစ်ဖန် အတူနေကြလော့။- 6 သို့ရာတွင် ပညတ်မထားဘဲ အခွင့်ပေးခြင်းအားဖြင့်သာ ငါဆို၏။- 7 လူအပေါင်းတို့သည် ငါကဲ့သို့ဖြစ်စေခြင်းငှာ ငါအလိုရှိ၏။ သို့သော်လည်း၊ လူအသီးအသီးတို့သည် ဘုရားသခင် ပေးသနားတော်မူသည်အတိုင်း အသီးအသီးသော ဆုကျေးဇူးကို ခံရကြ၏။- 8 ထိုကြောင့် မယားမရှိသောသူတို့နှင့် မုဆိုးမတို့ကို ငါဆိုသည်ကား၊ ထိုသူတို့သည် ငါကဲ့သို့နေလျှင် ကောင်း၏။- 9 သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဖက်ခြင်းကို ပြုကြစေ။ ကိလေသာစိတ် ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်း ပြုသော် သာ၍ကောင်း၏။
10 ခင်ပွန်းရှိသော သူတို့ကိုလည်း၊ ငါပညတ်သည် သာမက၊ သခင်ဘုရား ပညတ်တော်မူသည်ကား၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။- 11 စွန့်ပစ်လျှင် ခင်ပွန်းမရှိဘဲနေစေ။ သို့မဟုတ်လျှင်၊ ခင်ပွန်းဟောင်းထံသို့ ပြန်၍ အသင့်အတင့်နေစေ။ ယောက်ျားသည်လည်း မိမိမယားနှင့် မကွာစေနှင့်။-မ၊ ၅:၃၂၊ ၁၉:၉။ မာ၊ ၁၀:၁၁-၁၂။ လု၊ ၁၆:၁၈။12 ကြွင်းသောသူတို့ကို သခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစ်စုံတစ်ယောက်သော ညီအစ်ကိုသည် မယုံကြည်သော မယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှာ အလိုရှိလျှင် မကွာစေနှင့်။- 13 ထိုနည်းတူ မိန်းမသည်လည်း၊ မယုံကြည်သော ခင်ပွန်းရှိ၍၊ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှာ အလိုရှိလျှင် မကွာစေနှင့်။- 14 အကြောင်းမူကား၊ မယုံကြည်သောလင်သည် မိမိမယားအဖို့ စင်ကြယ်၏။ မယုံကြည်သော မယားသည်လည်း မိမိလင်အဖို့ စင်ကြယ်၏။ သို့မဟုတ်လျှင် သင်တို့၏ သားသမီးသည် မစင်ကြယ်။ ယခုတွင် စင်ကြယ်ကြ၏။- 15 သို့သော်လည်း မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှာ ဘုရားသခင်၏ ပညတ်တော်ရှိ၏။- 16 အချင်းမိန်းမ၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့ သိသနည်း။ အချင်းယောက်ျား၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်။ မကယ်တည်မည်ကို အဘယ်သို့သိသနည်း။
17 သခင်ဘုရားသည် လူအသီးအသီးတို့အား ဝေငှတော်မူ၍၊ ဘုရားသခင်သည် လူအသီးအသီးတို့ကို ခေါ်တော်မူသည်နှင့်လျော်စွာ လူတိုင်းကျင့်နေစေ။ ခပ်သိမ်းသော အသင်းတော်တို့ကို ထိုသို့ငါပညတ်၏။- 18 အရေဖျားလှီးခြင်းကို ခံသောသူသည် ခေါ်တော်မူခြင်းကျေးဇူးကိုခံရလျှင်၊ အရေဖျားလှီးခြင်းကို မစွန့်စေနှင့်။ အရေဖျားလှီးခြင်းကို မခံသောသူသည်လည်း ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင်၊ အရေဖျားလှီးခြင်းကို မခံစေနှင့်။- 19 အရေဖျားလှီးခြင်းအားဖြင့် အကျိုးမရှိ။ မခံဘဲနေခြင်းအားဖြင့်လည်း အကျိုးမရှိ။ ဘုရားသခင်၏ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်းအားဖြင့်သာ အကျိုးရှိ၏။- 20 ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့ လူတိုင်းလုပ်နေစေ။- 21 အစေခံကျွန်ဖြစ်၍ ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင် စိုးရိမ်ခြင်းမရှိနှင့်။ သို့သော်လည်း လွတ်ခြင်းသို့ ရောက်နိုင်လျှင် လွတ်ရသောအခွင့်ကို သာ၍ သုံးဆောင်လော့။- 22 အကြောင်းမူကား ကျွန်ဖြစ်စဉ်၊ သခင်ဘုရား ခေါ်တော်မူခြင်းကို ခံရသောသူသည် သခင်ဘုရား၏ လူလွတ်ဖြစ်၏။ ထိုနည်းတူ လူလွတ်ဖြစ်စဉ်၊ ခေါ်တော်မူခြင်းကို ခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။- 23 သင်တို့သည် အဖိုးနှင့်ဝယ်တော်မူသောသူ ဖြစ်၍၊ လူထံ၌ အလိုအလျောက်ကျွန်မခံကြနှင့်။- 24 ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့ ဘုရားသခင့်ရှေ့တော်၌ လူတိုင်းလုပ်နေစေ။
25 ခင်ပွန်းမရှိသောသူတို့၏ အမှုမှာ၊ သခင်ဘုရား၏ပညတ်တော်သည် ငါ၌မရှိသော်လည်း၊ ငါသည် သစ္စာရှိသောသူ ဖြစ်အံ့သောငှာ၊ သခင်ဘုရား၏ ကျေးဇူးတော်ကို ခံရသောသူကဲ့သို့ စီရင်၏။- 26 စီရင်ချက်ဟူမူကား၊ ယခု ညှဉ်းဆဲခြင်း အကြောင်းကြောင့် ခင်ပွန်းမရှိလျှင် ကောင်း၏။- 27 သင်သည်မယားရှိလျှင် လွတ်စေခြင်းငှာ မကြံစည်နှင့်။ မယားနှင့်လွတ်လျှင် အခြားသောမယားကို မရှာနှင့်။- 28 သို့သော်လည်း သင်သည် မယားနေလျှင် အပြစ်မရှိ။ လင်မနေဖူးသော မိန်းမသည်လည်း လင်နေလျှင် အပြစ်မရှိ။ သို့သော်လည်း၊ ထိုသို့ပြုသောသူတို့သည် လောကညှဉ်းဆဲခြင်းဒုက္ခကို ခံရကြမည်။ ဤအမှုအရာ၌ ကျပ်တည်းစွာသော ပညတ်ကို ငါမထားလို။- 29 ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ ကျန်ကြွင်းသော ကာလသည် ကျဉ်းကျပ်သည်ဖြစ်၍၊ မယားရှိသောသူသည် မယားမရှိသကဲ့သို့ ဖြစ်ရမည်။- 30 ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက်သောသူသည် ဝမ်းမမြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ်သောသူသည် အလျှင်းမရှိသကဲ့သို့ ဖြစ်ရမည်။- 31 ဤလောကကို သုံးသောသူသည် မသုံးသကဲ့သို့ ဖြစ်ရမည်။ အကြောင်းမူကား၊ ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွား ကွယ်ပျောက်တတ်၏။- 32 သင်တို့သည် စိုးရိမ်ခြင်းနှင့် ကင်းလွတ်စေခြင်းငှာ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏ စိတ်တော်နှင့်တွေ့စေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။- 33 ခင်ပွန်းရှိသောသူမူကား၊ မိမိမယား၏စိတ်နှင့် တွေ့စေခြင်းငှာ လောကီအမှုကို သတိထားတတ်၏။- 34 ထိုနည်းတူ၊ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည် ခြားနားခြင်းရှိ၏။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏စိတ်နှင့် တွေ့စေခြင်းငှာ လောကီအမှုကို သတိထားတတ်၏။- 35 ထိုသို့ငါဆိုသော်၊ သင်တို့အကျိုးကိုသာ ထောက်၍ဆို၏။ သင်တို့ကို နှောင့်ယှက်ချင်သောစိတ်နှင့် ဆိုသည်မဟုတ်။ သင်တို့သည် လျောက်ပတ်စွာကျင့်၍ စိတ်ရှုပ်ထွေးခြင်းမရှိဘဲ၊ သခင်ဘုရား၏ဝတ်ကို အမြဲပြုစေခြင်းငှာသာ ဤသို့ဆို၏။
36 အပျိုကညာသည် ခင်ပွန်းမရှိဘဲ အသက်အရွယ်လွန်လျှင် မလျောက်ပတ်ဟု ထိုအပျိုကညာကို ပိုင်သောသူသည် ထင်မှတ်၍ ထိမ်းမြားစရာအကြောင်းလည်းရှိလျှင်၊ ထိုသူသည် အလိုအလျောက်ပြုစေ။ အပြစ်မရှိ ထိမ်းမြားကြစေ။- 37 သို့သော်လည်း မိမိစိတ်နှလုံးတည်ကြည်ခြင်းရှိ၍၊ ပြုလိုသည်အတိုင်း ပြုနိုင်သောအခွင့်နှင့် ကိုယ်စိတ်အလိုကို ချုပ်တည်းနိုင်သောအခွင့် ရှိသောကြောင့်၊ မထိမ်းမြားဘဲနေမည်ဟု ကိုယ်စိတ်နှလုံးထဲမှာ စီရင်ဆုံးဖြတ်သောသူသည် ကောင်းစွာပြု၏။- 38 သို့ရာတွင် မင်္ဂလာဆောင်သောသူသည် ကောင်းစွာပြု၏။ မဆောင်သောသူမူကား၊ သာ၍ ကောင်းစွာပြု၏။
39 မိန်းမသည် မိမိခင်ပွန်းမသေမီ ကာလပတ်လုံး တရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေလျှင်မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသောသူ၏ မယားဖြစ်ခြင်းငှာ အခွင့်ရှိ၏။ 40 အခွင့်ရှိသော်လည်း၊ အခြားသောသူ၏ မယား မဖြစ်ဘဲနေလျှင်၊ သာ၍ မင်္ဂလာရှိသည်ဟု ငါသဘောရှိ၏။ ငါ၌လည်း ဘုရားသခင်၏ ဝိညာဉ်တော်ရှိတော်မူသည်ဟု ငါစွဲလမ်းခြင်းစိတ်ရှိ၏။
1 No tocante às coisas sobre que me escrevestes, 1Co 7.8,26bom é que o homem não toque mulher; 2 mas, por causa das fornicações, cada um tenha sua mulher, e cada uma, seu marido. 3 O marido pague a sua mulher o que lhe deve, e, da mesma maneira, a mulher, ao marido. 4 A mulher não tem domínio sobre o seu corpo, mas, sim, o marido; e, da mesma forma, o marido não tem domínio sobre o seu corpo, mas, sim, a mulher. 5 Êx 19.15;1Sm 21.5Não vos defraudeis um ao outro, senão talvez de comum acordo por algum tempo, a fim de que vos dediqueis à oração e de novo vos junteis, para Mt 4.10que não vos tente Satanás por causa da vossa incontinência. 6 Mas digo isso por concessão, 2Co 8.8não como mandamento. 7 Contudo, desejo que todos os homens 1Co 7.8; cp.1Co 9.5sejam como eu; porém 1Co 12.4,11;Rm 12.6; cp.Mt 19.11s.cada um tem de Deus o seu próprio dom; um, na verdade, de um modo, outro, de outro.
8 Digo aos solteiros e às viúvas que lhes é bom se permanecerem assim como também eu. 9 Todavia, se não têm continência, cp.1Tm 5.14casem-se; porque melhor é casar do que abrasar-se. 10 Aos casados, porém, dou mandamento, 1Co 7.6; cp.Ml 2.16;Mt 5.32;19.3-9;Mc 10.2-12;Lc 16.18não eu, senão o Senhor: que a mulher se não separe do marido 11 (mas, se ela se separar, fique sem casar ou reconcilie-se com seu marido); e que o marido não deixe a sua mulher. 12 Porém aos outros digo 1Co 7.6; cp.2Co 11.17eu, não o Senhor: se um irmão tiver mulher incrédula, e esta consente em morar com ele, não a deixe; 13 e a mulher que tem marido incrédulo, e este consente em morar com ela, não deixe o marido. 14 Pois o marido incrédulo é santificado na mulher, e a mulher incrédula é santificada no irmão; de outra maneira, os vossos filhos seriam imundos, mas agora são Ed 9.2;Ml 2.15santos. 15 Mas, se o incrédulo se separa, que se separe; em tais casos, não está escravizado o irmão ou a irmã; mas Deus vos tem chamado cp.Rm 14.19em paz. 16 Pois, como sabes tu, ó mulher, 1Pe 3.1;Rm 11.14se salvarás a teu marido? Ou como sabes tu, ó marido, se salvarás a tua mulher? 17 Somente assim ande cada um, Rm 12.3conforme o Senhor lhe tenha repartido, cada um conforme Deus o tenha chamado. 1Co 4.17É isso o que ordeno em 1Co 14.33;2Co 8.18;11.28; cp.1Co 11.16;Gl 1.22;1Ts 2.14;2Ts 1.4todas as igrejas. 18 Foi chamado alguém, sendo circuncidado? Não se torne incircunciso. Foi chamado alguém em incircuncisão? At 15.1ss.Não seja circuncidado. 19 Gl 5.6;6.15;Cl 3.11; cp.Rm 2.27,29;Gl 3.28A circuncisão nada é, e também a incircuncisão nada é, senão Rm 2.25a guarda dos mandamentos de Deus. 20 1Co 7.24Cada um, na vocação em que foi chamado, nela permaneça. 21 Foste chamado, sendo escravo? Não te dê cuidado; mas, se podes ainda tornar-te livre, antes aproveita-te. 22 Pois o que foi chamado no Senhor, sendo escravo, Jo 8.32,36; cp.Fm 16é liberto do Senhor; da mesma maneira, o que foi chamado, sendo livre, é Ef 6.6;Cl 3.24;1Pe 2.16escravo de Cristo. 23 1Co 6.20Por preço fostes comprados; não vos torneis escravos de homens. 24 Cada um, irmãos, permaneça diante de Deus naquele estado em que foi chamado.
25 No tocante a virgens, 1Co 7.6não tenho mandamento do Senhor, mas dou o meu parecer como quem do Senhor 2Co 4.1;1Tm 1.13,16tem alcançado misericórdia para ser fidedigno. 26 Pois julgo que isso é bom em razão da cp.Lc 21.23;2Ts 2.2instante necessidade, a saber, 1Co 7.1,8é bom para o homem o estar assim. 27 Estás ligado a mulher? Não procures desligar-te; estás desligado de mulher, não procures mulher. 28 Entretanto, se casares, não pecaste; e, se a virgem se casar, não pecou; para esses tais, porém, haverá tribulação na carne, e eu quisera poupar-vos. 29 Mas isto digo, irmãos: Rm 13.11s.;1Co 7.31o tempo é abreviado; a fim de que, para o futuro, os que têm mulheres sejam como se não as tivessem; 30 os que choram sejam como se não chorassem; os que se alegram, como se não se alegrassem; os que compram, como se não possuíssem; 31 e os que usam deste mundo, como se dele não 1Co 9.18usassem em absoluto; porque 1Co 7.29;1Jo 2.17a figura deste mundo passa. 32 Quero, porém, que estejais livres de cuidado. O que é cp.1Tm 5.5solteiro cuida das coisas do Senhor, de como agrade ao Senhor; 33 mas aquele que está casado cuida das coisas do mundo, de como agrade a sua mulher, 34 e anda dividido. Também a mulher que não está casada e a virgem cuida das coisas do Senhor, para ser santa tanto no corpo como no espírito; a casada, porém, cuida das coisas do mundo, de como agrade a seu marido. 35 Digo isso para o vosso proveito; não para vos enredar, mas para o que é honesto e para que possais sem distração dedicar-vos ao Senhor. 36 Entretanto, se alguém julga que trata sem decoro a sua filha donzela, se ela tiver passado a flor da idade, e a necessidade assim o exige, faça o que quiser; não peca; casem-se. 37 Todavia, aquele que está firme no seu coração e não tem necessidade, mas tem domínio sobre a sua própria vontade e tem determinado em seu coração guardar donzela sua filha, bem fará. 38 De modo que, aquele que dá em casamento sua filha virgem faz bem; e o que não a dá fará melhor. 39 Rm 7.2A mulher está ligada, enquanto viver seu marido; mas, se o marido morrer, está livre para se casar com quem quiser, contanto que seja cp.2Co 6.14no Senhor. 40 Contudo, é mais feliz, 1Co 7.6; cp.7.25segundo o meu juízo, se permanecer como está; e penso que também eu tenho o Espírito de Deus.