Pular para o conteúdo
Publicidade

တရားဟောရာ 22

ကာ​မ​စပ်​ယှက်​ခြင်း​ဆိုင်​ရာ​ပ​ညတ်

13 လူ​သည် မ​ယား​နှင့်​ထိမ်း​မြား​ဆက်​ဆံ​ပြီး​မှ၊ တစ်​ဖန် ထို​မိန်း​မ​ကို​မုန်း၍၊ 14 ငါ​သည် ဤ​မိန်း​မ​နှင့် ထိမ်း​မြား​ဆက်​ဆံ​သော​အ​ခါ၊ က​ညာ​မ​စစ်​ကြောင်း​ကို သိ​ရ​ပြီ​ဟု ထို​မိန်း​မ၌ ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ကို​ပြု၍ သူ့​အ​သ​ရေ​ကို​ဖျက်​လျှင်၊ 15 ထို​မိန်း​မ၏ မိ​ဘ​တို့​သည် က​ညာ၏ လ​က္ခ​ဏာ​သက်​သေ​ကို ဆောင်​လျက်၊ မြို့၌ အ​သက်​ကြီး​သူ​တို့​ရှိ​ရာ မြို့​တံ​ခါး​ဝ​သို့​သွား၍၊ 16 ထို​မိန်း​မ၏​အ​ဘ​က၊ အ​ကျွန်ုပ်​သ​မီး​ကို ဤ​လူ၌ အ​ကျွန်ုပ်​ပေး​စား​ပါ​ပြီ။ သူ​သည် အ​ကျွန်ုပ်​သ​မီး​ကို​မုန်း၍၊ 17 သင်၏​သ​မီး​သည် က​ညာ​မ​စစ်​ကြောင်း​ကို ငါ​တွေ့​ပြီ​ဟု​ဆို​လျက် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ကို ပြု​ပါ၏။ သို့​ရာ​တွင် ဤ​သည်​ကား၊ အ​ကျွန်ုပ်​သ​မီး၏ က​ညာ​လ​က္ခ​ဏာ​သက်​သေ ဖြစ်​ပါ၏​ဟု အ​သက်​ကြီး​သူ​တို့​အား လျှောက်​ဆို​လျက် ထို​အ​ဝတ်​ကို သူ​တို့​ရှေ့​မှာ​လှန်၍ ပြ​ရ​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também