Pular para o conteúdo
Publicidade

ထွက်မြောက်ရာ 12

24 သင်​တို့​နှင့် သင်​တို့၏​သား​များ​၌ ပ​ညတ်​တော်​ရှိ​သည်​ဖြစ်၍၊ ဤ​အ​မှု​ကို အ​စဉ်​အ​မြဲ​စောင့်​ရ​ကြ​မည်။ 25 က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​လ​တ္တံ့​သော​ပြည်​သို့ သင်​တို့​သည်​ရောက်​ကြ​သော​အ​ခါ ဤ​ဝတ်​ကို​ပြု​ရ​မည်။ 26 သင်​တို့၏​သား​မြေး​တို့​က၊ ဤ​ဝတ်​ကို​ပြု၍ အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊ 27 ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​လူ​တို့​ကို​ဒဏ်​ခတ်၍၊ ငါ​တို့​အိမ်​များ​ကို ချမ်း​သာ​ပေး​တော်​မူ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏​အိမ်​များ​ကို လွန်​သွား​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ပ​သ​ခါ​ယဇ်​ဖြစ်​သ​တည်း​ဟု ပြန်​ပြော​ရ​ကြ​မည်​ဟု မော​ရှေ​ဆို​ပြီး​လျှင်၊ ထို​သူ​တို့​သည်​ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ​၏။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.