Publicidade

Deuteronômio 27

ကျောက်တုံး​များ​အ​ပေါ်​ရေး​သော​ပ​ညတ်​တော်

1 တစ်​ဖန် မော​ရှေ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၌ အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ လူ​များ​တို့​ကို​မှာ​ထား​သည်​ကား၊ ယ​နေ့​ငါ​ထား​သ​မျှ​သော ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။ 2 သင်​သည် ယော်​ဒန်​မြစ်​ကို​ကူး၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့​ရောက်​သော​အ​ခါ၊ ကြီး​သော​ကျောက်​တို့​ကို ထူ​ထောင်၍ အင်္ဂ​တေ​နှင့်​မွမ်း​မံ​ရ​မည်။3 ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း သင့်​အား​ပေး​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ ဝင်​စား​အံ့​သော​ငှာ ကူး​သွား​ပြီး​မှ၊ ဤ​တ​ရား​စ​ကား​တော် အ​လုံး​စုံ​တို့​ကို ထို​ကျောက်​ပေါ်​မှာ ရေး​ထား​ရ​မည်။ 4 ယော်​ဒန်​မြစ်​ကို ကူး​ပြီး​မှ၊ ယ​နေ့​ငါ​မှာ​ထား​သော ကျောက်​တို့​ကို ဧ​ဗ​လ​တောင်​ပေါ်​မှာ ထူ​ထောင်၍ အင်္ဂ​တေ​နှင့်​မွမ်း​မံ​ရ​မည်။ 5 ထို​အ​ရပ်၌​လည်း သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ 6 ယဇ်​ပ​လ္လင်​ကို ကျောက်​နှင့်​တည်​ရ​မည်။ သံ​တန်​ဆာ​ကို မ​သုံး​ဆောင်​ဘဲ၊ မ​ကွဲ​မ​ပြတ်​သော​ကျောက်​တို့​နှင့် တည်​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​တို့​ကို ထို​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။7 မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို​လည်း ပူ​ဇော်၍၊ ထို​အ​ရပ်​တွင် စား​သောက်​လျက် ရှေ့​တော်၌​ပျော်​မွေ့​ခြင်း​ကို ပြု​ရ​မည်။ 8 ထို​ကျောက်​ပေါ်​မှာ ဤ​တ​ရား​စ​ကား​တော် အ​လုံး​စုံ​တို့​ကို သေ​ချာ​စွာ​ရေး​ထား​ရ​မည်​ဟု ပြော​ဆို​ကြ၏။ 9 တစ်​ဖန် မော​ရှေ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​သား​များ​တို့​က၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ သ​တိ​နှင့်​နား​ထောင်​လော့။ ယ​နေ့​သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ လူ​မျိုး​ဖြစ်​လေ​ပြီ။ 10 သို့​ဖြစ်၍၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်​ရ​မည်။ ယ​နေ့ ငါ​တို့​ဆင့်​ဆို​သော စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​တို့​ကို ကျင့်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ၏။

နား​မ​ထောင်​ခြင်း​အ​တွက်​ကျိန်​ဒဏ်

11 တစ်​ဖန် မော​ရှေ​သည် ထို​နေ့၌ လူ​များ​တို့​ကို​မှာ​ထား​သည်​မှာ၊ 12 သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး​သော​နောက်၊ လူ​များ​တို့​အား ကောင်း​ချီး​ပေး​ခြင်း​အ​လို​ငှာ ဂေ​ရ​ဇိမ်​တောင်​ပေါ်​မှာ ရပ်​ရ​သော​သူ​ဟူ​မူ​ကား၊ ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ၊ ယော​သပ်၊ ဗင်္ယာ​မိန်​တည်း။13 ကျိန်​ခြင်း​အ​လို​ငှာ၊ ဧ​ဗ​လ​တောင်​ပေါ်​မှာ ရပ်​ရ​သော​သူ​ဟူ​မူ​ကား၊ ရု​ဗင်၊ ဂဒ်၊ အာ​ရှာ၊ ဇာ​ဗု​လုန်၊ ဒန်၊ နဿ​လိ​တည်း။ 14 ထို​အ​ခါ လေ​ဝိ​သား​တို့​သည် ကြီး​သော​အ​သံ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဟစ်​ကြော်​ရ​သော​စ​ကား​ဟူ​မူ​ကား၊ 15 ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​သော​အ​ရာ၊ လက်​သ​မား​လက်​နှင့် ထု​လုပ်​သော​ရုပ်​တု၊ သွန်း​သော​ဆင်း​တု​ကို​လုပ်၍ မ​ထင်​ရှား​သော​အ​ရပ်၌ ထား​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။16 မိ​ဘ​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။17 အိမ်​နီး​ချင်း၏​မြေ​မှတ်​တိုင်​ကို ရွှေ့​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။18 မျက်​စိ​မ​မြင်​သော​သူ​ကို လမ်း​လွဲ​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု ဝန်​ခံ​ရ​ကြ​မည်။19 တ​ရား​တွေ့​ခြင်း​အ​မှု​မှာ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​ကို မ​တ​ရား​သ​ဖြင့် အ​ရှုံး​ပေး​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု ဝန်​ခံ​ရ​ကြ​မည်။20 အ​ဘ​နှင့်​သာ​ဆိုင်​သော အ​ဘ၏​မ​ယား​နှင့် ပေါင်း​ဖော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။21 တိ​ရ​စ္ဆာန်​တစ်​စုံ​တစ်​မျိုး​နှင့် ပေါင်း​ဖော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု ဝန်​ခံ​ရ​ကြ​မည်။22 အ​ဘ၏​သ​မီး၊ အ​မိ၏​သ​မီး​တည်း​ဟူ​သော မိ​မိ​အစ်​မ​နှ​မ​နှင့် ပေါင်း​ဖော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။23 မ​ယား၏​အ​မိ​နှင့် ပေါင်း​ဖော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။24 အိမ်​နီး​ချင်း​ကို မ​ထင်​မ​ရှား​ရိုက်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။ 25 အ​ပြစ်​မ​ရှိ​သော သူ၏​အ​သက်​ကို​သတ်​ခြင်း​ငှာ အ​ခ​ကို​ယူ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။ 26 ဤ​ပ​ညတ်​တ​ရား​စ​ကား​တို့​ကို အ​မြဲ​မ​ကျင့်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု​ဝန်​ခံ​ရ​ကြ​မည်။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-22_10-02-25-