Publicidade

Deuteronômio 22

1 သင့်​ညီ​အစ်​ကို၏ သိုး​နွား​သည် လမ်း​လွဲ​သည်​ကို ကြည့်၍​မ​နေ​ရ။ ညီ​အစ်​ကို​ထံ​သို့ ဆက်​ဆက်​ပြန်​ပို့​ရ​မည်။2 ညီ​အစ်​ကို ဝေး​သော်​လည်း​ကောင်း၊ သူ့​ကို မ​သိ​သော်​လည်း​ကောင်း၊ ထို​သိုး​နွား​ကို ကိုယ်​အိမ်​သို့ ဆောင်​ခဲ့​ရ​မည်။ ညီ​အစ်​ကို​သည် မ​ရှာ၊ သူ၌ မ​အပ်​မီ​တိုင်​အောင် ကိုယ်​အိမ်၌ ထား​ရ​မည်။ 3 မြည်း​ဖြစ်​စေ၊ အ​ဝတ်​ဖြစ်​စေ၊ ညီ​အစ်​ကို၏​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ပျောက်၍ သင်​တွေ့​မိ​လျှင်၊ ကြည့်၍​မ​နေ​ဘဲ ထို​အ​တူ​ပြု​ရ​မည်။ 4 ညီ​အစ်​ကို​၏ မြည်း​နွား​သည် လမ်း၌​လဲ​လျက်​ရှိ​သည်​ကို ကြည့်၍​မ​နေ​ရ။ ညီ​အစ်​ကို​နှင့်​ဝိုင်း၍ ဆက်​ဆက် မ​စ​ရ​မည်။

5 မိန်း​မ​သည် ယောက်ျား​အ​ဝတ်​ကို မ​ဝတ်​ရ။ ယောက်ျား​သည်​လည်း မိန်း​မ​အ​ဝတ်​ကို မ​ဝတ်​ရ။ ထို​သို့​ဝတ်​သော​သူ​ရှိ​သ​မျှ​တို့​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ 6 သစ်​ပင်​ပေါ် မြေ​ပေါ်​မှာ ငှက်​သိုက်၌​ငှက်​မ​သည် အ​ဥ​များ၊ သား​ငယ်​များ​ကို ဝပ်​လျက်​နေ​သည်​ကို တွေ့​လျှင်၊ သား​ငယ်​တို့​နှင့်​အ​တူ အ​မိ​ကို​မ​ယူ​ရ။ 7 သင်​သည် ကောင်း​စား၍ အ​သက်​တာ​ရှည်​မည် အ​ကြောင်း၊ သား​ငယ်​တို့​ကို သိမ်း​ယူ​လျှင်​လည်း အ​မိ​ကို​လွှတ်​လိုက်​ရ​မည်။ 8 လူ​သည် အိမ်​မိုး​ပေါ်​က​ကျ၍ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် မ​ရောက်​မည်​အ​ကြောင်း၊ အိမ်​အ​သစ်​ကို​ဆောက်​သော​အ​ခါ၊ အ​မိုး​နား​ပတ်​လည်၌ အ​ဆီး​အ​တား​ကို လုပ်​ရ​မည်။ 9 စ​ပျစ်​ဥ​ယျာဉ်၌ ခြား​နား​သော မျိုး​စေ့​တို့​ကို ရော​နှော၍ မ​ကြဲ​ရ။ ထို​သို့​ကြဲ​လျှင်၊ မျိုး​စေ့​အ​သီး၊ စ​ပျစ်​ပင် အ​သီး​နှစ်​ပါး​စ​လုံး ပျက်​လိမ့်​မည်။10 နွား​နှင့်​မြည်း​ကို ဖက်၍​လယ်​မ​ထွန်​ရ။ 11 ဝါ​နှင့်​သိုး​မွေး​ကို ရော​နှော၍ ရက်​သော​အ​ဝတ်​ကို မ​ဝတ်​ရ။ 12 သင်​ခြုံ​သော​အ​ဝတ်​စွန် လေး​ဘက်၌ ပန်း​ပွား​တို့​ကို​ဆွဲ​ရ​မည်။

ကာ​မ​စပ်​ယှက်​ခြင်း​ဆိုင်​ရာ​ပ​ညတ်

13 လူ​သည် မ​ယား​နှင့်​ထိမ်း​မြား​ဆက်​ဆံ​ပြီး​မှ၊ တစ်​ဖန် ထို​မိန်း​မ​ကို​မုန်း၍၊ 14 ငါ​သည် ဤ​မိန်း​မ​နှင့် ထိမ်း​မြား​ဆက်​ဆံ​သော​အ​ခါ၊ က​ညာ​မ​စစ်​ကြောင်း​ကို သိ​ရ​ပြီ​ဟု ထို​မိန်း​မ၌ ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ကို​ပြု၍ သူ့​အ​သ​ရေ​ကို​ဖျက်​လျှင်၊ 15 ထို​မိန်း​မ၏ မိ​ဘ​တို့​သည် က​ညာ၏ လ​က္ခ​ဏာ​သက်​သေ​ကို ဆောင်​လျက်၊ မြို့၌ အ​သက်​ကြီး​သူ​တို့​ရှိ​ရာ မြို့​တံ​ခါး​ဝ​သို့​သွား၍၊ 16 ထို​မိန်း​မ၏​အ​ဘ​က၊ အ​ကျွန်ုပ်​သ​မီး​ကို ဤ​လူ၌ အ​ကျွန်ုပ်​ပေး​စား​ပါ​ပြီ။ သူ​သည် အ​ကျွန်ုပ်​သ​မီး​ကို​မုန်း၍၊ 17 သင်၏​သ​မီး​သည် က​ညာ​မ​စစ်​ကြောင်း​ကို ငါ​တွေ့​ပြီ​ဟု​ဆို​လျက် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ကို ပြု​ပါ၏။ သို့​ရာ​တွင် ဤ​သည်​ကား၊ အ​ကျွန်ုပ်​သ​မီး၏ က​ညာ​လ​က္ခ​ဏာ​သက်​သေ ဖြစ်​ပါ၏​ဟု အ​သက်​ကြီး​သူ​တို့​အား လျှောက်​ဆို​လျက် ထို​အ​ဝတ်​ကို သူ​တို့​ရှေ့​မှာ​လှန်၍ ပြ​ရ​မည်။ 18 ထို​အ​ခါ မြို့၌ အ​သက်​ကြီး​သူ​တို့​သည် ထို​လူ​ကို​ယူ၍ ရိုက်​ပြီး​မှ၊ 19 ငွေ​တစ်​ပိဿာ​ကို လျော်​စေ၍၊ မိန်း​မ၏​အ​ဘ​အား ပေး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​က​ညာ၏​အ​သ​ရေ​ကို ထို​သူ​ဖျက်​လေ​ပြီ။ ထို​မိန်း​မ​သည် သူ၏​မ​ယား​ဖြစ်​ရ​မည်။ တစ်​သက်​လုံး ထို​မိန်း​မ​နှင့်​မ​ကွာ​ရ။ 20 သို့​မ​ဟုတ် လင်​စ​ကား​မှန်၍၊ ထို​မိန်း​မ၌ က​ညာ​လ​က္ခ​ဏာ​သက်​သေ​မ​ရှိ​လျှင်၊ 21 မြို့​သား​ယောက်ျား​တို့​သည် ထို​မိန်း​မ​ကို အ​ဘ​အိမ်​တံ​ခါး​သို့ ဆောင်​ခဲ့​ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် အ​ဘ​အိမ်၌ မ​တ​ရား​သော မေ​ထုန်​သို့​လိုက်၍ ဣ​သ​ရေ​လ​အ​မျိုး၌ မိုက်​မဲ​သော​အ​မှု​ကို ပြု​လေ​ပြီ။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​ရ​ကြ​မည်။

22 လင်​ရှိ​သော​မိန်း​မ​နှင့် အ​ခြား​သော​ယောက်ျား သင့်​နေ​သည်​ကို တွေ့​မိ​လျှင်၊ ထို​ယောက်ျား​နှင့် မိန်း​မ​နှစ်​ယောက်​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ ထို​သို့ ဒု​စ​ရိုက်​အ​ပြစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှား​ရ​မည်။ 23 အ​ပျို​က​ညာ​ကို ယောက်ျား​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​မှ၊ အ​ခြား​သော​ယောက်ျား​သည် မြို့​ထဲ​မှာ​တွေ့၍ သင့်​နေ​လျှင်၊ 24 ထို​သူ​နှစ်​ယောက်​တို့​ကို မြို့​တံ​ခါး​ဝ​သို့ ထုတ်​ဆောင်​ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ မိန်း​မ​သည် မြို့​ထဲ​မှာ​ရှိ​လျက်​ပင် မ​အော်​မ​ဟစ်​သော​ကြောင့်​လည်း​ကောင်း၊ ယောက်ျား​လည်း သူ့​မ​ယား​ကို ရှုတ်​ချ​သော​ကြောင့်​လည်း​ကောင်း၊ ထို​သူ​နှစ်​ယောက်​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​ရ​ကြ​မည်။ 25 အ​ပျို​ကို ယောက်ျား​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​မှ အ​ခြား​သော ယောက်ျား​သည် တော၌​တွေ့၍ အ​နိုင်​အ​ထက်​ပြု​လျှင်၊ ထို​ယောက်ျား​တစ်​ယောက်​တည်း​ကို​သာ အ​သေ​သတ်​ရ​မည်။ 26 သေ​ထိုက်​သော​အ​ပြစ် မ​ရှိ​သော​ထို​မိန်း​မ​ကို သင်​သည် အ​ဘယ်​သို့​မျှ​မ​ပြု​ရ။ 27 အ​ကြောင်း​မူ​ကား၊ ယောက်ျား​သည် ထို​မိန်း​မ​ကို တော၌​တွေ့၍ မိန်း​မ​အော်​ဟစ်​သော်​လည်း ကူ​ညီ​သော​သူ​မ​ရှိ​သော​ကြောင့်၊ ထို​အ​မှု​သည် လူ​ချင်း​တစ်​ယောက်​ကို တစ်​ယောက် ရန်​ပြု၍​သတ်​သော​အ​မှု​နှင့်​တူ၏။ 28 ယောက်ျား​နှင့် မ​ထိမ်း​မြား​မ​ဆောင်​နှင်း​သေး​သော အ​ပျို​က​ညာ​ကို အ​ခြား​သော​ယောက်ျား​သည်​တွေ့၍ ကိုင်​ဆွဲ​သင့်​နေ​သည်​ကို တွေ့​မိ​လျှင်၊29 ထို​ယောက်ျား​သည် မိန်း​မ၏​အ​ဘ​အား ငွေ​ငါး​ဆယ်​ကို လျော်​ရ​မည်။ ထို​မိန်း​မ​သည်​လည်း သူ၏​မ​ယား​ဖြစ်​ရ​မည်။ သူ့​ကို​ရှုတ်​ချ​သော​ကြောင့် တစ်​သက်​လုံး မ​ကွာ​ရ။ 30 လူ​သည် မိ​မိ​အ​ဘ​နှင့်​သာ​ဆိုင်​သော အ​ဘ၏​မ​ယား​ကို မ​သိမ်း​ရ။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-18_14-04-22-