20 ငါမမှာထားဘဲ ငါ့အခွင့်ကိုဆောင်၍ ရဲရင့်စွာ ဟောပြောသောပရောဖက်၊ အခြားတစ်ပါးသော ဘုရားအခွင့်နှင့် ဟောပြောသောပရောဖက်သည် အသေသတ်ခြင်းကို ခံရမည်ဟု ငါ့အားမိန့်တော်မူ၏။ 21 သင်ကလည်း ထာဝရဘုရားမိန့်တော်မူသည် မမူသည်ကို ငါတို့သည် အဘယ်သို့သိနိုင်သနည်းဟု တွေးတောလျှင်၊ 22 ပရောဖက်သည် ထာဝရဘုရား၏အခွင့်ကိုဆောင်၍ ဟောပြောသည်အတိုင်း အမှုမဖြစ်၊ ဟောပြောသောစကား မပြည့်စုံလျှင်၊ ထိုစကားကို ထာဝရဘုရားမိန့်တော်မမူ၊ ပရောဖက်သည် ရဲရင့်စွာဟောပြောပြီ။ သူ့ကို မကြောက်ရ။
Publicidade